Knowledge

ကိုရို နာ ဗိုင္းရပ္စ္ ဟာ လက္ေပၚ မွာ ဘယ္ေလာက္ ၾကာၾကာ အသက္ ရွင္ နိုင္ လဲ?

Written by Ms Cele

ကိုရို နာ ဗိုင္းရပ္စ္ ဟာ လက္ေပၚ မွာ ဘယ္ေလာက္ ၾကာၾကာ အသက္ ရွင္ နိုင္ လဲ?

ဒါအေရးႀကီး တဲ့ ေမးခြန္း ျဖစ္ပါ တယ္။ ခဏခဏ ေမးၾကတဲ့ ေမးခြန္း ပါ။ လက္ေပၚမွာ ဘယ္ေလာက္ ၾကာၾကာ အသက္ရွင္ သလဲသိမွ ေရာဂါ ဘယ္လို ကူးလြယ္ သလဲ သိမွာျဖစ္ပါတယ္။

အရင္တုန္းက အေမရိကန္ က သုေသသ နပညာရွင္ေတြက အရာဝတၳဳေတြေပၚမွာ ဘယ္ေလာက္ ၾကာၾကာ အသက္ရွင္သလဲ စမ္းသပ္ ခဲ့ေပမယ့္ လူရဲ့အေရျပားေပၚမွာ မစမ္းသပ္ခဲ့ပါ။ ေဆးပညာက်င့္ဝတ္အရ လူရဲ့အေရျပားေပၚကို ေရာဂါပိုးတင္ၿပီး စမ္းဖို႔ မသင့္လို႔ျဖစ္ပါတယ္။

က်ေနာ္ေျခာက္တန္း တုန္းက ဖတ္ဖူးခဲ့တဲ့ Microbes hunters ဆိုတဲ့ စာအုပ္ကိုသြားသတိရပါတယ္။ မိုက္ခရိုစကုပ္ ကို စထြင္ခဲ့ကာ ေရာဂါပိုးကိုပထမဆုံး စေတြ႕ခဲ့တဲ့ Leeuwenhoek တို႔၊ Spallanzani တို႔သာရွိရင္ က်ိန္းေသကိုယ့္အသားေပၚကိုယ္တင္ၿပီးစမ္းသပ္ၾကမွာပါ။

ဂ်ပန္နိုင္ငံက Dr Ryohei Hirose ဦးေဆာင္တဲ့ အဖြဲ႕ဟာ လူရဲ့အေရျပားကို autopsies ကယူၿပီး စမ္းသပ္ခဲ့ၾက ပါတယ္။ ကိုဗစ္ ျဖစ္ေစတဲ့ SARS-CoV-2 ဗိုင္းရပ္စ္နဲ႔ တုပ္ေကြး Influenza A ျဖစ္ေစတဲ့ ဗိုင္းရပ္စ္တို႔ကို ႏွိုင္းယွဥ္စမ္းသ ပ္ခဲ့ပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ SARS-CoV-2 ဟာ လူရဲ့အေရျပား ေပၚမွာ (၉.၀၄) နာရီၾက ာအသက္ရွင္ေနနိုင္တာကို ေတြ႕ရပါတယ္။

Influenza A ဗိုင္းရပ္စ္ဟာ လူရဲ့အေရျပားေပၚမွာ (၁.၈၂) နာရီၾကာအသက္ရွင္ေနနိုင္တာကိုေတြ႕ရပါတယ္။ ဒါကိုၾကည့္ျခင္းျဖင့္ ကိုဗစ္ ဟာ Influenza တုပ္ေကြးထက္ပိုၿပီးကူးစက္လြယ္ေနတာကို ေတြ႕ရပါတယ္။ က်ေနာ္တို႔ တုပ္ေကြးထက္ ပိုၿပီးဂ႐ုစိုက္ကာ မကူးစက္ေအာင္ သတိထား ေနရပါေတာ့မယ္။

အဲ့ဒီစမ္းသပ္မႈမွာ ကိုရိုနာ ဗိုင္းရပ္စ္ SARS-CoV-2 ကို သဘာဝအတိုင္း လူေတြ ေခ်ာင္း ဆိုးႏွာေခ်တဲ့ ပုံရေအာင္ လူရဲ့ခၽြဲအမႈန္နဲ႔ ေရာေပးကာ အေရျပားေပၚ တင္ေပးလိုက္ ပါတယ္။ အဲ့လိုတကယ့္ေခ်ာင္ ဆိုးႏွာေခ်တဲ့ ခၽြဲအမႈန္လို ဖန္တီးေပးလိုက္တာနဲ႔ ကိုရိုနာဗိုင္းရပ္စ္ SARS-CoV-2 ဟာ သူရွင္သန္ဖို႔အဟာရရတဲ့အတြက္ (၁၁) နာရီၾကာေအာင္ လူရဲ့အေရျပားေပၚမွာ အသက္ရွင္တာကိုေတြ႕ရပါတယ္။

အဲ့ဒီေတာ့က်ေနာ္တို႔ ဘာလိုက္နာရမလဲ?

ကိုရိုနာ ဗိုင္းရပ္စ္ SARS-CoV-2 ဟာ လက္ေပၚမွာ ( ၉ နာရီကေန ၁၁ နာရီအထိ ) အသက္ရွင္ နိုင္တဲ့ အတြက္ ေရာဂါပိုးရွိသူရဲ့ လက္နဲ႔ ထိေတြ႕ခဲ့ အဲ့ဒီေလာက္ၾကာၾကာထိ ေတြ႕ခဲ့တဲ့အရာေတြဟာ အမ်ားႀကီးပါ။ က်ေနာ္တို႔လက္ေပၚပါလာရင္၊ အေရျပားေပၚကပ္ပါလာရင္ (၉ နာရီကေန ၁၁ နာရီအထိ) အသက္ရွင္ေနနိုင္ ပါတယ္။ အဲ့ဒီေတာ့ လက္ကိုမၾကာခနေဆးဖို႔ကအေရးႀကီးလာပါၿပီ။

အေရးႀကီးတာက အဲ့ဒီသုေသသန မွာ လက္ကို အီသေနာ 80% ပါတဲ့ hand sanitizer နဲ႔ ပိုးသန႔္စင္လိုက္တဲ့ အခါမွာ ၁၅ စကၠန႔္အတြင္း ဗိုင္းရပ္စ္ ေတြ ေသကုန္တာ ေတြ႕ရပါတယ္။ အဲ့ဒီေတာ့ လက္ကိုဆပ္ျပာ (သို႔မဟုတ္) အယ္ကိုေဟာ 60% ပါတဲ့ hand sanitizer နဲ႔ အနည္းဆုံး ၂၀ စကၠန႔္မၾကာခဏ ေဆးေပးျခင္းဟာ ထိေရာက္ေသာ ကာကြယ္မႈတစ္ခုဆိုတာ ပိုၿပီးေသခ်ာလာပါတယ္။

ဒီစမ္းသပ္မႈမွာ ေရာဂါျဖစ္နိုင္တဲ့ဗိုင္းရပ္စ္ ပမာဏကို ထည့္မစဥ္းစားပဲ #ေရာဂါပိုးရဲ့ အသက္ရွင္နိုင္တဲ့အခ်ိန္ကိုပဲ အဓိကသုေသသနျပဳခဲ့တာျဖစ္ပါတယ္။ သုေသသနျပဳခဲ့ တာလည္း နမူနာ ၃ ခုပဲသုံးခဲ့တာမို႔ စမ္းသပ္မႈအရြယ္အစားက ေသးပါတယ္။

ေနာက္တခုက အခုလို forensic autopsy ကရယူတဲ့ လူ႔အေရျပားနဲ႔ သက္ရွိလူ ရဲ့ လက္ေပၚတင္ၾကည့္တာက ကြာျခားမႈရွိနိုင္ပါေသးတယ္။

ဘာပဲျဖစ္ျဖစ္ Mask တပ္ျခင္းနဲ႔ #လက္ကိုမၾကာခနအေသအခ်ာေဆးျခင္းဟာလိုကို လိုအပ္တယ္ဆိုတာ ထပ္မံ၍အသိေပးလိုက္ပါတယ္ခင္ဗ်ား။

Richard Myo Thant

ကိုရို နာ ဗိုင်းရပ်စ် ဟာ လက်ပေါ် မှာ ဘယ်လောက် ကြာကြာ အသက် ရှင် နိုင် လဲ?

ဒါအရေးကြီး တဲ့ မေးခွန်း ဖြစ်ပါ တယ်။ ခဏခဏ မေးကြတဲ့ မေးခွန်း ပါ။ လက်ပေါ်မှာ ဘယ်လောက် ကြာကြာ အသက်ရှင် သလဲသိမှ ရောဂါ ဘယ်လို ကူးလွယ် သလဲ သိမှာဖြစ်ပါတယ်။

အရင်တုန်းက အမေရိကန် က သုသေသ နပညာရှင်တွေက အရာဝတ္ထုတွေပေါ်မှာ ဘယ်လောက် ကြာကြာ အသက်ရှင်သလဲ စမ်းသပ် ခဲ့ပေမယ့် လူရဲ့အရေပြားပေါ်မှာ မစမ်းသပ်ခဲ့ပါ။ ဆေးပညာကျင့်ဝတ်အရ လူရဲ့အရေပြားပေါ်ကို ရောဂါပိုးတင်ပြီး စမ်းဖို့ မသင့်လို့ဖြစ်ပါတယ်။

ကျနော်ခြောက်တန်း တုန်းက ဖတ်ဖူးခဲ့တဲ့ Microbes hunters ဆိုတဲ့ စာအုပ်ကိုသွားသတိရပါတယ်။ မိုက်ခရိုစကုပ် ကို စထွင်ခဲ့ကာ ရောဂါပိုးကိုပထမဆုံး စတွေ့ခဲ့တဲ့ Leeuwenhoek တို့၊ Spallanzani တို့သာရှိရင် ကျိန်းသေကိုယ့်အသားပေါ်ကိုယ်တင်ပြီးစမ်းသပ်ကြမှာပါ။

ဂျပန်နိုင်ငံက Dr Ryohei Hirose ဦးဆောင်တဲ့ အဖွဲ့ဟာ လူရဲ့အရေပြားကို autopsies ကယူပြီး စမ်းသပ်ခဲ့ကြ ပါတယ်။ ကိုဗစ် ဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်နဲ့ တုပ်ကွေး Influenza A ဖြစ်စေတဲ့ ဗိုင်းရပ်စ်တို့ကို နှိုင်းယှဉ်စမ်းသ ပ်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် SARS-CoV-2 ဟာ လူရဲ့အရေပြား ပေါ်မှာ (၉.၀၄) နာရီကြ ာအသက်ရှင်နေနိုင်တာကို တွေ့ရပါတယ်။

Influenza A ဗိုင်းရပ်စ်ဟာ လူရဲ့အရေပြားပေါ်မှာ (၁.၈၂) နာရီကြာအသက်ရှင်နေနိုင်တာကိုတွေ့ရပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် ကိုဗစ် ဟာ Influenza တုပ်ကွေးထက်ပိုပြီးကူးစက်လွယ်နေတာကို တွေ့ရပါတယ်။ ကျနော်တို့ တုပ်ကွေးထက် ပိုပြီးဂရုစိုက်ကာ မကူးစက်အောင် သတိထား နေရပါတော့မယ်။

အဲ့ဒီစမ်းသပ်မှုမှာ ကိုရိုနာ ဗိုင်းရပ်စ် SARS-CoV-2 ကို သဘာဝအတိုင်း လူတွေ ချောင်း ဆိုးနှာချေတဲ့ ပုံရအောင် လူရဲ့ချွဲအမှုန်နဲ့ ရောပေးကာ အရေပြားပေါ် တင်ပေးလိုက် ပါတယ်။ အဲ့လိုတကယ့်ချောင် ဆိုးနှာချေတဲ့ ချွဲအမှုန်လို ဖန်တီးပေးလိုက်တာနဲ့ ကိုရိုနာဗိုင်းရပ်စ် SARS-CoV-2 ဟာ သူရှင်သန်ဖို့အဟာရရတဲ့အတွက် (၁၁) နာရီကြာအောင် လူရဲ့အရေပြားပေါ်မှာ အသက်ရှင်တာကိုတွေ့ရပါတယ်။

အဲ့ဒီတော့ကျနော်တို့ ဘာလိုက်နာရမလဲ?

ကိုရိုနာ ဗိုင်းရပ်စ် SARS-CoV-2 ဟာ လက်ပေါ်မှာ ( ၉ နာရီကနေ ၁၁ နာရီအထိ ) အသက်ရှင် နိုင်တဲ့ အတွက် ရောဂါပိုးရှိသူရဲ့ လက်နဲ့ ထိတွေ့ခဲ့ အဲ့ဒီလောက်ကြာကြာထိ တွေ့ခဲ့တဲ့အရာတွေဟာ အများကြီးပါ။ ကျနော်တို့လက်ပေါ်ပါလာရင်၊ အရေပြားပေါ်ကပ်ပါလာရင် (၉ နာရီကနေ ၁၁ နာရီအထိ) အသက်ရှင်နေနိုင် ပါတယ်။ အဲ့ဒီတော့ လက်ကိုမကြာခနဆေးဖို့ကအရေးကြီးလာပါပြီ။

အရေးကြီးတာက အဲ့ဒီသုသေသန မှာ လက်ကို အီသနော 80% ပါတဲ့ hand sanitizer နဲ့ ပိုးသန့်စင်လိုက်တဲ့ အခါမှာ ၁၅ စက္ကန့်အတွင်း ဗိုင်းရပ်စ် တွေ သေကုန်တာ တွေ့ရပါတယ်။ အဲ့ဒီတော့ လက်ကိုဆပ်ပြာ (သို့မဟုတ်) အယ်ကိုဟော 60% ပါတဲ့ hand sanitizer နဲ့ အနည်းဆုံး ၂၀ စက္ကန့်မကြာခဏ ဆေးပေးခြင်းဟာ ထိရောက်သော ကာကွယ်မှုတစ်ခုဆိုတာ ပိုပြီးသေချာလာပါတယ်။

ဒီစမ်းသပ်မှုမှာ ရောဂါဖြစ်နိုင်တဲ့ဗိုင်းရပ်စ် ပမာဏကို ထည့်မစဉ်းစားပဲ #ရောဂါပိုးရဲ့ အသက်ရှင်နိုင်တဲ့အချိန်ကိုပဲ အဓိကသုသေသနပြုခဲ့တာဖြစ်ပါတယ်။ သုသေသနပြုခဲ့ တာလည်း နမူနာ ၃ ခုပဲသုံးခဲ့တာမို့ စမ်းသပ်မှုအရွယ်အစားက သေးပါတယ်။

နောက်တခုက အခုလို forensic autopsy ကရယူတဲ့ လူ့အရေပြားနဲ့ သက်ရှိလူ ရဲ့ လက်ပေါ်တင်ကြည့်တာက ကွာခြားမှုရှိနိုင်ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Mask တပ်ခြင်းနဲ့ #လက်ကိုမကြာခနအသေအချာဆေးခြင်းဟာလိုကို လိုအပ်တယ်ဆိုတာ ထပ်မံ၍အသိပေးလိုက်ပါတယ်ခင်ဗျား။

Richard Myo Thant

About the author

Ms Cele

Leave a Comment