Celebrity

က်န္းမာေရး ဝန္ထမ္းမ်ား အတြက္ လိုအပ္ ေနတဲ့ ဝတ္စုံ အစုံ(၂၀)စာ လႉဒါန္း လိုက္တဲ့ ႏွိုင္းယွဥ္ျမင့္မိုရ္ တို႔ ဇနီးေမာင္ႏွံ

Written by Ms Cele

က်န္းမာေရး ဝန္ထမ္းမ်ား အတြက္ လိုအပ္ ေနတဲ့ ဝတ္စုံ အစုံ(၂၀)စာ လႉဒါန္း လိုက္တဲ့ ႏွိုင္းယွဥ္ျမင့္မိုရ္ တို႔ ဇနီးေမာင္ႏွံ

ပရိသတ္ႀကီးေရ ဇာတ္ပို႔ ၊ ဇာတ္ရံ တစ္ေယာက္ျဖစ္တဲ့ သ႐ုပ္ေဆာင္ ႏွိုင္းယွဥ္ျမင့္မိုရ္ ကေတာ့ ဆယ္စုႏွစ္ေလာက္ကတည္းက အႏုပညာေလာကမွာ ေလၽွာက္လွမ္းခဲ့ၿပီး ယေန႔အခ်ိန္ထိလည္း ပရိသတ္ေတြရဲ့ အားေပးခ်စ္ခင္မႈေတြရို ရရွိေနတုန္းပဲျဖစ္ပါတယ္။ သူမဟာ သ႐ုပ္ေဆာင္ပိုင္းမွာလည္း က်ရာဇာတ္႐ုပ္ကို သဘာဝက်က် နဲ႔ ပီျပင္ေအာင္လည္း သ႐ုပ္ေဆာင္နိုင္တဲ့ သူတစ္ေယာက္ျဖစ္လို႔ ဇာတ္ကားေပါင္းမ်ားစြာကို ရိုက္ကူးေအာင္ျမင္ခဲ့တာပါ။ႏွိုင္းယွဥ္က ယခုလိုကိုဗစ္ကာလ အႏုပညာအလုပ္ေတြ နဲပါးေနတဲ့ အခ်ိန္မွာ Liveလႊင့္ၿပီး ေစ်းေရာင္းတဲ့ အလုပ္ကိုလည္း လုပ္ကိုင္လ်က္ရိွပါတယ္။

လက္ရွိအခ်ိန္ေတြမွာလည္း သမၼာအာစီဝက်က် လုပ္ကိုင္ရွာေဖြထားတဲ့ ေငြေၾကးနဲ႔ တကယ္လိုအပ္မႈရွိေနတဲ့ ေနရာေတြမွာ အလႉေလးေတြ ျပဳလုပ္ေနပါတယ္။ယခုဆိုရင္ေတာ့ ႏွိုင္းယွဥ္တို႔ဇနီးေမာင္ႏွံဟာ ကိုဗစ္ကိုတိုက္ပြဲဝင္ေနၾကတဲ့ က်န္းမာေရးဝန္ထမ္းမ်ားအတြက္ ဝတ္စုံ အစုံ(၂၀)စာ လႉဒါန္းခဲ့တာကို သူမရဲ့လူမႈကြန္ယက္စာမ်က္ႏွာမွာ ေရးသားတင္ျပခဲ့ပါတယ္ေနာ္။

ႏွိုင္းယွဥ္က”ဒီေန႔အလႈေလး လိုအပ္တယ့္တကယ္ေနရာေလးေတြမွာ ကိုယ့္ေစတနာအတိုင္း လႈျဖစ္တယ္🙏🙏က်န္းမာေရးဝန္ထမ္းေတြအတြက္ တတ္နိုင္သေလာက္ ဝတ္စုံ အစုံ20စာ အလႈေလးပါ🙏🙏🙏”လို႔ဆိုၿပီးတင္ျပထားတာကိုေတြ႕ရပါတယ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးလည္း ေရာဂါဘယေတြကင္းေဝးၿပီး က်န္းမာခ်မ္းသားၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Nhying Shin’s FB

ကျန်းမာရေး ဝန်ထမ်းများ အတွက် လိုအပ် နေတဲ့ ဝတ်စုံ အစုံ(၂၀)စာ လှူဒါန်း လိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ် တို့ ဇနီးမောင်နှံ

ပရိသတ်ကြီးရေ ဇာတ်ပို့ ၊ ဇာတ်ရံ တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ် ကတော့ ဆယ်စုနှစ်လောက်ကတည်းက အနုပညာလောကမှာ လျှောက်လှမ်းခဲ့ပြီး ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေရို ရရှိနေတုန်းပဲဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို သဘာဝကျကျ နဲ့ ပီပြင်အောင်လည်း သရုပ်ဆောင်နိုင်တဲ့ သူတစ်ယောက်ဖြစ်လို့ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးအောင်မြင်ခဲ့တာပါ။နှိုင်းယှဉ်က ယခုလိုကိုဗစ်ကာလ အနုပညာအလုပ်တွေ နဲပါးနေတဲ့ အချိန်မှာ Liveလွှင့်ပြီး စျေးရောင်းတဲ့ အလုပ်ကိုလည်း လုပ်ကိုင်လျက်ရှိပါတယ်။

လက်ရှိအချိန်တွေမှာလည်း သမ္မာအာစီဝကျကျ လုပ်ကိုင်ရှာဖွေထားတဲ့ ငွေကြေးနဲ့ တကယ်လိုအပ်မှုရှိနေတဲ့ နေရာတွေမှာ အလှူလေးတွေ ပြုလုပ်နေပါတယ်။ယခုဆိုရင်တော့ နှိုင်းယှဉ်တို့ဇနီးမောင်နှံဟာ ကိုဗစ်ကိုတိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းများအတွက် ဝတ်စုံ အစုံ(၂၀)စာ လှူဒါန်းခဲ့တာကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားတင်ပြခဲ့ပါတယ်နော်။

နှိုင်းယှဉ်က”ဒီနေ့အလှုလေး လိုအပ်တယ့်တကယ်နေရာလေးတွေမှာ ကိုယ့်စေတနာအတိုင်း လှုဖြစ်တယ်🙏🙏ကျန်းမာရေးဝန်ထမ်းတွေအတွက် တတ်နိုင်သလောက် ဝတ်စုံ အစုံ20စာ အလှုလေးပါ🙏🙏🙏”လို့ဆိုပြီးတင်ပြထားတာကိုတွေ့ရပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးလည်း ရောဂါဘယတွေကင်းဝေးပြီး ကျန်းမာချမ်းသားကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Source: Nhying Shin’s FB

About the author

Ms Cele

Leave a Comment