Celebrity


Written by Ms Cele





Credit:Cele Zone
Photo – May Khalar

ကျန်းမာရေးမကောင်းတာကြောင့် ဆေးရုံတက်ပြီးဆေးကုသမှုခံနေရတဲ့ အဆိုတော်မေခလာရဲ့လက်ရှိကျန်းမာရေးအခြေအနေ

ချစ်ငယ်လို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ အဆိုတော်မေခလာ ကတော့ တစ်ခေတ် တစ်ချိန်ထဲက သီချင်းတွေလည်းဆို သလို ရုပ်ရှင်ဇာတ်ကားကြီးတွေ မှာလည်း ပါဝင်သရုပ်ဆောင်တဲ့သူ တစ်ယောက်ဖြစ်လို့ စွယ်စုံရတဲ့ဝါရင့်အနုပညာရှင် တစ်ယောက်ပါ။ဒါ့အပြင် သာယာတဲ့ အိမ်ထောင်ရေးလေး ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ် ။

ပရိသတ်တွေကလည်း သူတို့စုံတွဲလေးကို အရမ်းအားကျကြသလို ချစ်ငယ်ရဲ့ပွင့်လင်းတဲ့ပြောဆို ပုံလေးတွေနဲ့ စိတ်ထားဖြူစင်ပုံလေးတွေကို ချစ်နေကြတာပါ ။ အလှူအတန်း ဆိုရင်လည်း အမြဲ ရှေ့ဆုံးကနေ ပါဝင်လှူဒါန်းလျက် ရှိတာ ကိုလည်း​​ လေးစားစွာတွေ့ရပါတယ် ။

ဒီနေ့မှာတော့ မေခလာက ကျန်းမာရေး မကောင်းမွန်တာကြောင့် ဆေးရုံတက် ကုသနေခဲ့ရကြောင်း ပရိသတ်တွေကို အသိပေးပြောကြား လာပါတယ် ။ ဒါ့အပြင် ခုလက်ရှိမှာတော့ ပြန်လည်ကောင်းမွန်လာပြီဖြစ်တယ်လို့ သတင်းကောင်းလေးဆို လာပါတယ် ။ ” အားလုံးရဲ့မေတ္တာကြောင့် ချစ်ငယ်ကျန်းမာ လာပါပြီ! မေခလာ ပြန်လာမယ်နော်! အားပေးမှာလား?! မေခလာ လာပြီလေ…! Fighting ပရိတ်သတ်တို့….” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit:Cele Zone
Photo – May Khalar

About the author

Ms Cele

Leave a Comment