Local News


Written by Ms Cele






ဘာလို့လဲဆိုတော့..






Dr-Ready

ကိုဗစ် ဖြစ်ခဲ့ ဖူးတဲ့ သူတွေ ကို လုပ်ငန်း ခွင်မှာ ရှောင်ဖယ် ရှောင်ဖယ် လုပ် နေ ကြတဲ့ သူတွေ သိ ဖို့

အခုတလော positive ဖြစ်ခဲ့ဖူးတဲ့မိတ်ဆွေအများစု လာတိုင်ပင် ကြတယ်…

Positive ဖြစ်ခဲ့တဲ့ အတွက် သူတို့ လုပ်ငန်းခွင် ကို ပြန်ဝင်တဲ့ နေရာမှာ အခက်အခဲရှိနေတယ်… တချို့လူတွေက ဝမ်းပမ်း တသာ လက်ခံပေမယ့် တချို့ လူတွေက ရှောင်ဖယ် ရှောင်ဖယ် လုပ်ကြတယ်ပေါ့.. အဲ့အတွက်ကြောင့် သူတို့ စိတ်မကောင်းဘူး ဆိုတာရယ်..ဘယ်လိုမျိုး ပြောရမလဲဆိုတာ လာတိုင်ပင်ကြတာပေါ့…

ဟုတ်ကဲ့.. Positive ဖြစ် ခဲ့တယ် ဆိုတာ ဖြစ်ချင်လို့ ဘယ်သူမှ ဖြစ်ခဲ့တာ မဟုတ်ပါဘူး ဆိုတာ သိစေချင်ပါတယ်… သင်လည်း တနေ့ဖြစ်နိုင်ပါတယ်..

Positive Result ထွက်တာနဲ့ ၁၁ ရက်တိတိ သက်ဆိုင်ရာ ဆေးရုံမှာ ဆေးကုသမှု စောင့်ကြည့်ခံယူစေပါတယ်.. ကုသမှုခံယူစဉ် အတွင်းမှာ ဖျားနာ ချောင်းဆိုးမရှိ အနံ့ရ ပုံမှန် ဘဲဆို ၁၁ ရက် ပြည့်တာနဲ့ ပေးဆင်းပါတယ်… ဖျားတာ အနံ့ မရဆို ပေးမဆင်းပါဘူးဗျ… ဆေးရုံဆင်းလာ နိုင်တဲ့ သူတိုင်းသည် ကျန်းမာရေး ကောင်းလို ့ပါခင်မျာ…

ဘာလို့လဲဆိုတော့..

Research တွေအရ ၁၁ ရက်ကျော်ပြီဆို ဒီဗိုင်းရပ်စ် က ကိုယ့်ကိုလည်း ဒုက္ခမပေးတော့ သလို ကိုယ့်ဆီကနေ အခြားသူ ဆီလည်း မကူးနိုင်တော့လို့ပါ.. ဒါပေမယ့် သေချာအောင် Stay home ၇ ရက် ထပ်နေခိုင်းပါတယ်… ကိုယ့်ကို ဒုက္ခမပေးနိုင်တော့ ဘူးဆိုပေမယ့်လည်း ကိုယ့် အဝတ်အစား ကိုယ့်အသုံး အဆောင်တွေပေါ်က နေ အခြားသူဆီ ကိုတော့ ကူးနိုင်ပါသေးတယ်ဗျ.. (အရင်လိုနေချင်တိုင်း နေလို့မရသေးပါဘူး)

အခုချိန် မှာ တချို့ လုပ်ငန်းခွင်တွေမှာ positive ဖြစ်ခဲ့တဲ့ လူတွေကို တမျိုးမြင်နေလို့ ရှင်းပြရခြင်းပါ.

လူသားအချင်းချင်း မေတ္တာ ထားကြပါ…

အခုချိန်မှာ Positive ဖြစ်ဖူးတဲ့ သူတွေဟာ ဘာမှ မဖြစ်ဖူးသေးတဲ့ သူတွေအတွက် လုပ်ငန်းခွင် တွေမှာ ပိုပြီး Confident ရှိရှိနဲ့ ပိုလုပ်နိုင်ပါတယ်ဗျာ.. ကျနော် ကိုယ်တိုင် Positive ဖြစ်ခဲ့တုန်းက ကိုယ်အရမ်း ခင်ရတဲ့ သူတွေက ကိုယ့်အတ္တ တခုအတွက်နဲ့ ပြောဆိုပစ် ပယ်ခံရတာတွေ လည်း သတိရသွားလို့ပါ…

အားလုံးဘဲ ဒီကပ်ရောဂါကြီးကို အမြန်ကျော်လွှားနိုင်ကြပါစေ…

ချစ်ခြင်းများစွာဖြင့်
Dr-Ready

About the author

Ms Cele

Leave a Comment