Local News

ကိုဗစ္ ေၾကာင့္ ထိခိုက္ သြားတဲ့ ျမန္မာ ျပည္က လုပ္ငန္း မ်ားႏွင့္ အလုပ္ျပဳတ္ ကုန္တဲ့ ဝန္ထမ္း ေတြ

Written by Ms Cele

ကိုဗစ္ ေၾကာင့္ ထိခိုက္ သြားတဲ့ ျမန္မာ ျပည္က လုပ္ငန္း မ်ားႏွင့္ အလုပ္ျပဳတ္ ကုန္တဲ့ ဝန္ထမ္း ေတြ

ကိုဗစ္က ခရီးသြား လုပ္ငန္းေတြ ထိတယ္ဗ်ာ၊ ႏွစ္တရာမွာ တခါမွ မၾကဳံဖူးတဲ့ႏႈံး နဲ႔ ကို ထိတာ။ အလြန္က်စ္လစ္ သိပ္သည္းတဲ့ လုပ္ငန္းစုဟာ ဖြာလန္ၾကဲ သြားတာပဲ။ အခု ကုမၸဏီ ေတြမွာ ဝန္ထမ္းေတြ မရွိေတာ့လို႔ ျမန္မာျပည္ထဲ တေန႔ လူတေထာင္လာမယ္ဆိုေတာင္ ဘယ္ကုမၸဏီမွ ဝန္ေဆာင္မႈမေပးနိုင္ေတာ့ဘူး။

ဟိုတယ္ေတြထိတယ္ဗ်ာ၊ ဟိုတယ္ေတြမွာ ကိုဗစ္ လူနာ ထားရတဲ့ ေဆး႐ုံေတြ စင္တာေတြ တျဖစ္လဲ သြားၿပီ။ ဟိုတယ္ဆိုတာ အရင္းအႏွီး အလြန္ႀကီးတဲ့ ျမဳပ္ႏွံမႈေတြပါ.. ၁၀ ႏွစ္ေနလို႔အရင္းမေၾကဘူး။ တနိုင္ငံလုံး တလုံးမက်န္ အကုန္ရပ္သြားတယ္။ ဝန္ထမ္းေတြေကာ? တလတသိန္းေလာက္ေထာက္ပံ့ေၾကးေပးၿပီး ဆက္ခန္႔ထားရင္ အလြန္ေတာ္တဲ့ ပုဂၢိဳလ္မို႔ပဲ။ လူ သိန္းခ်ီ အလုပ္ျပဳတ္သြားတာ။

ဧည့္လမ္းညႊန္ေတြ….. လႈပ္ေတာင္မ လႈပ္နိုင္ၾကေတာ့ဘူး၊ တလ သိန္း ၂၀၊ ၃၀ ဝင္ေနတဲ့ ဥာဏသမားေတြ… တလ သုံးေလးသိန္းဝင္ဖို႔ ကာယအားကိုးၿပီး delivery ပို႔တဲ့ လူ ပို႔ေနၾကၿပီ။

ဘုရားေဈးသည္ေတြ သူတို႔ေရာင္းေနၾက ပန္းနံမည္ ေတာင္ ေမ့ကုန္ၾကၿပီ ထင္ရဲ့။

ေလေၾကာင္းလိုင္းေတြ ကားလိုင္းေတြ… တေန႔တခါ စက္ႏွိုးခ ဆီဖိုးေတာင္ ဘဏ္မွာ ေခ်းရေတာ့မယ္ဗ်။ အေတာ္ဆိုးသကိုး။

ဂီတ ႐ုပ္ရွင္ သဘင္ အႏုပညာ သမားေတြ ထိခ်က္က ေခါင္းတည့္တည့္ ပဲ။ ႐ုပ္ေခ်ာႀကီး ေတြနဲ႔ ၾကမ္းေနၾကရၿပီ။ အြန္လိုင္း ေဈးကြက္ေတြထဲ ဟိုတစ ဒီတစ တိုးဝင္ ၾကသူကလြဲရင္ ဆယ္လီေတြ မျမင္ရတာေတာင္ၾကာေပါ့။ အသုံးႀကီးတဲ့လူေတြ ဘယ္လိုရပ္တည္ေနၾကသလဲ ရင္ေလးစရာ။

စားေသာက္ဆိုင္ေတြ… အို ဘာေျပာေကာင္းမလဲ… ဆိုင္ငွားခက ေဈးႀကီးရတဲ့အထဲ ႏွဲသမားပါးလို ပိန္လိုက္ေဖါင္းလိုက္… ဖြင့္လိုက္ပိတ္လိုက္…. သားငါးပစၥည္းေတြမသိုးမပုပ္ေအာင္ စီမံရတာတမ်ိဳး၊ စားပြဲထိုးေလးေတြ ရြာျပန္ပို႔ရ တာတမ်ိဳး၊ ျပန္ေခၚရတာတမ်ိဳး….

