Celebrity


Written by Ms Cele









ကိုယ့်ဘက်က စပြီး ယောက်ျားလေး တွေကို ရည်းစားစကားပြောခဲ့ကြောင်း ပြောပြလာတဲ့ G

G( ခေါ် ) သက်ရတနာကျော်ဝင်း ဟာ The Voice Myanmar (Season 3) Blind Auditions သီချင်းဆို ပြိုင်ပွဲမှာ “It Will Rain” သီချင်းနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ တာဖြစ်ပြီး ပရိသတ်တွေကြား လူသိများ လာခဲ့တာဖြစ် ပါတယ် သူမဟာ ချမ်းသာ သူ မိဘ ၂ ပါးက ဆင်းသက်လာပေမယ့်
မောက်မာမှု မရှိဘဲ ပရဟိတ အလုပ်တွေကိုသာ တစိုက် မက်မက် လုပ်ကိုင်နေတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိလာခဲ့သူပါ

ယခုရက်ပိုင်း မီဒီယာ တွေ့ဆုံမှုတစ်ခုမှာတော့ G က ယောက်ကျားလေး တွေကို ကိုယ့်ဘက်က စပြီး ရည်းစားစကား ပြောဖြစ်ကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်

သူ့ကို Lesbian လို့ထင်ကြတာနဲ့ပတ်သတ်ပြီး
G က “ညီမကို Straight လားဆိုပြီး မေးကြတဲ့သူ တွေရှိတယ် အဲ့ဒါထင်ချင်စရာပဲ အရင်တုန်းက ဆံပင်ခါးလောက် ထိ ရှိနေတုန်းကဆိုရင် ယောကျာ်းလေးလို နေပေမယ့်လည်း သိသာတယ်ပေါ့ မိန်းကလေးဆိုတာ အဲ့လို Lesbian မဟုတ်ဘူး ဆိုတာ ဒါမဲ့ ထင်ချင်လည်းထင်ပေါ့ အဲ့ဒါအရေးမကြီးပါဘူး ဒါပေမယ့် ညီမက ယောကျာ်းလေးတွေပဲကြိုက်တာပါ” လို့ဆိုလာခဲ့တာပါ

“ငယ်ငယ်တုန်း ကတော့ ရည်းစားစကားလာပြောတာ ခံရဖူးတယ် ဒီ ဗမာပြည်က ယောကျာ်းလေးများသော အားဖြင့်ဆိုရင် ရည်းစားစကားပြောဖို့ကို အကြာကြီးတွေ လုပ်နေတာရှိတယ် သူကြိုက်နေတာလည်း သိတယ်ဆိုရင် ညီမတခါတလေ စိတ်မရှည်ရင် ကိုယ့်ဟာကိုယ်ပဲ အရင်ပြောလိုက်တယ် ရှုပ်လို့ အဲ့လို့ပဲ”

” ဘာလို့လဲဆိုတာ ညီမမရှင်းပြတတ်ဘူး ရည်းစားစကား ပြောတာက ငယ်ငယ်တုန်းကပဲဖြစ်တာ နောက်ပိုင်း ယောကျာ်းလေးဘက်က စရင်တောင်မှ အဲ့လိုကြီး နင့်ကို ကြိုက်တယ် မပြောဘူး သူ့ဟာသူ ဖြစ်ဖြစ်သွားတာ အဲ့တော့မရှင်းပြ တတ်ဘူး ညီမဘက်ကစရင်လည်း ဒီတိုင်းဖြစ်ဖြစ် သွားတာပဲ ရည်းစားကလေ ဟိုလိုကြီး ငါ့ကိုပြန်ကြိုက် လားတို့ ဘာတို့ထိမပြောဘူးလို့ ထင်တယ်”လို့ ဆိုလာခဲ့တာဖြစ်ပါတယ်

G ကတော့ ပွင့်လင်းရိုးသားသူပီပီ ယောက်ကျား လေးတွေကို ကိုယ့်ဘက်က စပြီး ရည်းစားစကား ပြောဖြစ်ကြောင်း ပြောပြလာခဲ့တာဖြစ် ပါတယ်နော် အဆုံးထိ ဖတ်ရှုပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်

ခရက်ဒစ်-ရွှေရောင်မြန်မာ

About the author

Ms Cele

Leave a Comment