Celebrity

ကိုယ္ေတာင္မလုပ္ရဲတဲ့ တစ္ခ်ိဳ႕ကိစၥေတြကို လုပ္ေဆာင္ေပးတဲ့ၿမိဳ႕နယ္တစ္ခ်ိဳ႕က ျပည္သူေတြအားေလးစားဂုဏ္ယူတာကို ေႁမွာက္ေပးတယ္ေျပာလည္းမတတ္ႏိုင္ဘူးလို႕ဆိုလာတဲ့ မင္းေမာ္ကြန္း

Written by Ms Cele

ကိုယ္ေတာင္မလုပ္ရဲတဲ့ တစ္ခ်ိဳ႕ကိစၥေတြကို လုပ္ေဆာင္ေပးတဲ့ၿမိဳ႕နယ္တစ္ခ်ိဳ႕က ျပည္သူေတြအားေလးစားဂုဏ္ယူတာကို ေႁမွာက္ေပးတယ္ေျပာလည္းမတတ္ႏိုင္ဘူးလို႕ဆိုလာတဲ့ မင္းေမာ္ကြန္း

သ႐ုပ္ေဆာင္ မင္းေမာ္ကြန္း ကေတာ့ ေဖေဖာ္ဝါရီလမွ စတင္ၿပီး လူထုလႈ ပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႔အတူ တက္ႂကြစြာ ပူးေပါင္းပါဝင္ ေနတာလည္း ျဖစ္ပါတယ္။ ေန႔စဥ္ရက္ဆက္ လမ္းေပၚထြက္ကာ ရင္ထဲက ဆႏၵအမွန္တရားေတြကို ထုတ္ေဖာ္ျပသ ေနတာေၾကာင့္ ပရိသတ္ေတြကပါ အားက် အတုယူ ေနၾကရတာပါ။ လတ္တေလာ အေျခအေနေတြေၾကာင့္ တိမ္းေရွာင္ေန ရေပမယ့္လည္း သူ႔ရဲ့ လူမႈကြန္ယက္မွေနၿပီး သတင္း အခ်က္အလက္ေတြကို ေဝမၽွေပးေနတာပါ။

မၾကာေသးခင္ နာရီပိုင္းေလာက္ ကလည္း မင္းေမာ္ကြန္း ရဲ့ Facebook အေကာင့္တြင္ သူေတာင္ မလုပ္ရဲတဲ့ ကိစၥေတြကို သတၱိရွိရွိပါဝင္ ေနၾကတဲ့ ၿမိဳ႕နယ္တစ္ခ်ိဳ႕က ျပည္သူေတြအား ေလးစားဂုဏ္ယူေနေၾကာင္းကို ေရးသားေဝမၽွေပးထားတာပါ။ အခု လက္ရွိမွာလည္း အမွန္တရား ဘက္က ရပ္တည္တဲ့သူမွန္သမၽွ တတ္နိုင္တဲ့ ဘက္ကေန လူထုလႈပ္ရွားမႈေတြမွာ ပါဝင္ ေနၾကတာဟာလည္း ဝမ္းသာစရာပါပဲေနာ္။

သူကလည္း ” ေျမႇာက္ေပးတယ္ ေျပာလည္းမတတ္နိုင္ဂ႐ုလည္းမစိုက္ ကိုယ္ေတာင္ မလုပ္ရဲတဲ့တစ္ခ်ိဳ႕ကိစၥေတြ ကိုေတာ့ ေလးစားေၾကာင္း ဂုဏ္ယူေၾကာင္းေလာက္ ကိုခ်ီးက်ဴးပါရေစ ဂုဏ္ျပဳပါရေစေတာင္ဒဂုံ ဒီမတိုင္ခင္စၿပီးအဖိခံရကတည္းက အနီေရာင္အဆင့္ေတာင္ မကေအာင္ေျခမုန္းခဲ့သမၽွ ခုထိအက်အဆုံးမ်ားစြာနဲ႔ႀကံ့ႀကံ့ခံေတာ္လွန္ေနတာဂုဏ္ယူေၾကာင္းေျပာပါရေစ လွိုင္ လူညီတယ္ ဘယ္လိုဖိဖိ တစ္ခုမဟုတ္တစ္ခု ကေတာ့ ထူးျခားေစရမယ္အေတြး အေခၚလည္းေကာင္းတယ္

ေလးစားပါရေစမုံရြာႀကိဳက္လိုက္တာဗ်ာ အရွိန္အဟုန္နဲ႔ခြန္နဲ႔အားနဲ႔ တက္ႂကြေန ဆဲသတၱိနဲ႔ ဆင္ျခင္တုန္တရားနဲ႔ေပါင္းစပ္ထားတဲ့ဒီလိုခြန္အားမ်ိဳး အားက်ပါရေစတမူး ၿမိဳ႕ေလးသာေသးတယ္ကေလး နာမယ္သာငယ္ေနမယ္ဂန႔္ေဂါ ၿမိဳ႕ကေလးသာေခါင္ရွာတာဒီၿမိဳ႕ေတြကျပည္သူေတြရဲ့ အရည္အေသြးနဲ႔ခြန္အားကေတာ့ မေသးငယ္ေစရေအာင္ ခမ္းနားႀကီးက်ယ္တဲ့ ကိုယ္ခ်င္းစာစိတ္မေခါင္းပါးတဲ့ၿမိဳ႕ငယ္ကေလးမ်ား ပါရဲရင့္လိုက္ၾကတာေလးစား ခ်စ္ခင္ဂုဏ္ယူေနပါေၾကာင္း ” ဆိုၿပီး ေရးသားထားတာျဖစ္တဲ့အတြက္ ပရိသတ္ေတြလည္း သိရွိေစရန္ တစ္ဆင့္ျပန္လည္ကူးယူ တင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account
Credit

ကိုယ်တောင်မလုပ်ရဲတဲ့ တစ်ချို့ကိစ္စတွေကို လုပ်ဆောင်ပေးတဲ့မြို့နယ်တစ်ချို့က ပြည်သူတွေအားလေးစားဂုဏ်ယူတာကို မြှောက်ပေးတယ်ပြောလည်းမတတ်နိုင်ဘူးလို့ဆိုလာတဲ့ မင်းမော်ကွန်း

သရုပ်ဆောင် မင်းမော်ကွန်း ကတော့ ဖေဖော်ဝါရီလမှ စတင်ပြီး လူထုလှု ပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင် နေတာလည်း ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒအမှန်တရားတွေကို ထုတ်ဖော်ပြသ နေတာကြောင့် ပရိသတ်တွေကပါ အားကျ အတုယူ နေကြရတာပါ။ လတ်တလော အခြေအနေတွေကြောင့် တိမ်းရှောင်နေ ရပေမယ့်လည်း သူ့ရဲ့ လူမှုကွန်ယက်မှနေပြီး သတင်း အချက်အလက်တွေကို ဝေမျှပေးနေတာပါ။

မကြာသေးခင် နာရီပိုင်းလောက် ကလည်း မင်းမော်ကွန်း ရဲ့ Facebook အကောင့်တွင် သူတောင် မလုပ်ရဲတဲ့ ကိစ္စတွေကို သတ္တိရှိရှိပါဝင် နေကြတဲ့ မြို့နယ်တစ်ချို့က ပြည်သူတွေအား လေးစားဂုဏ်ယူနေကြောင်းကို ရေးသားဝေမျှပေးထားတာပါ။ အခု လက်ရှိမှာလည်း အမှန်တရား ဘက်က ရပ်တည်တဲ့သူမှန်သမျှ တတ်နိုင်တဲ့ ဘက်ကနေ လူထုလှုပ်ရှားမှုတွေမှာ ပါဝင် နေကြတာဟာလည်း ဝမ်းသာစရာပါပဲနော်။

သူကလည်း ” မြှောက်ပေးတယ် ပြောလည်းမတတ်နိုင်ဂရုလည်းမစိုက် ကိုယ်တောင် မလုပ်ရဲတဲ့တစ်ချို့ကိစ္စတွေ ကိုတော့ လေးစားကြောင်း ဂုဏ်ယူကြောင်းလောက် ကိုချီးကျူးပါရစေ ဂုဏ်ပြုပါရစေတောင်ဒဂုံ ဒီမတိုင်ခင်စပြီးအဖိခံရကတည်းက အနီရောင်အဆင့်တောင် မကအောင်ခြေမုန်းခဲ့သမျှ ခုထိအကျအဆုံးများစွာနဲ့ကြံ့ကြံ့ခံတော်လှန်နေတာဂုဏ်ယူကြောင်းပြောပါရစေ လှိုင် လူညီတယ် ဘယ်လိုဖိဖိ တစ်ခုမဟုတ်တစ်ခု ကတော့ ထူးခြားစေရမယ်အတွေး အခေါ်လည်းကောင်းတယ်

လေးစားပါရစေမုံရွာကြိုက်လိုက်တာဗျာ အရှိန်အဟုန်နဲ့ခွန်နဲ့အားနဲ့ တက်ကြွနေ ဆဲသတ္တိနဲ့ ဆင်ခြင်တုန်တရားနဲ့ပေါင်းစပ်ထားတဲ့ဒီလိုခွန်အားမျိုး အားကျပါရစေတမူး မြို့လေးသာသေးတယ်ကလေး နာမယ်သာငယ်နေမယ်ဂန့်ဂေါ မြို့ကလေးသာခေါင်ရှာတာဒီမြို့တွေကပြည်သူတွေရဲ့ အရည်အသွေးနဲ့ခွန်အားကတော့ မသေးငယ်စေရအောင် ခမ်းနားကြီးကျယ်တဲ့ ကိုယ်ချင်းစာစိတ်မခေါင်းပါးတဲ့မြို့ငယ်ကလေးများ ပါရဲရင့်လိုက်ကြတာလေးစား ချစ်ခင်ဂုဏ်ယူနေပါကြောင်း ” ဆိုပြီး ရေးသားထားတာဖြစ်တဲ့အတွက် ပရိသတ်တွေလည်း သိရှိစေရန် တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account
Credit

About the author

Ms Cele

Leave a Comment