Celebrity


Written by Ms Cele









ကိုးရီးယား မှာ ခွဲစိတ်ပြုပြင် မှုတွေ လုပ်ခဲ့တယ် ဆိုတဲ့ အပေါ် လုံးဝ မဟုတ်ကြောင်း ဖြေရှင်း လိုက်တဲ့ ရန်အောင်

မင်းသားကြီး ရန်အောင် ကိုတော့ ပရိတ်သတ်နဲ့ အထူးမိတ်ဆက် ပေးစရာမလိုအောင် အားလုံးသိပြီး ဖြစ်ကြမှာပါနော်။ အခုချိန်ထိ လူပျိုကြီး ဘဝနဲ့ ဖြတ်သန်းနေတဲ့ ရန်အောင် ကတော့ အကယ်ဒမီ ဆုများစွာကို ရရှိထားတဲ့သူဖြစ်ပြီး အခုချိန် ထိလည်း တက်သစ်စတွေ လေးစားအားကျ အတုယူရတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေသူပါ။

ယခုရက်ပိုင်းမှာတော့ ရန်အောင်ဟာ သူ့ရဲ့မျက်နှာကို ခွဲစိတ်ပြုပြင်ထားတယ် ဆိုတဲ့ သတင်းတွေ ပျံ့နှံ့လာခဲ့တာဖြစ်ပြီး ဒီသတင်းကို မီဒီယာတွေနဲ့တွေ့ဆုံရမှာ ပြန်လည်ဖြေရှင်းလာ ခဲ့တာပဲဖြစ်ပါတယ်

ရန်အောင်က “အသားအရေကောင်းဖို့ Collagen သောက်ပါဆိုရင်တော့ သောက် တယ် မျက်နှာမှာတော့ ခွဲစိတ်ထားတယ်ဆိုတာတော့ မဟုတ်ပါဘူး ပရိသတ်တွေ အထင်လွဲနေတာပါ ကျွန်တောကိုရီးယားသွားပြီး Surgery လုပ်တယ်ပြောတယ် ကျွန်တော် Korea တော့သွားတယ် Surgery မလုပ်ဘူး စိုးစိုးနဲ့အတူတူသွားတာပေါ့ ဒါပေမယ့်စိုးစိုးလုပ်တယ် ကျွန်တော်မလုပ်ဘူး

အမှန်တကယ်ကလုပ်ဖို့သွားတာပဲမလုပ်ဖြစ်ခဲ့တာ
ဟိုရောက်တော့ ဓာတ်ပုံတွေ ဘာတွေရိုက်ပြီးမှ ကျွန်တော် မလုပ်ချင်တော့လို့ ငြင်းခဲ့တာပါ စိုးစိုးကတော့ လုပ်ဖြစ်တယ် ခွဲပြီးထွက် လာတော့ ကမ္ဘာပျက်နေတာပဲ အရမ်းတော့လည်းမနာပါဘူး သူကိုယ်က နာတတ်တာလည်းပါတယ် သူတို့ဆီမှာကတော့ မိန်းကလေးတွေကားမောင်းလာတယ် ခွဲပြီးရင် သူတို့ကားသူတို့ကားမောင်းပြီး ပြန်ထွက်သွားတယ်

စိုးစိုးကတော့ အပ်မြင်ရင်ကို အော်နေတာဆိုတော့
အဲ့လောက်ကြီးဆိုတော့ သွားတာပဲ ကျွန်တော်ကတော့ မလုပ်ဖြစ်ခဲ့ပါဘူး မျက်နှာအသားအရေ ဆွဲတင်တာမျိုးတော့ လုပ်ဖြစ်တယ် လေးငါးခြောက်လ တခါလောက်ပေါ့ အဲ့ဒါတောင်မလုပ်ဖြစ်တာ တစ်နှစ်ကျော်ပြီ Facial Treatment တော့ လုပ်ဖြစ်ပါတယ် အသားအရေထိန်းသိမ်းတာမျိုးပေါ့ သူတို့ပေးတဲ့ ဆေးတွေလည်း လိမ်းဖြစ်ပါတယ် ကျန်တာတော့ ဘာမှမလုပ်ထားပါဘူး”. လို့ ပြောပြလာခဲ့တာပဲဖြစ်ပါတယ်

ရန်အောင်ကတော့ ကိုးရီးယား မှာ ခွဲစိတ်ပြုပြင်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ အပေါ် လုံးဝမဟုတ်ကြောင်း ဖြေရှင်းလာခဲ့တာပဲဖြစ်ပါ တယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်နော်

Credit:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment