Celebrity

ကိုယ္၀န္ႀကီးနဲ့ ဇနီးေလးကို ဘယ္လိုမွ ေျပာလို႔မႏိုင္ေတာ့ဘူး ဆိုတဲ့ စည္ၿဖိုး

Written by Ms Cele

ကိုယ္၀န္ႀကီးနဲ့ ဇနီးေလးကို ဘယ္လိုမွ ေျပာလို႔မႏိုင္ေတာ့ဘူး ဆိုတဲ့ စည္ၿဖိုး

ပရိသတ္ႀကီးေရ သရုပ္ေဆာင္၊ အဆိုေတာ္ စည္ျဖိဳး ကေတာ့ အနုပညာ အလုပ္ေတြကို ဆက္တိုက္ ဆိုသလို လုပ္ကိုင္ ေနျပီး ျပီးခဲ့တဲ့လပိုင္း အတြင္း ကလည္း ထိုင္းရုပ္သံ ဇာတ္လမ္းတြဲ တစ္ခုမွာ ပါဝင္ သရုပ္ေဆာင္ခဲ့ေသးတာ ျဖစ္ပါတယ္။ စည္ျဖိဳးက ဘာသာေရး ကိုလည္း အထူးျပဳလုပ္တဲ့ လူငယ္ တစ္ေယာက္ျဖစ္သလို သူ့ရဲ့ခ်စ္သူ ခင္လႊမ္း နဲ့လည္း သာယာတဲ့ ခ်စ္သူဘဝေလးကို တည္ေဆာက္ ထားတာပဲ ျဖစ္ပါတယ္။ အခုဆိုရင္ နွစ္ဖက္မိဘ သေဘာတူၾကည္ျဖဴစြာနဲ့ ေရႊလက္တြဲ လိုက္ၾကျပီျဖစ္တဲ့ စည္ျဖိဳးတို့ ခ်စ္သူနွစ္ေယာက္ ကေတာ့ တစ္အိမ္တည္းေနျပီး မိသားစုဘဝေလး ကို တည္ေဆာက္ေနျပီ ျဖစ္ပါတယ္။

လတ္တေလာ မွာေတာ့ ဇနီးေခ်ာေလးက ကိုယ္ဝန္လြယ္ ထားရၿပီျဖစ္လို႔အရမ္းကို ေပ်ာ္ရႊင္ၾကည္ႏူးပီတိျဖစ္လို႔ေနပါတယ္ေနာ္။ကိုယ္ဝန္ လြယ္ထားရတဲ့ ဇနီးေခ်ာေလးက အိမ္အလုပ္ ေတြကိုလည္း မနားမေနလုပ္ ကိုင္ေနတာေၾကာင့္ စည္ၿဖိဳးက”ဗိုက္ႀကီးသည္ျဖစ္သြားလည္း ေျပာမရဘူး ကူလည္းလုပ္လို႔မရဘူး ေယာက်ားအဝတ္စားေတြ ေဘာင္းဘီေတြလည္း ယူယူဝတ္ေနတယ္ မနားနိုင္ေသးေသာဗိုက္ႀကီးသည္ စကားအမ်ားႀကီးလည္းေျပာတယ္”ဆိုၿပီး ခ်စ္ဇနီးေလးအေၾကာင္းကို သူ႔ရဲ့လူမႈကြန္ယက္ စာမ်က္ႏွာမွာ တင္ျပခဲ့ပါတယ္။

ယခုဆိုရင္ ေတာ့ စည္ၿဖိဳးနဲ႔ဇနီးေခ်ာေလး ခင္လႊမ္းတို႔ဟာ မဂၤလာဆြမ္းေကၽြးလည္းျပဳလုပ္ ခဲ့ၾကၿပီးၿပီျဖစ္လို႔ ေရာက္ရွိလာမယ့္ ေဘဘီေလးကို မိဘေမတၱာ အျပည့္နဲ႔ ေစာင့္ေမၽွာ္ႀကိဳဆို ေနၾကတာပဲျဖစ္ပါတယ္။ေရာက္ရွိလာမယ့္ေဘဘီေလး ကလည္း ေဖေဖေမေမ တို႔ရဲ့အေခ်ာေတြစုၿပီး ေရႊအဆင္းလို လွပေနမွာအမွန္ ပါပဲေနာ္။စည္ၿဖိဳးတို႔ဇနီးေမာင္ႏွံႏွစ္ေယာက္ သာယာေပ်ာ္ရႊင္ စရာေကာင္းတဲ့ မိသားစုေလးကို ပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ ဖတ္ရႈေပးတဲ့ပရိသတ္ႀကီးကိုလည္း အထူးပဲေက်းဇူးတင္ရိွပါတယ္ေနာ္။

