Celebrity


Written by Ms Cele






ကိုယ်ကသာ လူတိုင်းကို မောင်နှမ လို သဘောထား ခဲ့ပေမယ့် မျက်နှာကြီးရာ ဟင်းဖတ် ပါတဲ့ အဖြစ်နဲ့ ကြုံဆုံခဲ့ ရတယ်ဆိုတဲ့ အိမ့်ချစ်

နိုင်ငံကျော် တေးသံရှင် တစ်ယောက်ဖြစ်တဲ့ အိမ့်ချစ်ကတော့ သီချင်းဆို ကောင်းသလို ချစ်စရာ လည်းကောင်းတာကြောင့် ပရိသတ်တွေကြားမှာ သာမက အနုပညာရှင် အသိုင်းအဝိုင်းမှာလည်း လူချစ်လူခင်ပေါများသူ တစ်ယောက် ဖြစ်ပါတယ်။ အိမ့်ချစ် ကတော့ အခုဆိုရင် အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်နေပြီ ဆိုပေမယ့် သူမမြတ်နိုးတဲ့ အနုပညာအလုပ် တွေကို ဆက်လက်လုပ်ကိုင် နေဆဲပဲ ဖြစ်ပါတယ်။ အိမ့်ချစ်ကလည်း သူမရဲ့ အိမ်ထောင်ရေးကို သာယာအေးချမ်းဖွယ် ဖြစ်အောင် တည်ဆောက်ထား သလို အနုပညာအလုပ်တွေ ကိုလည်း သင့်တင့်မျှတအောင် လုပ်ကိုင် နေတာပဲ ဖြစ်ပါတယ်။

ပွင့်ပွင့်လင်းလင်း နေတတ်သလို စိတ်ထဲမှာဖြစ်နေတာကိုလည်း ဖုံးကွယ်မထား တတ်တဲ့ အိမ့်ချစ်က ဒီကနေ့မှာတော့ မျက်နှာကြီးရင်း ဟင်းဖတ်ပါတဲ့ အဖြစ်နဲ့ ကြုံဆုံခဲ့ရကြောင်း ပြောလာပါတယ်။ အိမ့်ချစ်က “နောက်နောင် ငါ့အစ်ကိုကြီးတို့ ဘာတို့ဆိုတဲ့ သံယောဇဉ်တွေလည်း မထားတော့ဘူး။ ငါကသာ မောင်နှမတွေလို့ စိတ်ထားနေခဲ့တာ။ အကုန်လုံးက မျက်နှာကြီးရာနောက်ပဲ ပါကြတာပါအေ..” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် My Day ကနေ ရင်ဖွင့်ပြောလာခဲ့ပါတယ်။

အိမ့်ချစ်ကတော့ လူတိုင်းကို ဆွေမျိုးသားချင်း တစ်ယောက်လို လိုအပ်တာမှန်သမျှ ကူညီပေးတတ် သလို ချစ်ခင်စွာနဲ့လည်း ရင်းရင်းနှီးနှီးနေတတ် သူတစ်ယောက် ဖြစ်ပါတယ်။ အခုတော့ အိမ့်ချစ်က ဘယ်လိုလူမျိုးနဲ့ ဆုံခဲ့ရလို့ အခုလိုရင်ဖွင့်သလဲ ဆိုတာ စဉ်းစားစရာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment