Celebrity

ကိုယ္၀န္ေဆာင္ ခ်စ္ဇနီးေခ်ာေလးနဲ႕ ခ်စ္စရာေကာင္းတဲ့ သားေလးတို႕နဲ႕အတူ သာယာတဲ့ ညေနခင္းေလးမွာ အပန္းေျဖေနၾကတဲ့ ျမင့္ျမတ္တို႕မိသားစု

Written by Ms Cele

ကိုယ္၀န္ေဆာင္ ခ်စ္ဇနီးေခ်ာေလးနဲ႕ ခ်စ္စရာေကာင္းတဲ့ သားေလးတို႕နဲ႕အတူ သာယာတဲ့ ညေနခင္းေလးမွာ အပန္းေျဖေနၾကတဲ့ ျမင့္ျမတ္တို႕မိသားစု

မင္းသားေခ်ာ ျမင့္ျမတ္ ကေတာ့ျပီးခဲ့တဲ့ (၂၀၁၇)ခုနွစ္မွာ အိမ္ေထာင္က်ျပီး သာယာ ေအးခ်မ္းတဲ့ မိသားစုဘဝေလးကို တည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။ ျမင့္ျမတ္က ငယ္ငယ္ကတည္းက ခ်စ္ခဲ့ရတဲ့ မႏၱေလးသူေလး မခင္သူေအာင္နဲ့အတူတူ ခ်စ္စရာေကာင္းတဲ့ သားေလး ျမတ္သူကို ေမြးဖြားထားျပီး ကေလးေဖေဖ တစ္ေယာက္အေနနဲ့ အနုပညာ အလုပ္ေတြကို ဆက္လက္ လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။ ျမင့္ျမတ္တစ္ေယာက္ အိမ္ေထာင္က်သြားေပမယ့္ ပရိသတ္ေတြကေတာ့ အရင္ကအတိုင္း ခ်စ္ခင္အားေပးေနၾကဆဲျဖစ္ျပီး ျမင့္ျမတ္ရဲ့ ဇနီးေခ်ာေလးနဲ့ သားေလးျမတ္သူ ကိုလည္း ခ်စ္ေပးၾကတာပဲ ျဖစ္ပါတယ္။

လက္ရိွ ရုပ္ရွင္ဇာတ္ကား ရိုက္ကူးျခင္းေတြ ရပ္နားထားတဲ့ ျမင့္ျမတ္ ကေတာ့ သူ့အတြက္ အားလပ္ခ်ိန္ေတာ္ေတာ္ မ်ားမ်ားရိွေနခဲ့တာျဖစ္ျပီး သူ့ရဲ့ မိသားစုေလး အရင္ကထက္ပိုျပီးအခ်ိန္ေပးျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ျမင့္ျမတ္က ရာသီဥတုသာယာတဲ့ ေန့ေလးမွာ ခ်စ္ဇနီးနဲ့ သားေလးကို ေခၚျပီး ညေနခင္းဆည္းဆာၾကည့္ အပန္းေျဖခဲ့ေၾကာင္းကို “သာယာတဲ့ေနရာေလးမွာ ညေနခင္းဆည္ဆားၾကည့္ရင္း လမ္းထြက္ေလွ်ာက္ with family …” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္ စာမ်က္နွာမွာ မိသားစုပံုရိပ္ေတြကို မွ်ေဝေပးလာပါတယ္။

ျမင့္ျမတ္ကေတာ့ အခုဆိုရင္ ခ်စ္စရာေကာင္းတဲ့ သားေလး ျမတ္သူကို ပိုင္ဆိုင္ထားတဲ့ အျပင္ သူ့ရဲ့ဇနီး မခင္သူေအာင္ကလည္း ေနာက္ထပ္ကိုယ္ဝန္ကို လြယ္ေဆာင္ထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ျမင့္ျမတ္တို့ မိသားစုေလးကို ၾကည့္ျပီး အေပ်ာ္ေတြကူးစက္ သြားမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

ကိုယ်ဝန်ဆောင် ချစ်ဇနီးချောလေးနဲ့ ချစ်စရာကောင်းတဲ့ သားလေးတို့နဲ့အတူ သာယာတဲ့ ညနေခင်းလေးမှာ အပန်းဖြေနေကြတဲ့ မြင့်မြတ်တို့မိသားစု

မင်းသားချော မြင့်မြတ် ကတော့ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ်မှာ အိမ်ထောင်ကျပြီး သာယာ အေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်က ငယ်ငယ်ကတည်းက ချစ်ခဲ့ရတဲ့ မန္တလေးသူလေး မခင်သူအောင်နဲ့အတူတူ ချစ်စရာကောင်းတဲ့ သားလေး မြတ်သူကို မွေးဖွားထားပြီး ကလေးဖေဖေ တစ်ယောက်အနေနဲ့ အနုပညာ အလုပ်တွေကို ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ မြင့်မြတ်တစ်ယောက် အိမ်ထောင်ကျသွားပေမယ့် ပရိသတ်တွေကတော့ အရင်ကအတိုင်း ချစ်ခင်အားပေးနေကြဆဲဖြစ်ပြီး မြင့်မြတ်ရဲ့ ဇနီးချောလေးနဲ့ သားလေးမြတ်သူ ကိုလည်း ချစ်ပေးကြတာပဲ ဖြစ်ပါတယ်။

လက်ရှိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခြင်းတွေ ရပ်နားထားတဲ့ မြင့်မြတ် ကတော့ သူ့အတွက် အားလပ်ချိန်တော်တော် များများရှိနေခဲ့တာဖြစ်ပြီး သူ့ရဲ့ မိသားစုလေး အရင်ကထက်ပိုပြီးအချိန်ပေးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မြင့်မြတ်က ရာသီဥတုသာယာတဲ့ နေ့လေးမှာ ချစ်ဇနီးနဲ့ သားလေးကို ခေါ်ပြီး ညနေခင်းဆည်းဆာကြည့် အပန်းဖြေခဲ့ကြောင်းကို “သာယာတဲ့နေရာလေးမှာ ညနေခင်းဆည်ဆားကြည့်ရင်း လမ်းထွက်လျှောက် with family …” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ မိသားစုပုံရိပ်တွေကို မျှဝေပေးလာပါတယ်။

မြင့်မြတ်ကတော့ အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေး မြတ်သူကို ပိုင်ဆိုင်ထားတဲ့ အပြင် သူ့ရဲ့ဇနီး မခင်သူအောင်ကလည်း နောက်ထပ်ကိုယ်ဝန်ကို လွယ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြင့်မြတ်တို့ မိသားစုလေးကို ကြည့်ပြီး အပျော်တွေကူးစက် သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment