Celebrity


Written by Ms Cele






ကျန်းမာရေး စင်တာတွေမှာ Covid-19 ထိန်းချုပ်ကာကွယ် ကုသရေးအတွက် (၂၃၈) သိန်းဖိုးကို ခွဲဝေလှူဒါန်း ခဲ့တဲ့ နေခြည်ဦး

ပန်းနီနီလေး တစ်ပွင့်လေးလို ရဲရင့်ထက်မြက်တဲ့ နေခြည်ဦး ကတော့ Beauty Blogger တစ်ယောက် အဖြစ်ကနေ (၃) နှစ်ကျော်အတွင်း နိုင်ငံကျော် မင်းသမီး တစ်ယောက်အဖြစ် အနုပညာ လမ်းကြောင်းပေါ်ကို ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ တစ်နေ့ထက် တစ်နေ့ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင် လာတဲ့ နေခြည်ဦးကတော့ အလှူအတန်း တွေကိုလည်း အမြဲမပြတ် ပြုလုပ်နေပြီး လက်ရှိမှာလည်း She Shines Jewelry နဲ့ ပူးပေါင်းပြီး သိန်း (၁၀၀၀) ဖိုး ငွေတွေကို အမှန်တကယ် လိုအပ် နေတဲ့ နေရာတွေမှာ ခွဲဝေ လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက် မှာလည်း နေခြည်ဦးက he Shines Jewelry နဲ့ ဒုတိယမြောက်အလှူလေး အဖြစ် ဧရာဝတီ Covid 19 ကုသရေးစင်တာ လိုအပ်တဲ့ နေရာတွေအတွက် အလှူငွေ သိန်း ၁၀၀ ၊ ဖာင်ကြီး Covid 19 ကုသရေးစင်တာ အတွက် ၁၂ သိန်းတန် Oxygen Concentrator (10L) ၉ လုံး နဲ့ ပုလဲမြို့သစ် လူနေအိမ်ထောင်စုဝင်တွေ အတွက် ဆန်၊ဆီ၊ကြက်ဥ၊ငါးသေတ္တာ စတဲ့အခြေခံစားသောက်ကုန် သိန်း(၃၀)ဖိုး စုစုပေါင်း (၂၃၈) သိန်းကို လှူဒါန်းဖြစ်ခဲ့ကြောင်း ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်အောင် မျှဝေပေးလာပါတယ်။

နေခြည်ဦးကတော့ အလုပ်တွေ မအားလပ်တဲ့ကြားထဲကနေ ဧရာဝတီကိုဗစ် Center နဲ့ ဖောင်ကြီး Covid Center မှာ ကိုယ်တိုင်ကိုယ် ကျသွားရောက် လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ် ကြီးလည်း နေခြည်ဦးတို့ရဲ့ ပြုပြုသမျှ ကုသိုလ်ကောင်းမှု အတွက် ဝမ်းမြောက်စွာ သာဓုခေါ်ဆို ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment