Celebrity

ကိုယ္တိုင္ေရးစပ္ထားတဲ့ ေပ်ာ္စရာ စုံတြဲသီခ်င္းသစ္ေလးကို စိုးျပည့္သဇင္နဲ႕အတူ ဖန္တီးခဲ့တဲ့ ပံုရိပ္ေတြကို ခ်ျပလာတဲ့ မိုးမိုး

Written by Ms Cele

ကိုယ္တိုင္ေရးစပ္ထားတဲ့ ေပ်ာ္စရာ စုံတြဲသီခ်င္းသစ္ေလးကို စိုးျပည့္သဇင္နဲ႕အတူ ဖန္တီးခဲ့တဲ့ ပံုရိပ္ေတြကို ခ်ျပလာတဲ့ မိုးမိုး

သီခ်င္းေကာင္းေလး ေတြကို ဖန္တီးသီဆိုတတ္တဲ့ မိုးမိုးဟာ သံစဥ္ခ်ိဳေအးေအးေလးေတြနဲ႔ ပရိသတ္ေတြကို သေဘာေခြ႕ေစခဲ့တဲ့ စိုးျပည့္သဇင္နဲ႔ အတူ စုံတြဲသီခ်င္းေလး တစ္ပုဒ္ ဖန္တီးေနတဲ့ ပုံရိပ္ေလးေတြကို လူမႈကြန္ရက္မွာ ေဝမၽွခဲ့ပါတယ္။ ဂီတသက္တမ္း ၾကာျမင့္ခဲ့ၿပီျဖစ္တဲ့ မိုးမိုးဟာ သီခ်င္းေကာင္းမ်ားစြာကို ေရးစပ္သီဆိုခဲ့သလို သ႐ုပ္ေဆာင္ အျပင္ အဆိုကိုပါ အားသာတဲ့ စိုးျပည့္ဟာ ဖခင္ရဲ့ အဆိုဝါသနာ လက္ဆင့္ကမ္းသူေလးျဖစ္ခဲ့ပါတယ္။

သမီးေလး အသံသြင္း တာကို ေဖေဖကပါ လိုက္ခဲ့ၿပီး စတူဒီယိုမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ဓာတ္ဖမ္းခဲ့ၾက ပါတယ္။ သ႐ုပ္ေဆာင္ပိုင္း မွာလည္း ထူးခၽြန္သူမို႔ အကယ္ဒမီဆုကို ထိုက္ထိုက္ တန္တန္ ရထားသူေလး စိုးျပည့္ရဲ့ သူမရဲ့ဂီတအစြမ္းအစ ကိုလည္း ခ်ျပခ်င္တာေၾကာင့္ သီခ်င္းေခြတစ္ေခြလည္း ထြက္ခဲ့ၿပီး ပရိသတ္ေတြရဲ့အားေပးမႈကိုလည္းရခဲ့ပါတယ္။

ႏွစ္ေယာက္ အတူ အသံသြင္းေနတဲ့ပုံရိပ္ေတြကို ” ေပ်ာ္စရာ စုံတြဲသီခ်င္းေလး အၿပီးသတ္ အသံသြင္းၾက ” ဆိုၿပီး မိုးမိုးက တင္ထား တာပဲျဖစ္ပါတယ္။ ပရိသတ္ေတြက အသစ္အသစ္ေသာ ဖန္တီးမႈေတြကို နားဆင္ရေတာ့မွာမို႔ စိတ္လႈပ္ရွားၿပီး ေပ်ာ္ေနၾကတဲ့မွတ္ခ်က္ေတြေပးခဲ့ၾကပါ တယ္။

Credit:Cele Zone
Source:Moe Sithu Kyaw

ကိုယ်တိုင်ရေးစပ်ထားတဲ့ ပျော်စရာ စုံတွဲသီချင်းသစ်လေးကို စိုးပြည့်သဇင်နဲ့အတူ ဖန်တီးခဲ့တဲ့ ပုံရိပ်တွေကို ချပြလာတဲ့ မိုးမိုး

သီချင်းကောင်းလေး တွေကို ဖန်တီးသီဆိုတတ်တဲ့ မိုးမိုးဟာ သံစဉ်ချိုအေးအေးလေးတွေနဲ့ ပရိသတ်တွေကို သဘောခွေ့စေခဲ့တဲ့ စိုးပြည့်သဇင်နဲ့ အတူ စုံတွဲသီချင်းလေး တစ်ပုဒ် ဖန်တီးနေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ ဂီတသက်တမ်း ကြာမြင့်ခဲ့ပြီဖြစ်တဲ့ မိုးမိုးဟာ သီချင်းကောင်းများစွာကို ရေးစပ်သီဆိုခဲ့သလို သရုပ်ဆောင် အပြင် အဆိုကိုပါ အားသာတဲ့ စိုးပြည့်ဟာ ဖခင်ရဲ့ အဆိုဝါသနာ လက်ဆင့်ကမ်းသူလေးဖြစ်ခဲ့ပါတယ်။

သမီးလေး အသံသွင်း တာကို ဖေဖေကပါ လိုက်ခဲ့ပြီး စတူဒီယိုမှာ ပျော်ပျော်ရွှင်ရွှင် ဓာတ်ဖမ်းခဲ့ကြ ပါတယ်။ သရုပ်ဆောင်ပိုင်း မှာလည်း ထူးချွန်သူမို့ အကယ်ဒမီဆုကို ထိုက်ထိုက် တန်တန် ရထားသူလေး စိုးပြည့်ရဲ့ သူမရဲ့ဂီတအစွမ်းအစ ကိုလည်း ချပြချင်တာကြောင့် သီချင်းခွေတစ်ခွေလည်း ထွက်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကိုလည်းရခဲ့ပါတယ်။

နှစ်ယောက် အတူ အသံသွင်းနေတဲ့ပုံရိပ်တွေကို ” ပျော်စရာ စုံတွဲသီချင်းလေး အပြီးသတ် အသံသွင်းကြ ” ဆိုပြီး မိုးမိုးက တင်ထား တာပဲဖြစ်ပါတယ်။ ပရိသတ်တွေက အသစ်အသစ်သော ဖန်တီးမှုတွေကို နားဆင်ရတော့မှာမို့ စိတ်လှုပ်ရှားပြီး ပျော်နေကြတဲ့မှတ်ချက်တွေပေးခဲ့ကြပါ တယ်။

Credit:Cele Zone
Source:Moe Sithu Kyaw

About the author

Ms Cele

Leave a Comment