Celebrity


Written by Ms Cele





Credit:CELELUCKY

ကံကောင်းစွာနဲ့ အသက်ဘေးမှသီသီလေး လွတ်မြောက်ခဲ့ရတဲ့ အကြောင်းကို ပြန်လည်ပြောပြလိုက်တဲ့ ဘေဘီမောင်

ပရိသတ်ကြီးရေ မင်းသမီးလေး ဘေဘီမောင်ဟာ ဆိုရင် ဘုရားတရားတွေ အရမ်းကို လုပ်လွန်းလို့ ပရိသတ်တွေက တောင် အံ့ဩနေရတဲ့ အထိပါပဲနော်။သူမရဲ့ ဆိုရှယ်မီဒီယာ အကောင့်မှာလည်း တရားစခန်းဝင်ပြီး အလှူလုပ်နေတာတွေကိုသာ အမြဲတင်နေပြီး ရက်အတော်ကြာ ပျောက်နေတာကြောင့် ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်နော်။

ဘေဘီမောင် ကတော့ နေအတော်မကောင်းဖြစ်နေလို့ ပျောက်နေတယ်လို့ ဆိုထားပါတယ်နော်။ တစ်အိမ်လုံး ဖျားနေပြီး ကံကောင်းစွာနဲ့ အသက်ဘေးမှသီသီလေး လွတ်မြောက်ခဲ့တာတွေ ကို ရှင်းလင်းလိုက်ပါပြီနော်။” နေမကောင်းတဲ့ ၁၁ ရက်မှာFbကနေသတင်းမေး စိတ်ပူပေးကြတဲ့ဆွေမျိုးမိတ်ဆွေများရဲ့မေတ္တာဓာတ်လေးတွေကြောင့် ၁၂ရက်မြောက်နေ့မှာ ကျန်းမာသက်သာလာပါပြီရှင့်🙏🏻တော်တော်အလူးအလဲ သေခါနီလွတ်မြောက်လာတာပါ အရမ်းကြောက်ဖို့ကောင်းပါတယ်😞အားလုံးကိုလည်း အထူးဂရုစိုက်ဖို့လည်းပြောချင်ပါတယ်

နောက်နေတွေမှာ ဘေဘီဖြတ်ကျော်လာခဲ့တဲ့ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အကြောင်းလေးမျှဝေပေးပါမယ်ရှင့်🙏🏻စာလေးတွေ တစ်ယောက်ချင်းreplyမပြန်နိုင်တာနားလည်ပေး ပါနော် မန့်ထားတဲ့သူတွေ အားလုံးရင်ထဲမှာမှတ်ထားပါတယ်ရှင့်🙏🏻” ၊ ” အိပ်ယာထဲလဲနေတဲ့ အသက်၃ဝသမီးကြီးကိုအသက်၅ဝကျော်အဖေနဲ့အမေက ပြုစုပေးနေရတယ်😢ဖေကြီးနဲ့မေကြီး သမီးချစ်တယ်😭🙏🏻🙏🏻” လို့ ရေးထားတာတွေကို မျှဝေပေးလိုက်ပါတယ် ပရိသတ်ကြီးရေ…

Credit:CELELUCKY

About the author

Ms Cele

Leave a Comment