Celebrity

ကိုယ္နဲ့ နီးစပ္ရာ ပတ္၀န္းက်င္က အဆင္မေျပမႈ ေတြေၾကာင့္ မ်က္ရည္က် ခဲ့ရတယ္ ဆိုတဲ့ ဆုပန္ထြာ

Written by Ms Cele

ကိုယ္နဲ့ နီးစပ္ရာ ပတ္၀န္းက်င္က အဆင္မေျပမႈ ေတြေၾကာင့္ မ်က္ရည္က် ခဲ့ရတယ္ ဆိုတဲ့ ဆုပန္ထြာ

ခ်စ္စရာေကာင္းတဲ့သားေလးကို ပိုင္ဆိုင္ထားၿပီး စိတ္ခ်မ္းခ်မ္းသာသာ နဲ႔ မိသားစုဘဝေလးကို တည္ေဆာက္ေနတဲ့ မင္းသမီး ဆုပန္ထြာ ကေတာ့ သူ႔ရဲ့ေမြးေန႔အလႉ အေနနဲ႔ နီးစပ္ရာပတ္ဝန္းက်င္ကို ထိထိေရာက္ေရာက္ လႉဒါန္းျဖစ္ခဲ့ပါတယ္။

နီးစပ္ရာမွာရွိတဲ့ အဆင္မေျပတဲ့ သူေတြကို လုပ္အားလစာနဲ႔ လႉဒါန္းရင္း မ်က္ရည္က်မိတဲ့ ဆုပန္ထြာ ကေတာ့
“မပန္ ကိုဥကၠာနဲ ႔တိုင္ပင္ၿပီး စဥ္းစားျဖစ္တာ ေပါ့ေနာ္ မပန္Live လႊင့္တဲ့ေခၽြးနည္းစာ ေလးေတြ သားအမိ၂ေယာက္ ရတဲ့ပိုက္ဆံေလးေတြ သားသားကလည္း အစ္မကို လုပ္ေကၽြးေနၿပီေလ အဲ့တာေလးေတြ လႉခ်င္တယ္လို႔ ကိုဥကၠာကေတာ့ ေျပာတယ္ တျခားလႉမွာ ထက္ ဒီအခ်ိန္မွာ အားလုံးအခက္အခဲျဖစ္တယ္ ကိုယ္နဲ႔အနီး စပ္ဆုံး လူေတြကိုအရင္ဆုံးျဖည့္ပါတဲ့”

” အဲဒီ့ေတာ့ ေမေမ့ကိုအမ်ားဆုံး မမ အရင္ဆုံးသြား ကန္ေတာ့ျဖစ္တယ္ အရင္ဆုံးဆိုင္က ကေလးေတြ မမတို႔အိမ္မွာရွိတဲ့ ဝန္ထမ္းေတြကို ဆန္၁၂ျပည္ ၾကက္သြန္ ၁ပိသာ ၂ပိသာရယ္ ဆီေပါ့ သူတို႔အတြက္ လိုအပ္တာအဆင္ေျပ သြားရင္ပဲ မပန္ေက်နပ္တယ္ သိန္း၂၀ဖိုးေလာက္ရွိမယ္ ကိုယ့္အနီးအနားပတ္ဝန္းက်င္ကလူကို အရင္လႉျဖစ္တဲ့ဟာေလးေပါ့ ကိုယ့္ေမြးေန႔မွာ ပီတိျဖစ္တယ္” လို႔ Pannpwintရဲ့ အင္တာဗ်ဴးေလးမွာ ေျဖဆိုခဲ့ပါတယ္။

လႉဒါန္းျဖစ္တဲ့အေၾကာင္းေလးကိုေတာ့ ဆုပန္ထြာက
“မပန္က လာယူဆိုေတာ့ သူတို႔ငိုၾကတယ္ သူတို႔ နက္ဖန္အတြက္ မရွိေတာ့ဘူးေပါ့ေနာ္ ဒီအခ်ိန္မွာ အားလုံးခက္ခဲေနၾကတယ္ ကိုယ္သိတာ ေတြရွိတယ္ မသိတာေတြရွိတယ္ စိတ္မေကာင္းစရာေတြအမ်ားႀကီးျဖစ္တာေပါ့ ကိုယ္လက္လွမ္းမွီသေလာက္ေပါ့”

“သူတို႔ကလည္း ဟိုဘက္ကငို ကိုယ္ကလည္း ဒီဘက္ကငို လာခဲ့ လိုေနရင္ ေျပာပါလား ဘာလို႔မေျပာလဲ ဆိုေတာ့ မမနားမွာ လုပ္မေပး ရေတာ့ ေျပာရမွာအားနာလို႔တဲ့ ကိုယ့္နားမွာ အနီးစပ္ဆုံးေနတဲ့ သူေတြ လိုေနတဲ့သူေတြကို အရင္ဆုံးျဖည့္ေပးျဖစ္ တယ္ေပါ့ အဲ့တာေလးေတာ့ ေတာ္ေတာ္စိတ္မေကာင္းဘူး ဒါေမြးေန႔ အလႉေလးေပါ့ သူတို႔လာယူၿပီး ေပ်ာ္ၿပီးျပန္သြားၾကတာေပါ့”

“ပရိသတ္ေတြထဲ မွာလည္း သူတို႔အခက္အခဲၾကဳံေနတယ္လို႔ လာေျပာတဲ့သူေလး ေတြရွိတယ္ ခက္ခဲ တာေတာ့ အတန္းအစားအလႊာအစုံ အခက္အခဲျဖစ္ေနတယ္ ဆင္းရဲတဲ့သူမွမဟုတ္ဘူး အလယ္အလတ္တန္းစားေတြ မပန္တို႔ အထက္တန္း ခ်မ္းသာတဲ့လူ ေတြမွာပါ အခက္အခဲက အားလုံးရွိတယ္ အစ္မလႉနိုင္ တဲ့သူ လုပ္ေပးနိုင္တဲ့သူကို လုပ္ေပးတာေပါ့ အစ္မေထာင္ခ်ီၿပီးလည္း မလႉနိုင္ဘူး အဲ့တာေၾကာင့္ အစ္မတတ္နိုင္ သေလာက္ ေလးေပါ့ ”

ဆုပန္ထြာကေတာ့ ေမြးေန႔အလႉကို ထိထိ ေရာက္ေရာက္လႉဒါန္းလိုက္ရတဲ့ အတြက္ ဝမ္းသာမ်က္ရည္က်ရင္း
“လႉလိုက္တဲ့ဟာေလးက နည္းေပမယ့္ ထိထိေရာက္ေရာက္ေလးျဖစ္သြားရင္ ပီတိျဖစ္တယ္ေပါ့ သူတို႔ခက္ခဲေနပါလားဆိုတဲ့စိတ္ကေလးက ခံစားရတာေပါ့ေနာ္” လို႔ အင္တာဗ်ဴးေလးမွာ ေျဖဆိုခဲ့တာပါ။

ခရက္ဒစ္-ေရႊေရာင္ျမန္မာ

ကိုယ်နဲ့ နီးစပ်ရာ ပတ်ဝန်းကျင်က အဆင်မပြေမှု တွေကြောင့် မျက်ရည်ကျ ခဲ့ရတယ် ဆိုတဲ့ ဆုပန်ထွာ

ချစ်စရာကောင်းတဲ့သားလေးကို ပိုင်ဆိုင်ထားပြီး စိတ်ချမ်းချမ်းသာသာ နဲ့ မိသားစုဘဝလေးကို တည်ဆောက်နေတဲ့ မင်းသမီး ဆုပန်ထွာ ကတော့ သူ့ရဲ့မွေးနေ့အလှူ အနေနဲ့ နီးစပ်ရာပတ်ဝန်းကျင်ကို ထိထိရောက်ရောက် လှူဒါန်းဖြစ်ခဲ့ပါတယ်။

နီးစပ်ရာမှာရှိတဲ့ အဆင်မပြေတဲ့ သူတွေကို လုပ်အားလစာနဲ့ လှူဒါန်းရင်း မျက်ရည်ကျမိတဲ့ ဆုပန်ထွာ ကတော့
“မပန် ကိုဥက္ကာနဲ ့တိုင်ပင်ပြီး စဉ်းစားဖြစ်တာ ပေါ့နော် မပန်Live လွှင့်တဲ့ချွေးနည်းစာ လေးတွေ သားအမိ၂ယောက် ရတဲ့ပိုက်ဆံလေးတွေ သားသားကလည်း အစ်မကို လုပ်ကျွေးနေပြီလေ အဲ့တာလေးတွေ လှူချင်တယ်လို့ ကိုဥက္ကာကတော့ ပြောတယ် တခြားလှူမှာ ထက် ဒီအချိန်မှာ အားလုံးအခက်အခဲဖြစ်တယ် ကိုယ်နဲ့အနီး စပ်ဆုံး လူတွေကိုအရင်ဆုံးဖြည့်ပါတဲ့”

” အဲဒီ့တော့ မေမေ့ကိုအများဆုံး မမ အရင်ဆုံးသွား ကန်တော့ဖြစ်တယ် အရင်ဆုံးဆိုင်က ကလေးတွေ မမတို့အိမ်မှာရှိတဲ့ ဝန်ထမ်းတွေကို ဆန်၁၂ပြည် ကြက်သွန် ၁ပိသာ ၂ပိသာရယ် ဆီပေါ့ သူတို့အတွက် လိုအပ်တာအဆင်ပြေ သွားရင်ပဲ မပန်ကျေနပ်တယ် သိန်း၂ဝဖိုးလောက်ရှိမယ် ကိုယ့်အနီးအနားပတ်ဝန်းကျင်ကလူကို အရင်လှူဖြစ်တဲ့ဟာလေးပေါ့ ကိုယ့်မွေးနေ့မှာ ပီတိဖြစ်တယ်” လို့ Pannpwintရဲ့ အင်တာဗျူးလေးမှာ ဖြေဆိုခဲ့ပါတယ်။

လှူဒါန်းဖြစ်တဲ့အကြောင်းလေးကိုတော့ ဆုပန်ထွာက
“မပန်က လာယူဆိုတော့ သူတို့ငိုကြတယ် သူတို့ နက်ဖန်အတွက် မရှိတော့ဘူးပေါ့နော် ဒီအချိန်မှာ အားလုံးခက်ခဲနေကြတယ် ကိုယ်သိတာ တွေရှိတယ် မသိတာတွေရှိတယ် စိတ်မကောင်းစရာတွေအများကြီးဖြစ်တာပေါ့ ကိုယ်လက်လှမ်းမှီသလောက်ပေါ့”

“သူတို့ကလည်း ဟိုဘက်ကငို ကိုယ်ကလည်း ဒီဘက်ကငို လာခဲ့ လိုနေရင် ပြောပါလား ဘာလို့မပြောလဲ ဆိုတော့ မမနားမှာ လုပ်မပေး ရတော့ ပြောရမှာအားနာလို့တဲ့ ကိုယ့်နားမှာ အနီးစပ်ဆုံးနေတဲ့ သူတွေ လိုနေတဲ့သူတွေကို အရင်ဆုံးဖြည့်ပေးဖြစ် တယ်ပေါ့ အဲ့တာလေးတော့ တော်တော်စိတ်မကောင်းဘူး ဒါမွေးနေ့ အလှူလေးပေါ့ သူတို့လာယူပြီး ပျော်ပြီးပြန်သွားကြတာပေါ့”

“ပရိသတ်တွေထဲ မှာလည်း သူတို့အခက်အခဲကြုံနေတယ်လို့ လာပြောတဲ့သူလေး တွေရှိတယ် ခက်ခဲ တာတော့ အတန်းအစားအလွှာအစုံ အခက်အခဲဖြစ်နေတယ် ဆင်းရဲတဲ့သူမှမဟုတ်ဘူး အလယ်အလတ်တန်းစားတွေ မပန်တို့ အထက်တန်း ချမ်းသာတဲ့လူ တွေမှာပါ အခက်အခဲက အားလုံးရှိတယ် အစ်မလှူနိုင် တဲ့သူ လုပ်ပေးနိုင်တဲ့သူကို လုပ်ပေးတာပေါ့ အစ်မထောင်ချီပြီးလည်း မလှူနိုင်ဘူး အဲ့တာကြောင့် အစ်မတတ်နိုင် သလောက် လေးပေါ့ ”

ဆုပန်ထွာကတော့ မွေးနေ့အလှူကို ထိထိ ရောက်ရောက်လှူဒါန်းလိုက်ရတဲ့ အတွက် ဝမ်းသာမျက်ရည်ကျရင်း
“လှူလိုက်တဲ့ဟာလေးက နည်းပေမယ့် ထိထိရောက်ရောက်လေးဖြစ်သွားရင် ပီတိဖြစ်တယ်ပေါ့ သူတို့ခက်ခဲနေပါလားဆိုတဲ့စိတ်ကလေးက ခံစားရတာပေါ့နော်” လို့ အင်တာဗျူးလေးမှာ ဖြေဆိုခဲ့တာပါ။

ခရက်ဒစ်-ရွှေရောင်မြန်မာ

About the author

Ms Cele

Leave a Comment