Celebrity


Written by Ms Cele






ကိုယ်တိုင်ကဘာမှ မပေးပဲ အစ်မတွေပေးတဲ့ လက်ဆောင်အပေါ် လူလည်ကျတဲ့ မောင့် အကြောင်းကို ဖော်ထုတ်လိုက်တဲ့ ရီရီပွင့်ဖြူ

ပြည်သူချစ် အနုပညာရှင်တွေ ဖြစ်ခဲ့ကြတဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့ကတော့ ချစ်သူတွေမဖြစ်ခင် ကတည်းက အနုပညာ အလုပ်တွေကို ရပ်နားခဲ့ကြပြီး သာမာန်လူတွေ အဖြစ်နဲ့သာ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ မောင်နဲ့ ရီရီပွင့်ဖြူက အခုဆိုရင် ချစ်သူသက်တမ်း (၇) နှစ်ကျော်တိုင်ရှိခဲ့ပြီဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် သမီးရည်းစားဆိုတာထက် မောင်နှမလို သူငယ်ချင်းလို ရင်းရင်းနှီးနှီး ရှိကြတာပဲ ဖြစ်ပါတယ်။ ချစ်သူသက်တမ်းကြာ လာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် အချင်းချင်း စနောက်ကျီစယ်ပြီး ပျော်ရွှင်မှုတွေ၊ သံယောဇဉ်တွေ တိုးလာတဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့ကတော့ ပရိသတ်တွေကို အားကျစေခဲ့တဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာလည်း ရီရီပွင့်ဖြူက ချစ်သူကို မွေးနေ့လက်ဆောင် ဘာမှမပေးတဲ့ အပြင် အစ်မတွေပေးတဲ့ လက်ဆောင်ကိုပါ လူလည်ကျတဲ့ မောင့် အကြောင်းကို “စိန်စိန်တို့များ ​မွေး​နေ့ လက်​ဆောင်ဘာမှမ​ပေးတဲ့အပြင် အစ်မ​တွေ​ပေးတဲ့ လက်​ဆောင်ကို သူ​ပေးတာပါဆိုပြီး ဖော​ရှော​တွေ လုပ်တာ​နော်…🙄🙄🙄 ဟွင်း ဟွင်း မသိရင်ခက်မယ်…🤔🤔🤔 အလိမ်​လေးရှိလား Sein Phyo Hlaing 😛” ဆိုပြီး အားလုံး သိအောင် စနောက်ခဲ့ပါတယ်။

မောင် ကတော့ ရီရီပွင့်ဖြူအတွက် မွေးနေ့ လက်ဆောင်မပေးဖြစ်ပဲ အစ်မတွေပေးတဲ့ လက်ဆောင်ကို သူပေးတယ် ဆိုတဲ့ ပုံစံမျိုးနဲ့ စနောက်ခဲ့ပေမယ့် ရီရီပွင့်ဖြူ ကတော့ ချစ်သူအကြောင်း သိကာ ချက်ချင်းဆို သလို ရိပ်မိခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment