Celebrity


Written by Ms Cele





Credit ; MMLoad

ကျန်းမာရေး အခြေအနေတွေကြောင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံး ယာယီအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌနေရာမှ နှုတ်ထွက်လိုက်ပြီဖြစ်တဲ့ ဟင်္သာတမြင့်ငွေနဲ့ကိုင်ဇာ

ပရိတ်သတ်ကြီးရေ…လတ်တစ်လော မှာ အနုပညာရှင်တွေနဲ ့ပတ်သက်ပြီး လူပြောများနေတဲ့ အကြောင်းအရာ ကတော့ မြန်မာနိုင်ငံ ဂီတအစည်းအရုံးယာယီ အဖွဲ့ဆောင်အဖွဲ့ကိစ္စပဲဖြစ်ပါတယ်။ အဆိုပါအမှုဆောင် အဖွဲ့ကို ဇွန်လ၁ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး နာမည်ကြီးအဆိုတော်တွေနဲ့ ဝါရင့်အနုပညာရှင်တွေပါဝင်နေကြတာဖြစ်လို့ ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။ယာယီအမှုဆောင်အဖွဲ့မှာ တေးရေးဝေကြီး၊ မနောနဲ့ညီမင်းခိုင်တို့ပါဝင်နေတာဖြစ်ပြီး သူတို့၃ယောက်ကတော့ အဆိုပါအမှုဆောင်အဖွဲ့မှ နှုတ်ထွက်လိုက်ကြောင်း ပရိသတ်တွေကို အသိပေး ထားခဲ့ပါတယ်။

ယနေ့ မှာလည်း တေးသံရှင် ကိုင်ဇာဟာ ကျန်းမာရေး အခြေအနေတွေကြောင့် မြန်မာနိုင်ငံဂီတ အစည်းအရုံး ယာယီအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌနေရာမှ နှုတ်ထွက် လိုက်ပြီဖြစ်ပါတယ်။ အမှုဆောင်အဖွဲ့မှာ နယကအဖြစ်ခန့်အပ်ခံရတဲ့ ဂီတစာဆိုဟင်္သာတမြင့်ငွေဟာလည်း ယာယီအမှုဆောင်အဖွဲ့မှ နှုတ်ထွက်လိုက်ပါတယ်။ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေေ တွကြောင့် တာဝန်ထမ်းဆောင်နိုင်မှာမဟုတ်တဲ့အကြောင်း ဂီတစာဆိုဟင်္သာတမြင့်ငွေရဲ့ သမီးဖြစ်သူ အဆိုတော်ယုဇနရဲ့ ရေးသားပြောဆိုချက်အရ သိရပါတယ်။

ယုဇနကတော့ ” ဖေဖေသည် ဂီတအစည်းအရုံး တာဝန်များမှ အနားယူထားခဲ့သည်မှာ (၁၆) နှစ် ကျော်ရှိပြီဖြစ်ပါတယ် ယခုယာယီဖွဲ့စည်း လိုက်သော ဂီတအစည်းအရုံးတွင် (နာယက)အဖြစ်ထည့်သွင်းထားခြင်းအား ကြိုတင် မသိရှိခဲ့ပါ အသက်အရွယ်နှင့် ကျန်းမာရေးအရ (နာယက)အဖြစ်တာဝန်ထမ်းဆောင်နိုင်မည်မဟုတ်ကြောင်းကိုလည်း ဂီတအစည်းအရုံးသို့ အကြောင်းကြားထားပြီးဖြစ်ပါတယ်ရှင် ” ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ အမှုဆောင်အဖွဲ့မှ ကိုယ်စီနှုတ်ထွက်လိုက်ကြတဲ့ ဂီတစာဆိုဟင်္သာတမြင့်ငွေနဲ့တေးသံရှင်ကိုင်ဇာ တို့ရဲ့ နှုတ်ထွက်စာကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source : yuzana mn ‘s facebook acc / linnith ‘ s facebook acc
Credit ; MMLoad

About the author

Ms Cele

Leave a Comment