Celebrity


Written by Ms Cele







ကျန်းမာရေး အခြေအနေ တစ်ခုကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ခင်စန်းဝင်း

ပရိသတ်ကြီးရေ.. မကြီးစန်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မိတ်ကပ် ပညာရှင် ခင်စန်းဝင်း ကိုတော့ ပရိသတ်တွေ အားလုံးပဲ ချစ်ခင်အားပေးကြ မှာပါနော်..။မိတ်ကပ် ပညာလောကမှာ ဆယ်စုနှစ်တွေ ကတည်းက အောင်မြင်လာ သလို သရုပ်ဆောင်ပိုင်း မှာလည်း ဇာတ်ကားတွေရိုက်ကူးနေပြီး ကြော်ငြာတွေလည်း ရိုက်ကူး နေတာပဲ ဖြစ်ပါတယ်နော်..။

ကိုဗစ်ကာလ မှာလည်း အလုပ်တွေကို ဆက်တိုက် လုပ်ကိုင်ဖြစ် နေတဲ့ ခင်စန်းဝင်းက ဒီကနေ့မှာတော့ ရုတ်တရက် ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေရကြောင်းကို “ဗိုက်အရမ်းအောင့်လို့ UHC ဆေးရုံမှာဆေးသွင်းနေရတယ်🥺” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာခဲ့တာပဲ ဖြစ်ပါတယ်။

သူမရဲ့ ပို့စ်အောက် မှာတော့ နာမည်ကျော် အနုပညာရှင်တွေနဲ့ ပရိသတ်တွေက ခင်စန်းဝင်းနေပြန် ကောင်းလာစေဖို့ ဆုတောင်းပေး နေကြတာပဲဖြစ် ပါတယ်

ခင်စန်းဝင်း ကတော့ မထင်မှတ်ထားပဲ ဆေးရုံတက်ကာ ဆေးကုသမှုခံ ယူနေရတဲ့အကြောင်း ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ ခင်စန်းဝင်း တစ်ယောက် အမြန်ဆုံးနေကောင်း သက်သာလာ စေဖို့ ဆုတောင်း ပေးလိုက် ရပါတယ်နော်။

Credit:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment