Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Baby Maung

ကျုံပျော်ကရွာလေးမှာ အလှူလုပ်ရင်း ဦးဇင်းတွေ ကိုရင်တွေကိုပါ ဝတ္တုငွေကပ်ကာ ကုသိုလ်ပြုခဲ့တဲ့ ဘေဘီမောင်

သရုပ်ဆောင် ဘေဘီမောင် ကတော့ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာ လောကမှာ ရပ်တည် အောင်မြင်နေတဲ့ မင်းသမီးတစ်ယောက် ပဲဖြစ်ပါတယ်။လက်ရှိ မှာတော့ ဘေဘီမောင်က ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပြည်သူ ပရိသတ်တွေနဲ့ အတူ ရင်ဘက်ချင်း ထပ်တူကျကာ တရားမျှတမှု အတွက် အေးချမ်းစွာ ပူးပေါင်း ပါဝင်လုပ်ဆောင် နေတာလည်း တွေ့ရပါတယ်။

ဒါ့အပြင် လမ်းမပေါ်မှာ ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေ ကိုလည်း အစားအသောက်များ လိုက်ဝေငှကာ တက်နိုင် သလောက် ထောက်ပံ့ လှူဒါန်းမှုတွေကို ပြုလုပ်ရင်း ရရာနေရာကနေ အားဖြည့်ပါဝင်ခဲ့သူ တစ်ယောက်ပါ ။အခုလို တတ်နိုင်သလောက် လိုအပ်တာတွေ ကူညီပေးနေတဲ့အပြင် ဘုရားရှိခိုးကာ ဆုတောင်းပေးခြင်း တွေလည်း ပြုလုပ်ပေးခဲ့တာကို တွေ့ရပါတယ်။

အလှူအတန်းတွေဆို လက်မနှေးတဲ့ ဘေဘီက အခုလည်း ကျုံပျော်ကရွာလေးမှာ အလှူလုပ်ရင်း ဦးဇင်းတွေ ကိုပါ ဝတ္တုငွေကပ်ကာ ကုသိုလ်ပြုခဲ့ကြောင်းခုလို ပုံလေးတွေနဲ့တကွ ရေးသားဖော်ပြလာတာဖြစ်ပါတယ်။” ကျုံပျော်ဘက်ကရွာလေးမှာ အလှူတစ်ခုသွားရင်း ဦးဇင်းတွေကို ရင်တွေကို ဝတ္တုငွေလေး ကပ်ချင်တာနဲ့ စာအိတ်လေးတောင်မပါဘူး ဒါနလေးပြုခဲ့ပါတယ်ရှင့် လှူရတန်းရရင် ပိတီဖြစ်သောကျမ အလှူရေစက် လက်နဲ့မကွာ” ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီး လည်း ဘေဘီရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေး လိုက်ပါတယ်။

Credit:Cele Zone
Photo – Baby Maung

About the author

Ms Cele

Leave a Comment