Celebrity

ကိုယ်ဝန်ဆောင် နေချိန်မှာ မိခင်ရင်း သဖွယ် အရမ်း ဂရုစိုက်တတ်တဲ့ ယောက္ခမ ရဲ့မေတ္တာကြောင့် ၀မ်းသာပီတိ ဖြစ်နေတဲ့ ခင်လွှမ်း

Written by Ms Cele

ကိုယ်ဝန်ဆောင် နေချိန်မှာ မိခင်ရင်း သဖွယ် အရမ်း ဂရုစိုက်တတ်တဲ့ ယောက္ခမ ရဲ့မေတ္တာကြောင့် ၀မ်းသာပီတိ ဖြစ်နေတဲ့ ခင်လွှမ်း





ကိုယ်ဝန်ဆောင် နေချိန်မှာ မိခင်ရင်း သဖွယ် အရမ်း ဂရုစိုက်တတ်တဲ့ ယောက္ခမ ရဲ့မေတ္တာကြောင့် ဝမ််းသာပီတိ ဖြစ်နေတဲ့ ခင်လွှမ်း

သရုပ်ဆောင် ခင်လွှမ်းကတော့ ဂစ်တာရှိတ်လေးလို ခန္ဓာကိုယ် ကောက်ကြောင်း အလှကြောင့် အမျိုးသား ပရိသတ်တွေရဲ့ အားပေးဝန်းရံမှု ကို အခိုင်အမာရရှိထားသူ တစ်ယောက် ဖြစ်ပါတယ်။ ခင်လွှမ်းက အခုဆိုရင် သူမရဲ့ချစ်သူ စည်ဖြိုးနဲ့ ရင်သွေးလေးကို လွယ်ဆောင် ထားရပြီမို့ နှစ်ဦးသဘောတူ လက်ထပ် ခဲ့ကြပြီ ဖြစ်ပါတယ်။ ခင်လွှမ်းကတော့ အိမ်ထောင်မပြုခင်ကတည်းက စည်ဖြိုးတို့ မိသားစုနဲ့ အတူတူ နေထိုင်ခဲ့တာမို့ စည်ဖြိုးရဲ့ မိဘနှစ်ပါးနဲ့လည်း သူမရဲ့ မိသားစု အရင်းလို ရှိပြီးသားပဲ ဖြစ်ပါတယ်။

အခုဆိုရင် ပထမဦးဆုံး ရင်သွေးလေးကို လွယ်ဆောင် ထားရတဲ့ ခင်လွှမ်းကတော့ သူမရဲ့မိဘတွေနဲ့ အနေဝေး နေချိန်မှာ စည်ဖြိုးရဲ့ မိသားစုတွေဆီက နွေးထွေးတဲ့ မေတ္တာတွေကို အပြည့်အဝရရှိနေတာပဲ ဖြစ်ပါတယ်။ စည်ဖြိုးရဲ့မိခင်ကလည်း သူမအပေါ် အမေရင်းနဲ့မချား ဂရုစိုက်ပြီး နေ့စဉ်အာဟာရရှိအောင် ကျွေးမွေးနေ တာကြောင့် “ချစ်ယောက္ခမရဲ့ နေ့စဉ် စေတနာမေတ္တာ 😍🥰😘အားကြီးချစ် မေကြီး မွမွ 😍🥰😘” ဆိုပြီး ယောက္ခမရဲ့ မေတ္တာတွေကို ခံစားပီတိဖြစ် နေတာပဲ ဖြစ်ပါတယ်။

ခင်လွှမ်းကတော့ အိမ်ထောင် မကျခင်အချိန် ကတည်းက စည်ဖြိုးရဲ့မိခင်ကို သူမရဲ့ မိဘသဖွယ် သဘောထား သူဖြစ်ပြီး စည်ဖြိုးရဲ့မေမေကလည်း ခင်လွှမ်းအပေါ် သမီးအရင်းလေး သဖွယ် ချစ်ရှာတာပဲ ဖြစ်ပါတယ်။ ခင်လွှမ်းကတော့ တကယ့်ကို အိမ်ထောင်ကျ ကံကောင်းသူ အမျိုးသမီးလေးတစ်ယောက်ပါပဲနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ခရက်ဒစ်-ဆယ်လီကော်နယ်ရှင်

About the author

Ms Cele

Leave a Comment