Crd

ကိုယ်ဝန်ကြီးနဲ့ ဇနီးလေးကို ဘယ်လိုမှ ပြောလို့မနိုင်တော့ဘူး ဆိုတဲ့ စည်ဖြိုး

ပရိသတ်ကြီးရေ သရုပ်ဆောင်၊ အဆိုတော် စည်ဖြိုး ကတော့ အနုပညာ အလုပ်တွေကို ဆက်တိုက် ဆိုသလို လုပ်ကိုင် နေပြီး ပြီးခဲ့တဲ့လပိုင်း အတွင်း ကလည်း ထိုင်းရုပ်သံ ဇာတ်လမ်းတွဲ တစ်ခုမှာ ပါဝင် သရုပ်ဆောင်ခဲ့သေးတာ ဖြစ်ပါတယ်။ စည်ဖြိုးက ဘာသာရေး ကိုလည်း အထူးပြုလုပ်တဲ့ လူငယ် တစ်ယောက်ဖြစ်သလို သူ့ရဲ့ချစ်သူ ခင်လွှမ်း နဲ့လည်း သာယာတဲ့ ချစ်သူဘဝလေးကို တည်ဆောက် ထားတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် နှစ်ဖက်မိဘ သဘောတူကြည်ဖြူစွာနဲ့ ရွှေလက်တွဲ လိုက်ကြပြီဖြစ်တဲ့ စည်ဖြိုးတို့ ချစ်သူနှစ်ယောက် ကတော့ တစ်အိမ်တည်းနေပြီး မိသားစုဘဝလေး ကို တည်ဆောက်နေပြီ ဖြစ်ပါတယ်။

လတ်တလော မှာတော့ ဇနီးချောလေးက ကိုယ်ဝန်လွယ် ထားရပြီဖြစ်လို့အရမ်းကို ပျော်ရွှင်ကြည်နူးပီတိဖြစ်လို့နေပါတယ်နော်။ကိုယ်ဝန် လွယ်ထားရတဲ့ ဇနီးချောလေးက အိမ်အလုပ် တွေကိုလည်း မနားမနေလုပ် ကိုင်နေတာကြောင့် စည်ဖြိုးက”ဗိုက်ကြီးသည်ဖြစ်သွားလည်း ပြောမရဘူး ကူလည်းလုပ်လို့မရဘူး ယောကျားအဝတ်စားတွေ ဘောင်းဘီတွေလည်း ယူယူဝတ်နေတယ် မနားနိုင်သေးသောဗိုက်ကြီးသည် စကားအများကြီးလည်းပြောတယ်”ဆိုပြီး ချစ်ဇနီးလေးအကြောင်းကို သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ တင်ပြခဲ့ပါတယ်။

ယခုဆိုရင် တော့ စည်ဖြိုးနဲ့ဇနီးချောလေး ခင်လွှမ်းတို့ဟာ မင်္ဂလာဆွမ်းကျွေးလည်းပြုလုပ် ခဲ့ကြပြီးပြီဖြစ်လို့ ရောက်ရှိလာမယ့် ဘေဘီလေးကို မိဘမေတ္တာ အပြည့်နဲ့ စောင့်မျှော်ကြိုဆို နေကြတာပဲဖြစ်ပါတယ်။ရောက်ရှိလာမယ့်ဘေဘီလေး ကလည်း ဖေဖေမေမေ တို့ရဲ့အချောတွေစုပြီး ရွှေအဆင်းလို လှပနေမှာအမှန် ပါပဲနော်။စည်ဖြိုးတို့ဇနီးမောင်နှံနှစ်ယောက် သာယာပျော်ရွှင် စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်နော်။

Crd

About the author

Ms Cele

Leave a Comment