Celebrity

ကိုဗစ်ရောဂါကူးစက်ခံနေရကာ အရေးပေါ်အောက်စီဂျင်လိုအပ်နေတဲ့ ချစ်သူအောင်လအတွက် အကူအညီတောင်းခံလာတဲ့ ဝိုင်းစုခိုင်သိန်း

Written by Ms Cele

ကိုဗစ်ရောဂါကူးစက်ခံနေရကာ အရေးပေါ်အောက်စီဂျင်လိုအပ်နေတဲ့ ချစ်သူအောင်လအတွက် အကူအညီတောင်းခံလာတဲ့ ဝိုင်းစုခိုင်သိန်း




Credit

ကိုုဗစ်ရောဂါကူးစက်ခံနေရကာ အရေးပေါ်အောက်စီဂျင်လိုအပ်နေတဲ့ ချစ်သူအောင်လအတွက် အကူအညီတောင်းခံလာတဲ့ ဝိုင်းစုခိုင်သိန်း

ဂီတလောကရဲ့ငွေကြယ်ပွင့်နှစ်ဦး ဖြစ်တဲ့ အဆိုတော် အောင်လနဲ့ အဆိုတော်ဝိုင်းစုခိုင်သိန်းတို့ ကတော့ အရမ်းကိုလိုက်ဖက်ညီတဲ့ အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ် ။အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ စုံတွဲလေးက ဂီတအလုပ်တွေကို အတွဲညီညီနဲ့ အတူလက်တွဲက လုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေကြားကနေ နားလည်မှုရှိရှိလက်တွဲခဲ့ကြတဲ့ သူတို့စုံတွဲလေးကို ပရိသတ်တွေကလည်း ဒီနေ့အထိ ဝန်းရံအားပေးနေကြတာပဲ ဖြစ်ပါတယ် ။

အခုဆိုရင် ကိုဗစ်တတိယလှိုင်း ဒဏ်ကြောင့် မြန်မာပြည်သူအများအပြား ရင်ဆိုင်ခံစားနေရပြီး ပြည်သူအချို့ဟာလည်း ကိုဗစ်ရောဂါကူးစက်ခံထားရပါတယ်။ ကိုဗစ်ကူးစက်မှုကြောင့် အသက်သေဆုံးသွားတဲ့ ပြည်သူတွေလည်းရှိသလို ကိုဗစ်ရောဂါပျောက်ကင်းသွားတဲ့ လူနာတွေလည်းရှိကြပါတယ်။ ကိုဗစ်ရောဂါကူးစက်မှုခံထားရတဲ့ ပြည်သူတွေထဲအဆိုတော်အောင်လလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

ဒီကနေ့မှာဆိုရင်လည်း အောင်လ ကိုဗစ်ကူးစက်ခံရပြီး အောက်စီဂျင်ကျနေလို့ အောက်စီဂျင်အိုးလေးငှားပေးကြဖို့ အကူအညီတောင်းလာတဲ့ ဝိုင်းစုခိုင်သိန်ကအကူအညီတောင်းလာတဲ့တာပဲဖြစ်ပါတယ်နော်။”ကိုအောင်လ အောက်ဆီဂျင်ကျနေလို့ပါ အောက်ဆီဂျင်အိုးလေး ဌားလို့ရရင် ဌားပေးပါနော်🙏🙏🙏”ဆိုပြီးပြောလာခဲ့တာ ပဲဖြစ်ပါတယ်နော်။ကူညီပေးကျပါဉီးနော် အားလုံးသိအောင် ရှယ်ပေးပါဦး ပရိသတ်ကြီးရေ….။

Credit

About the author

Ms Cele

Leave a Comment