Celebrity


Written by Ms Cele







ကိုယ်တိုင်ကအခက်အခဲနဲ့ ရင်ဆိုင်နေရပေမယ့် ပြည်သူတွေ အခက်အခဲဖြစ်မှာကို ပိုစိုးရိမ်ကြောင်းပြောပြလာတဲ့ ခင်သဇင်

ပရိတ်သတ်ကြီးရေ…သရုပ်ဆောင်ခင်သဇင်ဟာ ဆိုရင် အနုပညာလောကမှာ ပရိတ်သတ်တွေရဲ့ အားပေးမှုကိုရရှိထားတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်နော်။ ဇာတ်လမ်းတွဲတွေမှာဆိုရင်လည်း ပါဝင်ရိုက်ကူးခဲ့တဲ့သူမက သရုပ်ဆောင်ပိုင်နိုင်တဲ့အတွက် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိထား တာပဲဖြစ်ပါတယ်.။သူမဟာဆိုရင် လေယာဉ်မယ် တစ်ယောက်ဖြဟ်ပေမယ့်လည်း သူမဝါသနာပါရာ သရုပ်ဆောင်လုပ်ငန်းကိုတစိုက်မက်မက် လုပ်ကိုင်နေတာပဲဖြစ်ပါတယ်နော်.။

ခင်သဇင်က လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေး အခြေအနေတွေမှာလည်း အမှန်တရားလက်ကနေ ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်ပြီး ဖေဖော်ဝါရီလမှစတင်ကာလမ်းမပေါ်ထွက်ပြီး လွတ်လပ်စွာဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်နော်။လွတ်လပ်စွာဆန္ဒဖော်ထုတ်ခဲ့တဲ့သူမကို ပုဒ်မ၅၀၅(က)နဲ့တရားစွဲဖမ်းဝရမ်းထုတ်ခဲ့တာပဲဖြစ်ပါတယ်နော်။အဲ့ဒီလိုဖမ်းဝရမ်းထုတ် ခံရပြီးတဲ့နောက်ပိုင်းမှာ သူမဟာတိမ်းရှောင်နေရတာပဲဖြစ်ပါတယ်။ အခက်အခဲများစွာနဲ့ထွက်ပြေးတိမ်းရှောင်နေရတဲ့ခင်သဇင်ဟာ ရေပြောင်းမြေပြောင်းမှာ အသားအရေတွေလည်း ဆုတ်ပြတ်ပြီးတော်တော်လေးကို ဒုက္ခတွေနဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။

ကိုယ်တိုင်အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ခင်သဇင်ဟာပြည်သူတွေ အတွက်လည်း စိတ်ပူနေရှာပြီး ဘယ်လိုအမှနေလို့ထိုင်လို့မရပဲ ပျော်ရွှင်မှုဆိုတာလုံးဝမရှိတော့တဲ့ အကြောင်းကို အခုလိုပဲပြောပြလာတာပဲဖြစ် ပါတယ်နော်။ခင်သဇင်က “ဘယ်လို အကြောင်းပြချက်တွေနဲ့ပျော်စရာကို ရှာဖွေရမလဲစဉ်စားလို့ မထွက်ဘူးဦးနှောက်ထဲမှာ အခဲလိုက်ကြီး တစ်ခုပိတ်ဆို့နေတယ်.. စိတ်ညစ်လို့ စာအုပ်ကိုင်မယ် လုပ်တော့လည်းအရှုပ်ထဲမှာ ရှင်းအောင်နေ ဖတ်ရမလားထိပ်ဆုံးသို့ နှင့် ကြီးပွါးရေး စာပေတွေပဲကိုင် ရမလားကမ္ဘာ့ ဒီမိုကရေစီ လမ်းစဉ်တွေပဲ လေ့လာရမလားပျော်အောင်နေနည်း နဲ့ စိတ်ဖိစီးမှု လျှော့ချရေးတွေပဲ ဖတ်ရမလားဦးနှောက်ကြီး က တင်းကျပ်ပြီး စဉ်းစားလို့ မရနေတုန်းခေါင်းထဲဝင်လာတာက ငါတို့ ပြည်သူတွေအဆင်မှ ပြေရဲ့လား

ATM စက်ရှေ့တွေပဲ မူးမေ့လဲနေကြပြီလား မိသားစုတွေ ဘာနဲ့ စားနေကြလဲတိုင်းပြည်ကြီးက ဘာဖြစ်မှာလဲ စီးပွါးရေးတွေ ဘာဖြစ်မှာလဲပညာရေးတွေ ဘာဖြစ်မှာလဲလူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်…အိုး…. အစုံပါပဲ ..မျက်ရည်တွေသာ ထပ်ပြီး စီးကျလာတယ်အဖြေက ရှာမရဘူးငါ့နှယ့် .. အနုပညာသမားအသဲကလည်း နုလိုက်တာ လွန်ပါရောလား… အဝေးကိုသာ တွေတွေကြီး ငေးရင်း အော် .. ငါဒီနေ့လည်း ဘာစာအုပ်မှ မဖတ်ဖြစ်လိုက်ပါလား ….ခင်သဇင် ၇၊၅၊၂၀၂၁ ” ဆိုပြီး သူမရဲ့လူမှုကွန်ယက် စာမျက်နှာကနေရေးသားလာခဲ့ တာပဲဖြစ်ပါတယ်နော်..။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပဲတင်ရှိပါတယ်။

Source ; Khin Thazin Facebook Acc
Credit ; Celebrity Platforms

About the author

Ms Cele

Leave a Comment