Celebrity
Written by Ms Cele
ကိုယ်တိုင် ရေးဆွဲ ထားတဲ့ ပန်းချီကား လေး တစ်ချပ်ကို ထုတ်ပြ လိုက်တဲ့ သရုပ် ဆောင် မိုးယုစံ
ပရိသတ်ကြီးရေ မင်းသမီးချော လေးမိုးယုစံကတော့ ဖြူဖွေးဝင်းဥနေတဲ့ အသား အရေနဲ့ အရမ်းချောလှပြီး ချစ်စရာကောင်း တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံကျော်မင်းသမီးလေး တစ်လက်ပဲဖြစ်ပါတယ်။မိုးယုစံကတော့ ချစ်စရာကောင်းပြီးထက်မြက်တဲ့ သားလေးနဲ့ခန့်ညားတည်ကြည်တဲ့ခင်ပွန်းတို့နဲ့အတူဘဝကို ပျော်ရွှင်စွွာ ဖြတ်သန်းနေတဲ့ သူလေးပါနော်။မကြာခင်မှာလည်းဒုတိယရင်သွေးလေးကိုလည်း ရရှိလာတော့မှာဖြစ်ပါတယ်။
လတ်တလောမှာတော့ မိုးယုစံဟာ အရင်က သူကိုယ်တိုင်ဆွဲခဲ့တဲ့ပန်းချီကားလေးကို သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တင်ပြခဲ့ပါတယ်။ပန်းချီကားပုံလေး တွေပြရင်း မိုးယုစံက”၂၀၁၄/၁၅လောက်တုန်းက ပန်းချီကိုသေချာဆွဲဖြစ်ခဲ့တယ် သားသားကိုယ်ဝန်ရ ထဲကမဆွဲဖြစ်တော့တာခုထိပဲ ကိုယ်ဆွဲခဲ့တဲ့ပန်းချီထဲမှာအကြိုက်ဆုံးပဲ တခါခါပြန်ဆွဲချင်ပေမဲ့ ဘယ်ကဘယ်လိုပြန်စရမှန်းမသိတော့ဘူးယောကျာ်းကကြိုက်လို့ရောင်းပါ ဆိုတာတောင်မရောင်းဘူး အကျွမ်းကျင်ကြီး မဟုတ်ပေမဲ့ လေ့လာရင်းဆွဲထားတာပါ ဘယ်လိုမြင်လဲ ကြိုက်ရဲ့လား???” လို့ဆိုပြီးပြောပြထားတာတွေ့ရပါတယ်။
မိုးယုစံဟာ အနုပညာလောကမှာကျွမ်းကျင်စွာ သရုပ်ဆောင်နိုင်ရုံသာမကပဲ ပန်းချီပညာ မှာလည်း လှပပြီး အသက်ဝင် အောင် ဆွဲဆောင်မှုရှိစွာရေးဆွဲနိုင်တဲ့ ထက်မြက်တဲ့သူလေးပါနော်။မိုးယုစံရဲ့ပန်းချီ ကားလေးကိုလည်း ပရိသတ်ကြီးကြည့်ရှုဖို့ပြန်လည် မျှဝေပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးှဇူးတင်ပါတယ်နော်။
Credit:Yin Khat Pan ( Writer – TWWH )
About the author
Ms Cele
Leave a Comment