Celebrity

ကိုယ်တိုင်ချက်ထားတဲ့ ဆွမ်းဟင်းလျာတွေနဲ့ခုနှစ်ရက်သားသမီးတွေအတွက် ဆုတောင်းမေတ္တာပိုသရင်း ကျဆုံးသွားတဲ့သူရဲကောင်းတွေကို အမျှဝေပေးခဲ့တဲ့ မမဆောင်း

Written by Ms Cele




TWWH(Pay Phu Hlwar)

ပရိသတ်ကြီးရေ စိတ်သဘောထားဖြူစင်ပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့မမဆောင်းကိုတော့ ပရိသတ်ကြီးသိကြမယ် ထင်ပါတယ်နော်။ အနုပညာလောကမှာ အောင်မြင်မှုလမ်းကြောင်းပေါ်ကို အချိန်တိုအတွင်း ရောက်ရှိလာတဲ့ မမဆောင်းဟာဆိုရင် အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကိုကူညီရင်းအလှူအတန်းတွေနဲ့ ကောင်းမှုကုသိုလ်တွေပြုလုပ်လျက်ရှိပါတယ်နော်။

ဒီကနေ့မှာလည်း အိမ်ဘုရားမှာ ဆွမ်းကပ်ကာ ကောင်းမှုကုသိုလ်တွေပြုရင်း ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေအတွက်လည်း ဆုတောင်းမေတ္တာတွေ ပို့သထားတာ တွေ့ရပါတယ်။ဆွမ်းတွေကိုယ်တိုင်ချက်ပြုတ်ရင်း ဘုရားကပ်ကောင်းမှုပြုကာ ဆုတောင်းစကားတွေဆိုပြီး ကုသိုလ်ပြုခဲ့တဲ့ ပုံရိပ်တွေကိုလည်း သူမရဲ့လူမှုကွန်ယက် စာမျက်နှာမှာတင်ပြထားတာကို တွေ့ရပါတယ်နော်။

မမဆောင်းက”မမဆောင်း လက်ရာ ဆွမ်း,ဟင်း ,ကျောက်ကျော ,မော်လမြိုင်မုန့် ကုသိုလ်လေးတွေ 🙏🙏🙏ဗုဒ္ဓံ မြတ်စွာဘုရားကို ပူဇေမိ ပူဇော်ပါ၏🙏 ဓမ္မံ တရားတော်မြတ်ကို ပူဇေမိ ပူဇော်ပါ၏🙏 သံဃံ သံဃာတော်မြတ်တို့ကိုပူဇေမိ ပူဇော်ပါ၏🙏 မာတာပီတု မိဘတို့ကို ပူဇေမိပူဇော်ပါ၏🙏 အာစရိယ ဆရာသမားတို့ကို ပူဇေမိပူဇော်ပါ၏ သက်ရှိထင်ရှားမြတ်ဘုရားအားကပ်လှုပါ၏🙏🙏🙏နေ့စဉ် ပဌာန်းအရှည် ရွတ်ဖတ်ပူဇော်🙏ချစ်တဲ့သူ အားလုံး ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု 🙏🙏🙏ကျရှုံးသွားတဲ့ သူတော်ကောင်းများအားလည်း အမျှပေးဝေပါတယ်ရှင့်🙏🙏ယခုပြုရသောကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန် သို့ ရောက်ရပါလို၏ အရှင်ဘုရား မမဆောင်း တစ်ယောက် လူသား အားလုံးအပေါ် ကာယကံ,ဝစီကံ,မနောကံဖြင့် ပြစ်မှားမိခဲ့လျှင် ခွင့်လွှတ်ပါရှင့်🙏မမဆောင်း အပေါ်မှာလည်း လူသားအားလုံး ပြစ်မှားခဲ့လျှင် ကျွန်မ မမဆောင်း က ခွင့်လွှတ်ပါတယ်ရှင့် 🙏ကောင်းသောအတိတ်ကောင်းသော နမိတ်ကောင်းသော စကား တို့ကိုသာမြင်ရ ကြားရပြောရပါစေသား🙏🙏🙏..”ဆိုပြီး ကုသိုလ်ပြုနေတဲ့ပုံတွေကို ဝေမျှထားတာကိုတွေ့ရပါတယ်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်။

Source:Saung Eaindaray Tun’s fb
TWWH(Pay Phu Hlwar)

About the author

Ms Cele

Leave a Comment