Local News

ကိုဗစ္ ေရာဂါ ျပင္း သူမ်ား ေဆး ႐ုံ မွာ ရက္ (၂၀) ပဲ ေနရ ၿပီး ဆင္းခြင့္ ျပဳမယ္

Written by Ms Cele

ကိုဗစ္ ေရာဂါ ျပင္း သူမ်ား ေဆး ႐ုံ မွာ ရက္ (၂၀) ပဲ ေနရ ၿပီး ဆင္းခြင့္ ျပဳမယ္

ကိုဗစ္ ဓာတ္ခြဲ အတည္ျပဳလူနာအား ေဆး႐ုံ ဆင္းခြင့္ျပဳရန္ ရက္မ်ားကို ေျပာင္းလဲ သတ္မွတ္လိုက္ၿပီး ေရာဂါျပင္း သူမ်ား ေဆး႐ုံတြင္ ရက္ ၂၀ ေနရမယ္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ပါတယ္။

က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန ဗဟိုကူးစက္ တိုက္ဖ်က္ေရးဌာန ညႊန္ၾကားေရးမႉး ေဒါက္တာ ခင္ခင္ႀကီးက “ ေဆး႐ုံဆင္း သတ္မွတ္ခ်က္ တြင္ ေဆး႐ုံဆင္းရက္ ကိုေျပာင္းလဲ သတ္မွတ္လိုက္သည့္ အတြက္ေဆး႐ုံဆင္း လူနာအေရအတြက္ မ်ားလာမည္ျဖစ္ပါတယ္” လို႔ဆိုပါတယ္။

က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနက ကုသေရး ဦးစီးဌာနက က ေရာဂါ လကၡဏာ သာမန္/အသင့္အတင့္ရွိသူ ေဆး႐ုံတြင္ ၁၁ ရက္ေနၿပီး ေဆး႐ုံမွ ဆင္းရမည္ျဖစ္ၿပီး ေရာဂါျပင္းသူ ေဆး႐ုံတြင္ ၂၀ ရက္ေနၿပီး ေဆး႐ုံမွ ဆင္းရမည္ျဖစ္ကာ ေရာဂါ လကၡဏာမျပသူ (ဓာတ္ခြဲနမူနာ ယူသည့္ရက္မွ စေရတြက္ရန္) ေဆး႐ုံတြင္ ၁၀ ရက္ေနၿပီး ေဆး႐ုံမွ ဆင္းခြင့္ရရွိမွာျဖစ္တယ္ လို႔ ထုတ္ျပန္ထား ပါတယ္

#MyanmaPlatform #News #Domestic

ကိုဗစ် ရောဂါ ပြင်း သူများ ဆေး ရုံ မှာ ရက် (၂၀) ပဲ နေရ ပြီး ဆင်းခွင့် ပြုမယ်

ကိုဗစ် ဓာတ်ခွဲ အတည်ပြုလူနာအား ဆေးရုံ ဆင်းခွင့်ပြုရန် ရက်များကို ပြောင်းလဲ သတ်မှတ်လိုက်ပြီး ရောဂါပြင်း သူများ ဆေးရုံတွင် ရက် ၂၀ နေရမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဗဟိုကူးစက် တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက “ ဆေးရုံဆင်း သတ်မှတ်ချက် တွင် ဆေးရုံဆင်းရက် ကိုပြောင်းလဲ သတ်မှတ်လိုက်သည့် အတွက်ဆေးရုံဆင်း လူနာအရေအတွက် များလာမည်ဖြစ်ပါတယ်” လို့ဆိုပါတယ်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကုသရေး ဦးစီးဌာနက က ရောဂါ လက္ခဏာ သာမန်/အသင့်အတင့်ရှိသူ ဆေးရုံတွင် ၁၁ ရက်နေပြီး ဆေးရုံမှ ဆင်းရမည်ဖြစ်ပြီး ရောဂါပြင်းသူ ဆေးရုံတွင် ၂၀ ရက်နေပြီး ဆေးရုံမှ ဆင်းရမည်ဖြစ်ကာ ရောဂါ လက္ခဏာမပြသူ (ဓာတ်ခွဲနမူနာ ယူသည့်ရက်မှ စရေတွက်ရန်) ဆေးရုံတွင် ၁၀ ရက်နေပြီး ဆေးရုံမှ ဆင်းခွင့်ရရှိမှာဖြစ်တယ် လို့ ထုတ်ပြန်ထား ပါတယ်

#MyanmaPlatform #News #Domestic

About the author

Ms Cele

Leave a Comment