Celebrity

ကိုယ္ဝန္ ရွိမရွိ ဆီးစစ္ တိုင္း အတိတ္ နိမိတ္ ေကာင္း ေတြ နဲ႔ ေရာက္ရွိ လာခဲ့တဲ့ ရင္ေသြး ေလး အေၾကာင္း ေျပာ လာတဲ့ “စည္ၿဖိဳး”

Written by Ms Cele

ကိုယ္ဝန္ ရွိမရွိ ဆီးစစ္ တိုင္း အတိတ္ နိမိတ္ ေကာင္း ေတြ နဲ႔ ေရာက္ရွိ လာခဲ့တဲ့ ရင္ေသြး ေလး အေၾကာင္း ေျပာ လာတဲ့ “စည္ၿဖိဳး”

မေန႔ကေတာ့ စည္ၿဖိဳးတို႔မိသားစု အတြက္ မ်ိဳးဆက္သစ္ေလးရွိေနၿပီျဖစ္ေၾကာင္း ဝမ္းသာ ၾကည္ႏူးစြာ ၾကားသိခဲ့ရတဲ့ ေန႔ေလး တစ္ေန႔ပါ။ စည္ၿဖိဳးနဲ႔ခင္လႊမ္းတို႔ကေတာ့ ကိုဗစ္ေၾကာင့္ မဂၤလာ ေဆာင္ဖို႔ ၾကန႔္ၾကာေနခဲ့သူေတြျဖစ္ၿပီး အခုလို လက္မထပ္ရေသးဘဲ ကိုယ္ဝန္ရလာတဲ့ အေပၚ ေဝဖန္သူေတြလည္း ရွိၾကသလို ဖခင္ေကာင္း တစ္ေယာက္အျဖစ္ ၾကည္ႏူးဝမ္းသာစြာနဲ႔ မကြယ္ဝွက္ဘဲ မၽွေဝခဲ့တဲ့ စည္ၿဖိဳးရဲ့ စိတ္ဓာတ္ ကို ေလးစားမိေၾကာင္း ေျပာလာတဲ့ သူေတြလည္း ရွိပါတယ္။

စည္ၿဖိဳးတို႔မိသားစု ကေတာ့ လူ႔ေလာကထဲ ေရာက္လာေတာ့မယ့္ ကေလးေလး အတြက္ ေႏြးေထြးစြာ ႀကိဳဆိုခဲ့ၾကသလို ဒီေန႔မွာ ေတာ့ စည္ၿဖိဳးက ဒီကေလးေလးေရာက္ ရွိလာတာနဲ႔ ပတ္သက္ၿပီး ထူးျခားမႈ တခ်ိဳ႕ကိုလည္း မၽွေဝေပးခဲ့ပါတယ္။ ဝါတြင္းေမတၱာ အဓိဌာန္ ၿပီးခါနီး တစ္ပတ္အလို သူဝင္လာတယ္…တတိယ အႀကိမ္စစ္ေဆးမႈ နဲ႔ စတုထၱအႀကိမ္ စစ္ေဆးမႈအၿပီး…မင္းလာမယ္ ဆိုတာ ေသခ်ာေနပါၿပီေဘဘီရယ္ …စစ္တိုင္းလည္း အိမ္ေျမာင္ေတြ စုပ္ထိုးလို႔ ေမတၱာဝန္းရံေနၾကသဖြယ္ ဆိုၿပီး ေရးသားမၽွေဝ လာပါတယ္။

ဘာသာတရားရိုေသကိုင္းရွိုင္းၿပီး ေမတၱာ ဓာတ္ႀကီးမားတဲ့ စည္ၿဖိဳးတို႔မိသားစုေလး ထဲကို ကေလးေလး ကေတာ့ ကံေကာင္းျခင္းအျပည့္နဲ႔ ေရာက္ရွိလာ ခဲ့တာ အမွန္ပါပဲ ပရိသတ္ႀကီးေရ.. စည္ၿဖိဳးနဲ႔ခင္လႊမ္း တို႔လည္း ဘဝထဲကို ဝင္ေရာက္လာတဲ့ ကေလးေလးနဲ႔အတူ ေပ်ာ္ရႊင္စြာအသက္ထက္ဆုံး ေနထိုင္သြားနိုင္ၿပီး အႏုပညာအလုပ္ ေတြလည္း ဒီထက္မက ေအာင္ျမင္ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Source – Si Phyo

ကိုယ်ဝန် ရှိမရှိ ဆီးစစ် တိုင်း အတိတ် နိမိတ် ကောင်း တွေ နဲ့ ရောက်ရှိ လာခဲ့တဲ့ ရင်သွေး လေး အကြောင်း ပြော လာတဲ့ “စည်ဖြိုး”

မနေ့ကတော့ စည်ဖြိုးတို့မိသားစု အတွက် မျိုးဆက်သစ်လေးရှိနေပြီဖြစ်ကြောင်း ဝမ်းသာ ကြည်နူးစွာ ကြားသိခဲ့ရတဲ့ နေ့လေး တစ်နေ့ပါ။ စည်ဖြိုးနဲ့ခင်လွှမ်းတို့ကတော့ ကိုဗစ်ကြောင့် မင်္ဂလာ ဆောင်ဖို့ ကြန့်ကြာနေခဲ့သူတွေဖြစ်ပြီး အခုလို လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရလာတဲ့ အပေါ် ဝေဖန်သူတွေလည်း ရှိကြသလို ဖခင်ကောင်း တစ်ယောက်အဖြစ် ကြည်နူးဝမ်းသာစွာနဲ့ မကွယ်ဝှက်ဘဲ မျှဝေခဲ့တဲ့ စည်ဖြိုးရဲ့ စိတ်ဓာတ် ကို လေးစားမိကြောင်း ပြောလာတဲ့ သူတွေလည်း ရှိပါတယ်။

စည်ဖြိုးတို့မိသားစု ကတော့ လူ့လောကထဲ ရောက်လာတော့မယ့် ကလေးလေး အတွက် နွေးထွေးစွာ ကြိုဆိုခဲ့ကြသလို ဒီနေ့မှာ တော့ စည်ဖြိုးက ဒီကလေးလေးရောက် ရှိလာတာနဲ့ ပတ်သက်ပြီး ထူးခြားမှု တချို့ကိုလည်း မျှဝေပေးခဲ့ပါတယ်။ ဝါတွင်းမေတ္တာ အဓိဌာန် ပြီးခါနီး တစ်ပတ်အလို သူဝင်လာတယ်…တတိယ အကြိမ်စစ်ဆေးမှု နဲ့ စတုထ္တအကြိမ် စစ်ဆေးမှုအပြီး…မင်းလာမယ် ဆိုတာ သေချာနေပါပြီဘေဘီရယ် …စစ်တိုင်းလည်း အိမ်မြောင်တွေ စုပ်ထိုးလို့ မေတ္တာဝန်းရံနေကြသဖွယ် ဆိုပြီး ရေးသားမျှဝေ လာပါတယ်။

ဘာသာတရားရိုသေကိုင်းရှိုင်းပြီး မေတ္တာ ဓာတ်ကြီးမားတဲ့ စည်ဖြိုးတို့မိသားစုလေး ထဲကို ကလေးလေး ကတော့ ကံကောင်းခြင်းအပြည့်နဲ့ ရောက်ရှိလာ ခဲ့တာ အမှန်ပါပဲ ပရိသတ်ကြီးရေ.. စည်ဖြိုးနဲ့ခင်လွှမ်း တို့လည်း ဘဝထဲကို ဝင်ရောက်လာတဲ့ ကလေးလေးနဲ့အတူ ပျော်ရွှင်စွာအသက်ထက်ဆုံး နေထိုင်သွားနိုင်ပြီး အနုပညာအလုပ် တွေလည်း ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source – Si Phyo

About the author

Ms Cele

Leave a Comment