Celebrity

ကုန္ေဈးတန္းလမ္း မီးေလာင္မႈမွာ မီးၿငိမ္းသတ္ေနတဲ့ မီးသတ္ရဲေဘာ္ေတြကို လိုအပ္တဲ့ ေဆးဝါးမ်ား ကူညီလုပ္ေဆာင္ေပးခဲ့တဲ့ ေဝဠဳေက်ာ္

Written by Ms Cele

ကုန္ေဈးတန္းလမ္း မီးေလာင္မႈမွာ မီးၿငိမ္းသတ္ေနတဲ့ မီးသတ္ရဲေဘာ္ေတြကို လိုအပ္တဲ့ ေဆးဝါးမ်ား ကူညီလုပ္ေဆာင္ေပးခဲ့တဲ့ ေဝဠဳေက်ာ္

ေဝဠဳေက်ာ္ ကေတာ့ လက္ရွိ အေျခအေနေတြ မွာလည္း ျပည္သူေတြနဲ႔အတူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္။ ခုလို ကာလေတြ မွာ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ အမွန္တကယ္ စားဝတ္ေနေရး ခက္ခဲေနၾကတဲ့ ျပည္သူေတြ အတြက္ အေျခခံ စားေသာက္ကုန္ေတြ ေပးေဝလႉဒါန္းၿပီး တတ္နိုင္သေလာက္ ေဖးမကူညီေနတာလည္း ျဖစ္ပါတယ္။

သူကိုယ္တိုင္လည္း ေဖာင္ေဒးရွင္း တစ္ခု တည္ေထာင္ထားၿပီး အဖြဲ႕သားမ်ားနဲ႔အတူ လိုအပ္တဲ့ ေနရာ မ်ားကို ကိုယ္တိုင္ သြားေရာက္ ေလ့လာကာ ကူညီလႉဒါန္းေပးေနတာေတြကို ျမင္ေတြ႕ရတာလည္း ၾကည္ႏူးစရာ ေကာင္းလြန္းလွပါတယ္ေနာ္။ ဒီလို အနစ္နာခံကာ သူတစ္ပါးအေပၚ ကူညီတတ္တာေတြေၾကာင့္ ပရိသတ္ေတြက ေလးစားဂုဏ္ယူေနၾကတာပါ။

ေမလ (၁၅) ရက္ေန႔မွာ ဆိုလည္း ကုန္ေဈးတန္းလမ္းမွာ မီးေလာင္မႈတစ္ခု ျဖစ္ပြားခဲ့ရာ မီးၿငိမ္းသတ္ ေနတဲ့ မီးသတ္ ရဲေဘာ္ေတြကို လိုအပ္တဲ့ ေဆးဝါးမ်ား ကူညီလုပ္ေဆာင္ေပးခဲ့ တာကိုေတြ႕ရပါတယ္။ လိုအပ္တိုင္း ကိုယ္တိုင္အေရာက္သြားကာ ကူညီလုပ္ေဆာင္ ေပးေနတဲ့ ေဝဠဳေက်ာ္ရဲ့ စိတ္ထားေလး ကေတာ့ တကယ္ကို မြန္ျမတ္လွပါတယ္။ ပရိသတ္ႀကီးအတြက္ ေဝဠဳေက်ာ္ရဲ့ ပုံေတြ ေဝမၽွေပးလိုက္ပါတယ္။

Credit: Cele Zone
Photo – Wai Lu Kyaw

ကုန်ဈေးတန်းလမ်း မီးလောင်မှုမှာ မီးငြိမ်းသတ်နေတဲ့ မီးသတ်ရဲဘော်တွေကို လိုအပ်တဲ့ ဆေးဝါးများ ကူညီလုပ်ဆောင်ပေးခဲ့တဲ့ ဝေဠုကျော်

ဝေဠုကျော် ကတော့ လက်ရှိ အခြေအနေတွေ မှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ ခုလို ကာလတွေ မှာ အကြောင်း အမျိုးမျိုးကြောင့် အမှန်တကယ် စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေ အတွက် အခြေခံ စားသောက်ကုန်တွေ ပေးဝေလှူဒါန်းပြီး တတ်နိုင်သလောက် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်။

သူကိုယ်တိုင်လည်း ဖောင်ဒေးရှင်း တစ်ခု တည်ထောင်ထားပြီး အဖွဲ့သားများနဲ့အတူ လိုအပ်တဲ့ နေရာ များကို ကိုယ်တိုင် သွားရောက် လေ့လာကာ ကူညီလှူဒါန်းပေးနေတာတွေကို မြင်တွေ့ရတာလည်း ကြည်နူးစရာ ကောင်းလွန်းလှပါတယ်နော်။ ဒီလို အနစ်နာခံကာ သူတစ်ပါးအပေါ် ကူညီတတ်တာတွေကြောင့် ပရိသတ်တွေက လေးစားဂုဏ်ယူနေကြတာပါ။

မေလ (၁၅) ရက်နေ့မှာ ဆိုလည်း ကုန်ဈေးတန်းလမ်းမှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ မီးငြိမ်းသတ် နေတဲ့ မီးသတ် ရဲဘော်တွေကို လိုအပ်တဲ့ ဆေးဝါးများ ကူညီလုပ်ဆောင်ပေးခဲ့ တာကိုတွေ့ရပါတယ်။ လိုအပ်တိုင်း ကိုယ်တိုင်အရောက်သွားကာ ကူညီလုပ်ဆောင် ပေးနေတဲ့ ဝေဠုကျော်ရဲ့ စိတ်ထားလေး ကတော့ တကယ်ကို မွန်မြတ်လှပါတယ်။ ပရိသတ်ကြီးအတွက် ဝေဠုကျော်ရဲ့ ပုံတွေ ဝေမျှပေးလိုက်ပါတယ်။

Credit: Cele Zone
Photo – Wai Lu Kyaw

About the author

Ms Cele

Leave a Comment