Celebrity


Written by Ms Cele






Crd

ကိုယ်ပိုင် ပန်းချီ လက်ရာ တွေနဲ့ ကိုဗစ်ရန်ပုံငွေ အတွက် ငွေကျပ် (၃၇) သိန်း ရှာနိုင်ခဲ့တဲ့ အိန္ဒြာကျော်ဇင်တို့သားအမိ

အကယ်ဒမီ အိန္ဒြာကျော်ဇင် ကတော့ အနုပညာ လောကမှာ ဒီနေ့ဒီအချိန် ထိ လွှမ်းမိုးအောင်မြင် နေဆဲ မင်းသမီး တစ်လက်ပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင် ကတော့ လက်ရှိမှာတော့ သူမရဲ့ အနုပညာ လှုပ်ရှားမှု တွေ အားလုံးကို ရပ်နားထားပြီး နေအိမ်မှာပဲ အချိန်ကုန် ဆုံးနေလျက်ရှိ တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အိန္ဒြာကျော်ဇင် က ကိုဗစ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအတွက် အလှူငွေတွေကို လှူဒါန်းပေး နေပြီး ရံပုံငွေပန်းချီပြပွဲ အတွက်လည်း ပန်းချီကားတွေ လှူဒါန်းပေးရင်း တစ်ဖက် တစ်လမ်းကလည်း ကူညီပေးနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အိန္ဒြာကျော်ဇင် နဲ့ ပြေသုဒြာတို့ရဲ့ ပန်းချီလက်ရာနှစ်ခု ကတော့ ကိုဗစ်အတွက် (၃၇) သိန်း အထိ ရံပုံငွေ ရှာဖွေပေးနိုင်ခဲ့ တယ်လို့ သိရပါတယ်။ အိန္ဒြာကျော်ဇင်ရဲ့ ( Lets not go out) ပန်းချီကား အတွက် ကျပ် (၃၀) သိန်းနဲ့ လေလံ အောင်ရောင်းချနိုင်ခဲ့သလို ပြေသုဒြာရဲ့ ( Running Free ) ပန်းချီကား အတွက် ငွေကျပ် (၁၀) သိန်းနဲ့ လေလံအောင် ရောင်းချနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင် တို့ သားအမိနှစ်ယောက် ကတော့ ကိုယ်တိုင် ဆွဲထားတဲ့ ပန်းချီကား လက်ရာ တွေနဲ့ ကိုဗစ်အတွက် (၃၇) သိန်း ရံပုံငွေ ရှာပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်း ပေး လိုက်ပါတယ်။

Crd

About the author

Ms Cele

Leave a Comment