Celebrity

ကိုယ္တိုင္စီျခယ္ထားတဲ့ ရတနာကိုးသြယ္ကၽြန္းအေခါင္းႀကီးျဖင့္ က်ဆုံးသြားခဲ့တဲ့ မျမသြဲ႕သြဲ႕ခိုင္ရဲ့ ေနာက္ဆုံးခရီးေလးကိုဂုဏ္ျပဳသၿဂႋဳလ္ရန္ သြားေရာက္လႉဒါန္းခဲ့တဲ့ ေက်ာ္သူ

Written by Ms Cele

ကိုယ္တိုင္စီျခယ္ထားတဲ့ ရတနာကိုးသြယ္ကၽြန္းအေခါင္းႀကီးျဖင့္ က်ဆုံးသြားခဲ့တဲ့ မျမသြဲ႕သြဲ႕ခိုင္ရဲ့ ေနာက္ဆုံးခရီးေလးကိုဂုဏ္ျပဳသၿဂႋဳလ္ရန္ သြားေရာက္လႉဒါန္းခဲ့တဲ့ ေက်ာ္သူ

ပရဟိတမင္းသားႀကီး ဦးေက်ာ္သူ တစ္ေယာက္ ကေတာ့ တိုင္းျပည္အတြက္ ဆႏၵထုတ္ေဖာ္မႈမွာ ပါဝင္ရင္း ေသနတ္မွန္ကာ က်ဆုံးသြားခဲ့တဲ့ မျမသြဲ႕သြဲ႕ခိုင္ရဲ့ ေနာက္ဆုံးခရီးေလးကို ကိုယ္တိုင္ စီျခယ္ထားတဲ့ ရတနာကိုးသြယ္ ကၽြန္းအေခါင္းႀကီးျဖင့္ ဂုဏ္ျပဳသၿဂႋဳလ္ရန္ သြားေရာက္ လႉဒါန္းခဲ့ေၾကာင္း ခုလိုေရးသားေဖာ္ျပခဲ့ပါတယ္။

က်ဆုံးသြားေသာ အာဇာနည္ သမီးငယ္ မျမသြဲ႕သြဲ႕ခိုင္ ၏ ေနာက္ဆုံးခရီး အတြက္။၂၀၂၁ ခုႏွစ္၊ ေဖ​ေဖာ္ဝါရီ ၁၉ရက္၊ နံနက္ ၁၁:၀၅ နာရီမွာကြယ္လြန္သြားခဲ့တဲ့ အာဇာနည္ သမီးငယ္ ျမသြဲ႕သြဲ႕ခိုင္အား ဦးညႊတ္ အ​ေလးျပဳပါတယ္။ သမီးငယ္ ျမသြဲ႕သြဲ႕ခိုင္၏ ေနာက္ဆုံးဈာပန အခန္းအနားအား မနက္ျဖန္ (၂၁.၂.၂၀၂၁)ရက္ေန႔၊တနဂၤေႏြေန႔တြင္ ေနျပည္ေတာ္ရွိ ေကြ႕ႀကီးသုသာန္ သို႔ ေန႔လည္ (၁၁:၀၀) နာရီ တြင္ က်န္ရစ္ေသာ႐ုပ္ခႏၶာအား သယ္ေဆာင္၍သၿဂႋဳလ္မည္ျဖစ္ရာ

နာေရး ကူညီမႈအသင္း(ရန္ကုန္) အတြက္ ကၽြန္ေတာ္၏ အႏုပညာ အႀကံေပး မိတ္ေဆြႀကီးျဖစ္သူ နိုင္ငံျခားသေဘၤာသား၊ စာေရးဆရာ၊အႏုပညာရွင္ ကိုေမာင္ေမာင္သိန္းလွိုင္မွ ကိုယ္တိုင္ဖန္ တည္းကာ(၉)ရက္တိတိ ကိုေမာင္ေမာင္သိန္းလွိုင္၊ကိုလင္းစိန္(ခ်က္ကေလး) ႏွင့္ကၽြန္ေတာ္တို႔ ျပဳလုပ္လႉဒါန္းထားေသာ ရတနာကိုးသြယ္ကၽြန္းအေခါင္းႀကီး ျဖင့္ ဂုဏ္ျပဳသၿဂႋဳလ္မႈျပဳရန္ အတြက္ ယေန႔နံနက္တြင္ ေနျပည္ေတာ္ ခုတင္(၁၀၀၀) ျပည္သူ႔ေဆး႐ုံသို႔ အတြင္းေရးမႉး ကိုထြန္းကိုကို၊အလႉရွင္ ကိုေမာင္ေမာင္သိန္းလွိုင္ႏွင့္ နာေရးကူညီမႈ အသင္းသားမ်ား၊ပရဟိတဝန္ထမ္းမ်ားမွ ေမာ္ေတာ္ယာဥ္ သုံးစီးျဖင့္ သြားေရာက္ လႉဒါန္းပို႔ေဆာင္ခဲ့ပါသည္။” ဆိုတဲ့စာေလးနဲ႔အတူ ပုံေလးေတြကိုေဖာ္ျပခဲ့ရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမၽွေပး လိုက္ပါတယ္။

Credit: Cele Zone
Photo – Kyaw Thu

ကိုယ်တိုင်စီခြယ်ထားတဲ့ ရတနာကိုးသွယ်ကျွန်းအခေါင်းကြီးဖြင့် ကျဆုံးသွားခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ နောက်ဆုံးခရီးလေးကိုဂုဏ်ပြုသင်္ဂြိုလ်ရန် သွားရောက်လှူဒါန်းခဲ့တဲ့ ကျော်သူ

ပရဟိတမင်းသားကြီး ဦးကျော်သူ တစ်ယောက် ကတော့ တိုင်းပြည်အတွက် ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်ရင်း သေနတ်မှန်ကာ ကျဆုံးသွားခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ နောက်ဆုံးခရီးလေးကို ကိုယ်တိုင် စီခြယ်ထားတဲ့ ရတနာကိုးသွယ် ကျွန်းအခေါင်းကြီးဖြင့် ဂုဏ်ပြုသင်္ဂြိုလ်ရန် သွားရောက် လှူဒါန်းခဲ့ကြောင်း ခုလိုရေးသားဖော်ပြခဲ့ပါတယ်။

ကျဆုံးသွားသော အာဇာနည် သမီးငယ် မမြသွဲ့သွဲ့ခိုင် ၏ နောက်ဆုံးခရီး အတွက်။၂၀၂၁ ခုနှစ်၊ ဖေ​ဖော်ဝါရီ ၁၉ရက်၊ နံနက် ၁၁:၀၅ နာရီမှာကွယ်လွန်သွားခဲ့တဲ့ အာဇာနည် သမီးငယ် မြသွဲ့သွဲ့ခိုင်အား ဦးညွှတ် အ​လေးပြုပါတယ်။ သမီးငယ် မြသွဲ့သွဲ့ခိုင်၏ နောက်ဆုံးဈာပန အခန်းအနားအား မနက်ဖြန် (၂၁.၂.၂၀၂၁)ရက်နေ့၊တနင်္ဂနွေနေ့တွင် နေပြည်တော်ရှိ ကွေ့ကြီးသုသာန် သို့ နေ့လည် (၁၁:၀၀) နာရီ တွင် ကျန်ရစ်သောရုပ်ခန္ဓာအား သယ်ဆောင်၍သင်္ဂြိုလ်မည်ဖြစ်ရာ

နာရေး ကူညီမှုအသင်း(ရန်ကုန်) အတွက် ကျွန်တော်၏ အနုပညာ အကြံပေး မိတ်ဆွေကြီးဖြစ်သူ နိုင်ငံခြားသင်္ဘောသား၊ စာရေးဆရာ၊အနုပညာရှင် ကိုမောင်မောင်သိန်းလှိုင်မှ ကိုယ်တိုင်ဖန် တည်းကာ(၉)ရက်တိတိ ကိုမောင်မောင်သိန်းလှိုင်၊ကိုလင်းစိန်(ချက်ကလေး) နှင့်ကျွန်တော်တို့ ပြုလုပ်လှူဒါန်းထားသော ရတနာကိုးသွယ်ကျွန်းအခေါင်းကြီး ဖြင့် ဂုဏ်ပြုသင်္ဂြိုလ်မှုပြုရန် အတွက် ယနေ့နံနက်တွင် နေပြည်တော် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံသို့ အတွင်းရေးမှူး ကိုထွန်းကိုကို၊အလှူရှင် ကိုမောင်မောင်သိန်းလှိုင်နှင့် နာရေးကူညီမှု အသင်းသားများ၊ပရဟိတဝန်ထမ်းများမှ မော်တော်ယာဉ် သုံးစီးဖြင့် သွားရောက် လှူဒါန်းပို့ဆောင်ခဲ့ပါသည်။” ဆိုတဲ့စာလေးနဲ့အတူ ပုံလေးတွေကိုဖော်ပြခဲ့ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေး လိုက်ပါတယ်။

Credit: Cele Zone
Photo – Kyaw Thu

About the author

Ms Cele

Leave a Comment