Celebrity


Written by Ms Cele






ကိုယ့်team အတွက် အကောင်းဆုံးဖြစ်မဲ့ စကားလုံးတိုင်း ပြောဆိုရာမှာ support ပေးခဲ့ကြတဲ့ ဒိုင်(၃)ယောက်ကို ကျေးဇူးတင် စကားဆို လိုက်တဲ့ ရန်ရန်ချမ်း

ပရိသတ်ကြီးရေ ရန်ရန်ချမ်း ကတော့ Rapဘုရင်တွေထဲက တစ်ပါးလို့တောင်ဆို ရမှာပါ။ ဂျူနီယာ Rapperလေးတွေ ကိုလည်း လက်တွဲခေါ်ယူတတ်တဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ချစ်စရာဇနီးလေးနဲ့ အတူ သားလေး တစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်သာယာတဲ့အိမ်ထောင်​ရေးကို ပိုင်ဆိုင်ထားတာပါ။

လတ်တလော မှာလည်း ဖေဖော်ဝါရီလမှာ ရိုက်ကူး ခဲ့တဲ့ The Voice Myanmar Season 3မှာ ဒိုင်အဖြစ် ပါဝင်ခဲ့ပြီးမနေ့ကကျရောက်တဲ့ ဒီဇာင်ဘာလ၂ဝရက်နေ့မှာတော့ Finalပြိုင်ပွဲ ကြီးပြီးဆုံးသွား ခဲ့ပါပြီနော်။ ပြိုင်ပွဲမှာ Team အာဇာနည်က Winnerဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ရန်ရန်ချမ်း ကတော့ ဒီနေ့မှာ” သို့ / ခုံနီးနားခြင်းများရိုက်ကူးရေး တောက်လျှောက် ဘာplot မှမရှိပဲကိုယ်တွေရဲ့လှုပ်ရှားမှုတိုင်း နှုတ်ထွက်စကားတိုင်းကိုရိုက်ကူးနေစဉ် ကိုယ့်team အတွက်အကောင်းဆုံး ဖြစ်မဲ့စကားလုံးတိုင်းပြောဆိုကြရာမှာ တစ်ယောက်နဲ့ တစ်ယောက်စိတ်မဆိုးပဲ အကောင်းဆုံး support ပေးခဲ့ကြတာတွေကို အထူးအထူးချစ်ခင် လေးစားပါကြောင်း”ဆိုတဲ့စာလေးနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမှာ ဖော်ပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။

Credit:Myanmar Cele- Cafe

About the author

Ms Cele

Leave a Comment