ေဆာက္လုပ္ ေရးေတြ… ရန္ကုန္ ၿမိဳ႕ကို ၾကည့္လိုက္… အလုပ္လုပ္ေနတဲ့ တာဝါကရိမ္းရွိရင္ ေၾကးဖြင့္ ေလာင္းမယ္ လို႔ ေလာင္းလိုက္….ေလတိုက္လို႔လႈပ္ေနတာပဲေတြ႕ရမယ္။ ယာယီေဆး႐ုံေဆာက္တာကလြဲလို႔… ေဆာက္လုပ္ေရးစီးပြားေရးေတြ ရပ္ေနတာ ၾကာၿပီ။

ပညာေရး… အို ေက်ာင္းေတြ ႏွစ္ေပါက္ေအာင္ပိတ္မွာ။ ဘာမွမပူနဲ႔၊ သားသမီးနဲ႔သာ ေန႔တိုင္း ရန္ျဖစ္ဖို႔ျပင္ထား။

ကုန္စည္စီးဆင္းမႈ… အခုမွ ဖာ တုန္း ေထးတုန္း… ဟိုကအဝင္မခံ ဒီက အဝင္မခံ။ ကားသမားေတြကလည္း ကုန္စည္နဲ႔အတူ ကိုဗစ္ပါတြဲ ဝယ္ေနရရွာ။

အထည္ခ်ဳပ္၊ ကုန္စည္ထုတ္ လုပ္ငန္းေတြ…. ပိတ္ခါ ဖြင့္တလွည့္၊ ဟိုအဖြဲ႕က လာၿခိမ္းေျခာက္၊ ဒီအဖြဲ႕က ျပႆနာရွာ၊ ဝန္ထမ္းစားဝတ္ေနေရးကတမ်ိဳး၊ ရပ္တည္ဖို႔ကတမ်ိဳး၊ အမိန္႔ေတြ ေၾကျငာခ်က္ေတြဘာသာျပန္ဖို႔ ႐ုံးမွာ ျမန္မာစာ ဆရာငွားထားရတာ။

တကၠစီ အငွားယာဥ္ လုပ္ငန္းေတြ.. လူ လူ ခ်င္းမယုံရတဲ့ ေရာဂါပါဆို၊ လူမရတာပဲ ေက်းဇူးတင္ေနရမဲ့ပုံဗ်။ အျပင္ထြက္တဲ့လူမရွိေတာ့ အင္ဂ်င္ဝိုင္ေတာင္ မလဲနိုင္ၾကဘူး။

ဘီယာ ကုမၸဏီေတြ … အေတာ္ရႈံးဆိုပဲဗ်။ ခ်ကြာ နဲ႔ ခ်ီးယားေတြ ေပ်ာက္ေနတာ ၆ လဆိုေတာ့…

ေရွ႕ေန၊ အႀကံေပး၊ ဝန္ေဆာင္မႈ ကုမၸဏီေတြ…. အိမ္ထဲေနမွ ေတာ့ ဘာ အမႈမွ မက်ဴးလြန္သလို ဘာအႀကံေတာင္းစရာလိုမလဲဗ်၊ အႀကံေပးမယ့္ မေဟသီ ဒါလင္ က ၂၄ နာရီ ေဘးမွာ။

ဆရာဝန္ေတြ… ရွစ္ႏွစ္သင္ခဲ့တဲ့ လူနာကုတဲ့ပညာ၊ ရွစ္စကၠန္႔နဲ႔ သူတို႔ပါ လူနာျဖစ္သြား နိုင္တယ္။ ေဆးမရွိေရာဂါ၊ မကုမျဖစ္လို႔သာ ကုေနၾကတာ၊ ပင္ပန္းလွၿပီ။ ဘယ္သူမွ မကုခ်င္ဘူး။

ဒီလုပ္ငန္းေတြေကာင္းဖို႔ ေနာက္အစိုးရ ဘယ္လိုျပန္ ဆယ္မလဲ ဆိုတာ အေတာ္ စိတ္ဝင္စားတယ္၊ ေရႊေက်ာင္းေျပာင္ေျပာင္ ဝမ္းေခါင္ေခါင္ ေတြ ျဖစ္ေနၿပီ။ ေနာက္ အစိုးရက ဒီလူေတြကို မၾကည့္ေတာ့ပဲ ဘတ္ဂ်က္မရွိဘူးဆိုၿပီး ပစ္ခ် လိုက္ရင္ေတာ့ မွန္ကင္းေတြ ထင္း ျဖစ္ကုန္မွာ အမ်ားႀကီးဗ်ာ။

Kyaw Swa Min

ကိုဗစ် ကြောင့် ထိခိုက် သွားတဲ့ မြန်မာ ပြည်က လုပ်ငန်း များနှင့် အလုပ်ပြုတ် ကုန်တဲ့ ဝန်ထမ်း တွေ

ကိုဗစ်က ခရီးသွား လုပ်ငန်းတွေ ထိတယ်ဗျာ၊ နှစ်တရာမှာ တခါမှ မကြုံဖူးတဲ့နှုံး နဲ့ ကို ထိတာ။ အလွန်ကျစ်လစ် သိပ်သည်းတဲ့ လုပ်ငန်းစုဟာ ဖွာလန်ကြဲ သွားတာပဲ။ အခု ကုမ္ပဏီ တွေမှာ ဝန်ထမ်းတွေ မရှိတော့လို့ မြန်မာပြည်ထဲ တနေ့ လူတထောင်လာမယ်ဆိုတောင် ဘယ်ကုမ္ပဏီမှ ဝန်ဆောင်မှုမပေးနိုင်တော့ဘူး။

ဟိုတယ်တွေထိတယ်ဗျာ၊ ဟိုတယ်တွေမှာ ကိုဗစ် လူနာ ထားရတဲ့ ဆေးရုံတွေ စင်တာတွေ တဖြစ်လဲ သွားပြီ။ ဟိုတယ်ဆိုတာ အရင်းအနှီး အလွန်ကြီးတဲ့ မြုပ်နှံမှုတွေပါ.. ၁၀ နှစ်နေလို့အရင်းမကြေဘူး။ တနိုင်ငံလုံး တလုံးမကျန် အကုန်ရပ်သွားတယ်။ ဝန်ထမ်းတွေကော? တလတသိန်းလောက်ထောက်ပံ့ကြေးပေးပြီး ဆက်ခန့်ထားရင် အလွန်တော်တဲ့ ပုဂ္ဂိုလ်မို့ပဲ။ လူ သိန်းချီ အလုပ်ပြုတ်သွားတာ။

ဧည့်လမ်းညွှန်တွေ….. လှုပ်တောင်မ လှုပ်နိုင်ကြတော့ဘူး၊ တလ သိန်း ၂၀၊ ၃၀ ဝင်နေတဲ့ ဉာဏသမားတွေ… တလ သုံးလေးသိန်းဝင်ဖို့ ကာယအားကိုးပြီး delivery ပို့တဲ့ လူ ပို့နေကြပြီ။

ဘုရားဈေးသည်တွေ သူတို့ရောင်းနေကြ ပန်းနံမည် တောင် မေ့ကုန်ကြပြီ ထင်ရဲ့။

လေကြောင်းလိုင်းတွေ ကားလိုင်းတွေ… တနေ့တခါ စက်နှိုးခ ဆီဖိုးတောင် ဘဏ်မှာ ချေးရတော့မယ်ဗျ။ အတော်ဆိုးသကိုး။

ဂီတ ရုပ်ရှင် သဘင် အနုပညာ သမားတွေ ထိချက်က ခေါင်းတည့်တည့် ပဲ။ ရုပ်ချောကြီး တွေနဲ့ ကြမ်းနေကြရပြီ။ အွန်လိုင်း ဈေးကွက်တွေထဲ ဟိုတစ ဒီတစ တိုးဝင် ကြသူကလွဲရင် ဆယ်လီတွေ မမြင်ရတာတောင်ကြာပေါ့။ အသုံးကြီးတဲ့လူတွေ ဘယ်လိုရပ်တည်နေကြသလဲ ရင်လေးစရာ။

စားသောက်ဆိုင်တွေ… အို ဘာပြောကောင်းမလဲ… ဆိုင်ငှားခက ဈေးကြီးရတဲ့အထဲ နှဲသမားပါးလို ပိန်လိုက်ဖေါင်းလိုက်… ဖွင့်လိုက်ပိတ်လိုက်…. သားငါးပစ္စည်းတွေမသိုးမပုပ်အောင် စီမံရတာတမျိုး၊ စားပွဲထိုးလေးတွေ ရွာပြန်ပို့ရ တာတမျိုး၊ ပြန်ခေါ်ရတာတမျိုး….

ဆောက်လုပ် ရေးတွေ… ရန်ကုန် မြို့ကို ကြည့်လိုက်… အလုပ်လုပ်နေတဲ့ တာဝါကရိမ်းရှိရင် ကြေးဖွင့် လောင်းမယ် လို့ လောင်းလိုက်….လေတိုက်လို့လှုပ်နေတာပဲတွေ့ရမယ်။ ယာယီဆေးရုံဆောက်တာကလွဲလို့… ဆောက်လုပ်ရေးစီးပွားရေးတွေ ရပ်နေတာ ကြာပြီ။

ပညာရေး… အို ကျောင်းတွေ နှစ်ပေါက်အောင်ပိတ်မှာ။ ဘာမှမပူနဲ့၊ သားသမီးနဲ့သာ နေ့တိုင်း ရန်ဖြစ်ဖို့ပြင်ထား။

ကုန်စည်စီးဆင်းမှု… အခုမှ ဖာ တုန်း ထေးတုန်း… ဟိုကအဝင်မခံ ဒီက အဝင်မခံ။ ကားသမားတွေကလည်း ကုန်စည်နဲ့အတူ ကိုဗစ်ပါတွဲ ဝယ်နေရရှာ။

အထည်ချုပ်၊ ကုန်စည်ထုတ် လုပ်ငန်းတွေ…. ပိတ်ခါ ဖွင့်တလှည့်၊ ဟိုအဖွဲ့က လာခြိမ်းခြောက်၊ ဒီအဖွဲ့က ပြဿနာရှာ၊ ဝန်ထမ်းစားဝတ်နေရေးကတမျိုး၊ ရပ်တည်ဖို့ကတမျိုး၊ အမိန့်တွေ ကြေငြာချက်တွေဘာသာပြန်ဖို့ ရုံးမှာ မြန်မာစာ ဆရာငှားထားရတာ။

တက္ကစီ အငှားယာဉ် လုပ်ငန်းတွေ.. လူ လူ ချင်းမယုံရတဲ့ ရောဂါပါဆို၊ လူမရတာပဲ ကျေးဇူးတင်နေရမဲ့ပုံဗျ။ အပြင်ထွက်တဲ့လူမရှိတော့ အင်ဂျင်ဝိုင်တောင် မလဲနိုင်ကြဘူး။

ဘီယာ ကုမ္ပဏီတွေ … အတော်ရှုံးဆိုပဲဗျ။ ချကွာ နဲ့ ချီးယားတွေ ပျောက်နေတာ ၆ လဆိုတော့…

ရှေ့နေ၊ အကြံပေး၊ ဝန်ဆောင်မှု ကုမ္ပဏီတွေ…. အိမ်ထဲနေမှ တော့ ဘာ အမှုမှ မကျူးလွန်သလို ဘာအကြံတောင်းစရာလိုမလဲဗျ၊ အကြံပေးမယ့် မဟေသီ ဒါလင် က ၂၄ နာရီ ဘေးမှာ။

ဆရာဝန်တွေ… ရှစ်နှစ်သင်ခဲ့တဲ့ လူနာကုတဲ့ပညာ၊ ရှစ်စက္ကန့်နဲ့ သူတို့ပါ လူနာဖြစ်သွား နိုင်တယ်။ ဆေးမရှိရောဂါ၊ မကုမဖြစ်လို့သာ ကုနေကြတာ၊ ပင်ပန်းလှပြီ။ ဘယ်သူမှ မကုချင်ဘူး။

ဒီလုပ်ငန်းတွေကောင်းဖို့ နောက်အစိုးရ ဘယ်လိုပြန် ဆယ်မလဲ ဆိုတာ အတော် စိတ်ဝင်စားတယ်၊ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် တွေ ဖြစ်နေပြီ။ နောက် အစိုးရက ဒီလူတွေကို မကြည့်တော့ပဲ ဘတ်ဂျက်မရှိဘူးဆိုပြီး ပစ်ချ လိုက်ရင်တော့ မှန်ကင်းတွေ ထင်း ဖြစ်ကုန်မှာ အများကြီးဗျာ။

Kyaw Swa Min

About the author

Ms Cele

Leave a Comment