Celebrity
Written by Ms Cele
Source:Project K’s FB
ကိုရီးယား ဝတ်စုံတွေ ဝတ်ပြီး နှုတ်ခမ်းနီမလေး တို့ရဲ့အသဲကို လှုပ်ခတ် သွားအောင် လုပ်လိုက်တဲ့ Project K
ပရိသတ်ကြီးရေ နှုတ်ခမ်းနီလေး တွေရဲ့ အသည်းစွဲ အားပေးချစ်ခင်ရတဲ့ သူတွေကတော့မြန်မာနိုင်ငံရဲ့ နာမည်ကျော် Dancer Group ဖြစ်တဲ့ Project K အဖွဲ့ကို သိကြမယ် ထင်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် က အသိအမှတ် ဂုဏ်ပြုထားတဲ့ Dancer Group ပဲဖြစ်ပါတယ်။ သူတို့အဖွဲ့လေး ကတော့ အဖွဲ့ဝင်(၇)ယောက်နဲ့ လူငယ်ချောချောလေး တွေပဲ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
လက်ရှိမှာတော့ Project K အဖွဲ့ဟာ မြန်မာ ပရိသတ် တွေကြား ရေပန်းစားနေတဲ့ နာမည်ကျော် Dancer အဖွဲ့ တစ်ခုဖြစ်ပြီး နေရာ တစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပြီလည်း ဖြစ် ပါတယ်။roject Kအဖွဲ့ဟာ ဆိုရင် ပြည်တွင်း သာမက ပြည်ပမှာပါ သွားရောက်ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့ကြတာပဲဖြစ် ပါတယ်နော်။ယခုလည်း သူတို့အဖွဲ့ရဲ့ကိုရီးယားမှာ ရှိနေစဉ်က ကိုရီးယား ဝတ်စုံ ကိုယ််စီနဲ့ ရိုက်ခဲ့တဲ့ ပုံရိပ်လေးတွေ ကို ချပြလာတာပဲဖြစ်ပါတယ်။
Project Kအဖွဲ့က”Once upon a time in Korea 🇰🇷”ဆိုတဲ့ စာသားလေးနဲ့အတူ သူတို့ရဲ့ပုံရိပ်လေး တွေကို ထုတ်ဖော်ပြသထားတာ ကိုတွေ့ရပါတယ်။ဒီပုံလေးတွေ ကိုကြည့်ပြီး နှုတ်ခမ်းနီမလေးတွေ ကတော့ အသဲတွေလှုပ်ခတ်ပြီး ချစ်မဝဖြစ်နေမှာ အသေအချာပါပဲနော်။ ပရိသတ်ကြီးကိုလည်း Project Kအဖွဲ့ရဲ့အမိုက်စား ပုံလေးတွေကို ကြည့်ရှုဖို့ပြန်လည် မျှဝေပေးလိုက် ပါတယ်နော်။
Source:Project K’s FB
About the author
Ms Cele
Leave a Comment