Celebrity


Written by Ms Cele






ကိုယ့်အလုပ်ကို လုပ်နေတာတောင် အနှောက်အယှက်တွေ ရှိကြောင်း ပြောလာတဲ့ ခင်ဇာခြည်ကျော် ရဲ့သမီးလေး ထင်သစ္စာ

အကယ်ဒမီ ခင်ဇာခြည်ကျော် ကတော့ သူမနဲ့တူပြီး အနုပညာသွေး အပြည့်ပါတဲ့ သားနဲ့သမီးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ရဲ့ သားကြီး ဘုန်းမင်းနေလ ကတော့ သရုပ်ဆောင် ဝါသနာပါသလို သမီးငယ် ထင်သစ္စာ ကတော့ ဂီတဝါသနာပါသူ တစ်ယောက် ဖြစ်ပါတယ်။ ဘုန်းမင်းနေလ ကလည်း အနုပညာအလုပ်တွေ လုပ်သလို ထင်သစ္စာ ကတော့ ကျောင်းပညာရေး တစ်ဖက်နဲ့ မေမေ့ရဲ့ အလုပ်တွေကို ကူညီပြီး လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

မေမေနဲ့ အတူတူ အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချ ပေးနေတဲ့ ထင်သစ္စာကတော့ (၁၆) နှစ်အရွယ်လေးနဲ့ အလုပ်တွေ လုပ်နေတာတောင် အနှောက်အယှက်တွေ ရှိကြောင်း အခုလိုပဲ ရင်ဖွင့်ပြောပြ လာပါတယ်။ ထင်သစ္စာက “ကိုယ့်အလုပ်ကို လုပ်နေတာတောင် အနှောင့်အယှက်တွေ ကလည်း များလိုက်တာ ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရင်ဖွင့်ပြောပြလာတာပဲ ဖြစ်ပါတယ်။

ထင်သစ္စာကတော့ (၁၆) နှစ်အရွယ်လေး နဲ့တောင် အလုပ်တွေ ကြိုးစားနေတာကို နှောင့်ယှက်ကြသူတွေ ရှိကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။ မိသားစုအပေါ် သိတတ်တဲ့ ထင်သစ္စာ တစ်ယောက် အစစ အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment