Celebrity

ကိုရီးယားမွာ training ျပဳလုပ္နိုင္ဖို႔ ေတာင္းဆိုေပး ခဲ့တဲ့ အေမစုကို ရင္ထဲကေန လွိုက္လွိုက္ လွဲလွဲ ေက်းဇူးတင္ စကားဆိုခဲ့တဲ့ Project-K

Written by Ms Cele

ကိုရီးယားမွာ training ျပဳလုပ္နိုင္ဖို႔ ေတာင္းဆိုေပး ခဲ့တဲ့ အေမစုကို ရင္ထဲကေန လွိုက္လွိုက္ လွဲလွဲ ေက်းဇူးတင္ စကားဆိုခဲ့တဲ့ Project-K

ျမန္မာနိုင္ငံက ႏႈတ္ခမ္းနီမေလး ေတြရဲ့ အသည္းေက်ာ္ အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ Project K အဖြဲ႕ေတာ့ မၾကာေသး ခင္ ကမွ ကိုရီးယားနိုင္ငံမွာ Training အေနနဲ႔ သြားေရာက္ခြင့္ ရခဲ့ကာ အဖိုးမျဖတ္ နိုင္တဲ့ ပညာေတြ သင္ယူခြင့္ရခဲ့သလို ဒီေန႔မွာေတာ့ အခုလို သြားေရာက္ ေလ့က်င့္နိုင္ဖို႔ ေတာင္းဆိုေပးခဲ့တဲ့ အေမစုကို ေက်းဇူးတင္ စကားေျပာၾကားခဲ့ပါတယ္။

အခုလိုအခြင့္ အေရးမ်ိဳးရနိုင္ဖို႔ ေတာင္းဆိုေပးခဲ့တဲ့ အေမစုကို ရင္ထဲကေန လွိုက္လွိုက္လွဲလွဲ ေက်းဇူးတင္စကားဆိုခဲ့႐ုံမက ကိုရီးယား ခရီးစဥ္ ျဖစ္ေျမာက္ေရးအတြက္ေရာ ခရီးစဥ္တစ္ေလၽွာက္လုံးမွာပါ ကူညီေပးၾကတဲ့ ျမန္မာ-ကိုရီးယား (၂) နိုင္ငံမွ တာဝန္ရွိ လူႀကီးမင္းမ်ား၊ ကိုရီးယားက ျပန္ေရာက္သည့္အခါတြင္လည္း လုံျခဳံေရးပိုင္းကို အျပည့္အဝ တာဝန္ယူေပးၾကပါေသာ လူႀကီးမင္းမ်ား ၊ သံပ်ဥ္ေဆာင္ မွ ဆရာ ဆရာမမ်ားနဲ႔ volunteers မ်ား အားလုံးအားလုံးကိုလည္း ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။

ေနာက္ဆုံးအေနနဲ႔ Project K အတြက္ဆို အျမဲတမ္း မားမားမတ္မတ္နဲ႔ အျမဲအားေပးၾကမ္းတဲ့ အမာခံပရိသတ္ GUMs ေလးေတြကို ေက်းဇူးတင္ စကားဆိုခဲ့ပါတယ္ ပရိသတ္ႀကီးေရ… Project K အဖြဲ႕ကေတာ့ စက္တင္ဘာလ(၁၄) ရက္ေန႔က စၿပီး ေအာက္တိုဘာ(၈) ရက္ေန႔ အထိ ကိုရီးယား နိုင္ငံယဥ္ေက်းမႈေတြနဲ႔ ခႏၶာကိုယ္ေျပာင္းလဲမႈဆိုင္ရာေတြ၊ အႏုပညာရပ္ေတြကို နာမည္ႀကီး Trainer ေတြနဲ႔ သြားေရာက္သင္ယူေလ့လာခြင့္ရခဲ့တာပဲ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ အခုလို အခြင့္အေရးမ်ိဳးရေအာင္ ေတာင္းဆိုေပး ခဲ့တဲ့ အေမစုနဲ႔တကြ ခရီးစဥ္အစအဆုံး ကူညီေစာင့္ေရွာက္ေပးခဲ့တဲ့ တစ္ဦးတစ္ေယာက္ ခ်င္းစီတိုင္းကို ဂါရဝျပဳေက်းဇူးတင္စကားဆိုခဲ့တာပဲ ျဖစ္ပါတယ္။

Credit:Cele Gabar

ကိုရီးယားမှာ training ပြုလုပ်နိုင်ဖို့ တောင်းဆိုပေး ခဲ့တဲ့ အမေစုကို ရင်ထဲကနေ လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင် စကားဆိုခဲ့တဲ့ Project-K

မြန်မာနိုင်ငံက နှုတ်ခမ်းနီမလေး တွေရဲ့ အသည်းကျော် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Project K အဖွဲ့တော့ မကြာသေး ခင် ကမှ ကိုရီးယားနိုင်ငံမှာ Training အနေနဲ့ သွားရောက်ခွင့် ရခဲ့ကာ အဖိုးမဖြတ် နိုင်တဲ့ ပညာတွေ သင်ယူခွင့်ရခဲ့သလို ဒီနေ့မှာတော့ အခုလို သွားရောက် လေ့ကျင့်နိုင်ဖို့ တောင်းဆိုပေးခဲ့တဲ့ အမေစုကို ကျေးဇူးတင် စကားပြောကြားခဲ့ပါတယ်။

အခုလိုအခွင့် အရေးမျိုးရနိုင်ဖို့ တောင်းဆိုပေးခဲ့တဲ့ အမေစုကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကားဆိုခဲ့ရုံမက ကိုရီးယား ခရီးစဉ် ဖြစ်မြောက်ရေးအတွက်ရော ခရီးစဉ်တစ်လျှောက်လုံးမှာပါ ကူညီပေးကြတဲ့ မြန်မာ-ကိုရီးယား (၂) နိုင်ငံမှ တာဝန်ရှိ လူကြီးမင်းများ၊ ကိုရီးယားက ပြန်ရောက်သည့်အခါတွင်လည်း လုံခြုံရေးပိုင်းကို အပြည့်အဝ တာဝန်ယူပေးကြပါသော လူကြီးမင်းများ ၊ သံပျဉ်ဆောင် မှ ဆရာ ဆရာမများနဲ့ volunteers များ အားလုံးအားလုံးကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ Project K အတွက်ဆို အမြဲတမ်း မားမားမတ်မတ်နဲ့ အမြဲအားပေးကြမ်းတဲ့ အမာခံပရိသတ် GUMs လေးတွေကို ကျေးဇူးတင် စကားဆိုခဲ့ပါတယ် ပရိသတ်ကြီးရေ… Project K အဖွဲ့ကတော့ စက်တင်ဘာလ(၁၄) ရက်နေ့က စပြီး အောက်တိုဘာ(၈) ရက်နေ့ အထိ ကိုရီးယား နိုင်ငံယဉ်ကျေးမှုတွေနဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုဆိုင်ရာတွေ၊ အနုပညာရပ်တွေကို နာမည်ကြီး Trainer တွေနဲ့ သွားရောက်သင်ယူလေ့လာခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အခုလို အခွင့်အရေးမျိုးရအောင် တောင်းဆိုပေး ခဲ့တဲ့ အမေစုနဲ့တကွ ခရီးစဉ်အစအဆုံး ကူညီစောင့်ရှောက်ပေးခဲ့တဲ့ တစ်ဦးတစ်ယောက် ချင်းစီတိုင်းကို ဂါရဝပြုကျေးဇူးတင်စကားဆိုခဲ့တာပဲ ဖြစ်ပါတယ်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment