Celebrity


Written by Ms Cele





Credit

ကျန်းမာရေးအခြေအနေကြောင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဌရာထူးမှ နှုတ်ထွက်လိုက်ပြီ ဆိုတဲ့ ဒါရိုက်တာ ညီညီထွန်းလွင်

ပရိတ်သတ်ကြီးရေ…ဒါရိုက်တာညီညီထွန်းလွင်ဟာဆိုရင် ၂၀၁၉ ခုနှစ်မှစတင်ပြီးမြန်မာနိုင်ငံရဲ့ ရုပ်ရှင်အစည်းအရုံးမှာဥက္ကထ တစ်ယောက်အနေနဲ့ တာဝန်ယူဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်နော်..။ဦးညီညီထွန်းလွင်က အခလြက်ရှိမှာဆိုရင်ကျန်းမာရေးမကောင်းတာကြောင့်ဥက္ကထရာထူးမှ နှုတ်ထွက်ရန်အတွက် တောင်းဆိုခွင့်ပြုခဲ့တာပဲဖြစိပါတယ်.။ဒါရိုက်တာ တစ်ယောက်အနေနဲ့အောင်မြင်စွာရပ်တည်ခဲ့တဲ့ ဦးညီညီထွန်းလွင်ကဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌကောင်း တစ်ယောက်အနေနဲ့လည်း တာဝန်ကိုကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်ပရိတ်သတ်ကြီးရေ…။

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး(Myanmar Motion Picture Organization)တွင် ဥက္ကဌ များအဖြစ် ၂၀၀၅ခုနှစ်မှ၂ဝဝရခုနှစ်အထိ ဦးကြည်စိုးထွန်း၊ ၂ဝဝရခုနှစ်မှ ၂၀၁၂ခုနှစ်အထိ ဦးမြင့်သိန်းဖေ၊ ၂၀၁၂ခုနှစ်မှ ၂၀၁၉ခုနှစ်အထိ ဦးဇင်ဝိုင်း၊၂၀၁၃ခုနှစ်မှ ၂၀၁ရခုနှစ်အထိ ဦးလူမင်း၊ ၂၀၁၉ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ ဦးညီညီထွန်းလွင်တို့က အသီးသီးတာဝန်ယူခဲ့ကြပြီးရုပ်ရှင်လောကတိုးတက်ရေးအတွက် အင်တိုက်အားတိုက်ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။

ဦးညီညီထွန်းလွင်က အသက်(၆၈)နှစ်ခန့်ရှိနေပြီဖြစ်ပြီး ဆီးချို၊သွေးတိုး၊နှလုံးရောဂါများ ကိုလည်း ခံစားနေရတဲ့သူလည်းဖြစ်ပါတယ်နော်။မကြာသေးမီကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (Myanmar Motion Picture Organisation)ရဲ့ Facebookpageကနေ ဦးညီညီထွန်းလွင်ရဲ့ ကျန်းမာရေးချို့ယွင်းမှုကြောင့်နှုတ်ထွက်စာတစ်စောင်ကို “၁၁.၅.၂၀၂၁ နေ့တွင်ပြုလုပ်သော အထူးအစည်းအဝေးအမှတ် ၃/၂၀၂၁ မှ လက်ခံအတည်ပြုပါသည်…..” ဆိုပြီးရေးသားကာ မျှဝေပေးခဲ့တာဖြစ်ပါတယ်။ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်တွေအားလုံး ကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်…။

Credit

About the author

Ms Cele

Leave a Comment