Celebrity

ကိုယ္၀န္ေဆာင္ရင္ ကေလးေမြးရမွာထက္ ပိုေၾကာက္တဲ့ အရာတစ္ခုကိုေျပာျပလာတဲ့ ျမတ္ရတနာေက်ာ္

Written by Ms Cele

ကိုယ္၀န္ေဆာင္ရင္ ကေလးေမြးရမွာထက္ ပိုေၾကာက္တဲ့ အရာတစ္ခုကိုေျပာျပလာတဲ့ ျမတ္ရတနာေက်ာ္

ခ်စ္စရာေကာင္းတဲ့ ရွမ္းမေလး ျမတ္ရတနာေက်ာ္ ကေတာ့ အဆိုေတာ္လႊမ္းပိုင္ရဲ့ “တစ္ခါကတကၠသိုလ္” သီခ်င္းမွာ ပါဝင္သရုပ္ေဆာင္ရင္း ပရိသတ္ေတြရဲ့ စိတ္ဝင္စားအားေပးျခင္းကို ခံခဲ့ရသူ တစ္ေယာက္ ျဖစ္ပါတယ္။ အရုပ္ေလးတစ္ရုပ္လို ခ်စ္စရာေကာင္းလြန္းတဲ့ ျမတ္ရတနာေက်ာ္က အဆိုေတာ္ Ah Boy နဲ့ အိမ္ေထာင္က်ျပီး ခ်စ္စရာေကာင္းတဲ့ သမီးေလး တစ္ေယာက္ကို ေမြးဖြားထားတာပဲ ျဖစ္ပါတယ္။ အခုဆိုရင္ ဒုတိယေျမာက္ ကိုယ္ဝန္ကို လြယ္ေဆာင္ထားရျပီျဖစ္တဲ့ ျမတ္ရတနာေက်ာ္က ကေလးေမြးရမွာထက္ ပိုေၾကာက္တဲ့ အရာတစ္ခုကို ေျပာျပလာတာကို ေတြ့ရပါတယ္။

ျမတ္ရတနာေက်ာ္က “ပထမဗိုက္ ေမြးခါနီးထိ အလူးအလဲ အန္ ,တစ္ေန႔လုံး တစ္ညလုံးမူး/အန္ အိပ္ရာ နဲ႔ အိမ္သာအိုး မ်က္ႏွာအပ္ထားရတယ္။ ဒုတိယဗိုက္ ပထမဗိုက္ေလာက္မဆိုးေပမယ့္ တစ္ေန႔လုံး မအီမသာျဖစ္ ,ျမင္သမွ်အန္ခ်င္ ,ပါးစပ္ ပ်က္ ေရေသာက္ေရခါး ဘာစားစာအဆင္မေျပဘူး။ ကေလးေမြးရမွာ ခြဲခန္းထဲဝင္ရမွာ မေၾကာက္ဘူး။ ဗိုက္ႀကီးရင္ ျဖစ္တဲ့ the whole day sickness ကိုပဲ တကယ္ တအားေၾကာက္တယ္ 😢 September ကိုျမန္ျမန္ေရာက္ခ်င္ၿပီ😢” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္ စာမ်က္နွာမွာ ေျပာလာတာပဲ ျဖစ္ပါတယ္။

ျမတ္ရတနာေက်ာ္ ကေတာ့ ကိုယ္ဝန္ေဆာင္မိခင္ တစ္ေယာက္ပီပီ ကိုယ္လက္ မအီမသာျဖစ္တာေတြ၊ ခႏၶာကိုယ္ ေဟာ္မုန္းေျပာင္းလဲ တာေတြကို ကေလးေမြးရမွာထက္ အေၾကာက္ဆံုးပဲလို့ ေျပာလာတာပဲ ျဖစ္ပါတယ္။ ျမတ္တစ္ေယာက္ ဒုတိယေျမာက္ ရင္ေသြးေလးကို အခက္အခဲ မရိွ ေမြးဖြားနိုင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾက ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။

Source: Myat Yadanar Kyaw’s fb
Credit:Cele Connections

ကိုယ်ဝန်ဆောင်ရင် ကလေးမွေးရမှာထက် ပိုကြောက်တဲ့ အရာတစ်ခုကိုပြောပြလာတဲ့ မြတ်ရတနာကျော်

ချစ်စရာကောင်းတဲ့ ရှမ်းမလေး မြတ်ရတနာကျော် ကတော့ အဆိုတော်လွှမ်းပိုင်ရဲ့ “တစ်ခါကတက္ကသိုလ်” သီချင်းမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးခြင်းကို ခံခဲ့ရသူ တစ်ယောက် ဖြစ်ပါတယ်။ အရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းလွန်းတဲ့ မြတ်ရတနာကျော်က အဆိုတော် Ah Boy နဲ့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက်ကို မွေးဖွားထားတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဒုတိယမြောက် ကိုယ်ဝန်ကို လွယ်ဆောင်ထားရပြီဖြစ်တဲ့ မြတ်ရတနာကျော်က ကလေးမွေးရမှာထက် ပိုကြောက်တဲ့ အရာတစ်ခုကို ပြောပြလာတာကို တွေ့ရပါတယ်။

မြတ်ရတနာကျော်က “ပထမဗိုက် မွေးခါနီးထိ အလူးအလဲ အန် ,တစ်နေ့လုံး တစ်ညလုံးမူး/အန် အိပ်ရာ နဲ့ အိမ်သာအိုး မျက်နှာအပ်ထားရတယ်။ ဒုတိယဗိုက် ပထမဗိုက်လောက်မဆိုးပေမယ့် တစ်နေ့လုံး မအီမသာဖြစ် ,မြင်သမျှအန်ချင် ,ပါးစပ် ပျက် ရေသောက်ရေခါး ဘာစားစာအဆင်မပြေဘူး။ ကလေးမွေးရမှာ ခွဲခန်းထဲဝင်ရမှာ မကြောက်ဘူး။ ဗိုက်ကြီးရင် ဖြစ်တဲ့ the whole day sickness ကိုပဲ တကယ် တအားကြောက်တယ် 😢 September ကိုမြန်မြန်ရောက်ချင်ပြီ😢” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြောလာတာပဲ ဖြစ်ပါတယ်။

မြတ်ရတနာကျော် ကတော့ ကိုယ်ဝန်ဆောင်မိခင် တစ်ယောက်ပီပီ ကိုယ်လက် မအီမသာဖြစ်တာတွေ၊ ခန္ဓာကိုယ် ဟော်မုန်းပြောင်းလဲ တာတွေကို ကလေးမွေးရမှာထက် အကြောက်ဆုံးပဲလို့ ပြောလာတာပဲ ဖြစ်ပါတယ်။ မြတ်တစ်ယောက် ဒုတိယမြောက် ရင်သွေးလေးကို အခက်အခဲ မရှိ မွေးဖွားနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Myat Yadanar Kyaw’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment