Celebrity


Written by Ms Cele






ကိုရီးယားသီချင်းလေးနဲ့ ပရိသတ်တွေကို Tit Tokဆော့ပြ ခဲ့တဲ့ ဝတ်မှုံရွှေရည်

တစ်နိုင်ငံလုံးက ပရိသတ်တွေ သည်းသည်း လှုပ် ချစ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည် ကတော့ အသက် (၃၂) နှစ်အရွယ်ကို ရောက်ရှိနေပြီ ဆိုပေမယ့် ဆယ်ကျော်သက် လေးတွေတောင် အရှုံးပေးရလောက်တဲ့ အထိ နုပျိုလှပသူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည် က သူမရဲ့ အနုပညာသက်တမ်းဆယ် စုနှစ်ကျော်မှာ အောင်မြင်မှုတွေများစွာ ရရှိခဲ့ပြီး အကယ်ဒမီ ထူချွန်ဆုတွေနဲ့ အတူတူ နိုင်ငံတကာက ရုပ်ရှင်ထူးချွန်ဆု ကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည် ကတော့ အောင်မြင်ကျော်ကြားမှု ပကာသန တွေထက် ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေ ကိုသာ ပိုမိုမက်မောသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဝတ်မှုံရွှေရည် က ပရိသတ်တွေ အတွက် သူမရဲ့ Tik Tok အကောင့်က နေပြီး ဗီဒီယိုလေးတစ်ခုကို မျှဝေပေးလာ ပါတယ်။ ဝတ်မှုံရွှေရည်က ကိုရီးယားသီချင်းလေး အတိုင်း ချစ်စဖွယ်လေး ကပြပြီး ပရိသတ်တွေ အသည်းတယားယား ဖြစ်အောင် ပြုလုပ်ခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။ ပရိသတ်ကြီး အတွက် ဝတ်မှုံရွှေရည်ရဲ့ ဗီဒီယိုလေးကို မျှဝေတင်ဆက်ပေး လိုက်ပါတယ်နော်။

ဝတ်မှုံရွှေရည်ကတော့ အသက် အရွယ်တွေ ဘယ်လောက် ပြောင်းပြောင်း သူမရဲ့ ချစ်စဖွယ်ကောင်း တဲ့ အမူအကျင့်လေး တွေက ဘယ်တော့မှ ပျောက်ကွယ် မသွားဘူးနော်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည် ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အချစ်ပိုနေကြ မယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment