Celebrity


Written by Ms Cele





Credit:Cele Gabar

ကိုဗစ်ကာလမှာ နိုင်ငံရပ်ခြား မှာ ရှိနေတဲ့ အစ်မဖြစ်သူ ကို စိုးရိမ်နေတယ် ဆိုတဲ့ အေးဝတ်ရည်သောင်း

မအေးသောင်းဆိုပြီး ပရိသတ်တွေအချစ်ကို ရရှိထားသူ အေးဝတ်ရည်သောင်း ကတော့ မြန်မာဆန်ဆန်ဝတ်စား ဆင်ယင်မှုတွေကြောင့် ပရိသတ်တွေကြား နာမည်ကြီးလှသူပါ။ သူ့ရဲ့အချိုးအစား ကျလှတဲ့ခန္ဓာကိုယ် အလှအပြင် ကဗျာဆန်ဆန်စာ တွေရေးတာ ကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေရတာပါ။

မအေးသောင်း ကတော့ နိုင်ငံရပ်ခြားမှာ နေထိုင်နေတဲ့အစ်မဖြစ်သူအတွက် စိတ်ပူနေပုံ ရပါတယ်။ အစ်မဖြစ်သူ နှင်းဝတ်ရည်သောင်း ကတော့ အင်္ဂလန်နိုင်ငံမှာ နေထိုင်နေတာဖြစ်ပြီး ရောဂါဖြစ်ပွားမှုနှုန်းတွေ တက်နေပေမယ့်လည်း အလုပ်လုပ်နေရသေး တာပဲဖြစ်ပါတယ်။ မအေးသောင်းကတော့ သူ့ရဲ့ဖေ့ဘွတ်ခ် မှာ “မိသားစုနဲ့ခွဲနေရတဲ့ အဝေးရောက်နေတဲ့ မကြီး ခုထိအလုပ်လုပ်နေ ရတုန်းတဲ့ အလုပ် မပြုတ်တာဝမ်းသာပေး ရမှာလား အခုထိ အလုပ်လုပ်နေရတာ စိတ်ပူပေး ရမှာလား တောင်မသိတော့ဘူး” ဆိုပြီးတော့ ရေးသားထား တာပဲဖြစ်ပါတယ်။

မအေးသောင်း ကတော့ ပရိသတ်တွေရဲ့ချစ်ခင် အားပေးမှုများစွာ ရရှိနေသလို အနုပညာအလုပ်တွေ ကိုလည်း ဆက်တိုက်လုပ်ကိုင် နေတာပါ။ အခုလိုကိုဗစ် ရောဂါကူးစက်နှုန်း များနေချိန်မှာတော့ အစ်မဖြစ်သူ အတွက် အလုပ်လုပ်နေရတာ စိတ်ပူရမလား အလုပ်မပြုတ်ဝမ်းသာ ရမလား ဝေခွဲမရနိုင်ဖြစ်နေပါ တယ်တဲ့ ပရိသတ်ကြီးရေ..

Credit:Cele Gabar

About the author

Ms Cele

Leave a Comment