Celebrity

က်ဴးရပ္ကြက္မွာေနထိုင္ၾကတဲ့ အိမ္ေထာင္စုမ်ားအတြက္ စားေသာက္ကုန္မ်ားလွဴဒါန္းေပးခဲ့တဲ့ ခန္႕စည္သူ

Written by Ms Cele

က်ဴးရပ္ကြက္မွာေနထိုင္ၾကတဲ့ အိမ္ေထာင္စုမ်ားအတြက္ စားေသာက္ကုန္မ်ားလွဴဒါန္းေပးခဲ့တဲ့ ခန္႕စည္သူ

အႏုပညာေလာကမွာ ဆယ္စုႏွစ္ေတြ ကတည္းက ပရိသတ္အခိုင္အမာနဲ႔ ေအာင္ျမင္မႈေတြ ရရွိထားတဲ့ ဝါရင့္အႏုပညာရွင္ ကေတာ့ အကယ္ဒမီ ခန႔္စည္သူပဲ ျဖစ္ပါတယ္ေနာ္။ ဒီလိုကာလ မွာလည္း ျပည္သူေတြနဲ႔အတူ ရပ္တည္ကာ တတ္နိုင္သေလာက္ အလႉေလးေတြနဲ႔ ပါဝင္ေနသူတစ္ေယာက္ပါ။

ကိုယ္က်ိဳးမၾကည့္ဘဲ လုပ္ေဆာင္ေနသူ တစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြ ကေတာ့ ခ်စ္ခင္အားက်ေနၾကတာပါ။ခုဆိုရင္လည္း ခန႔္စည္သူက ေန႔စဥ္တိုင္းလိုလို လိုအပ္တဲ့ေနရာေတြကို အခက္အခဲေတြၾကားကေန ကိုယ္တိုင္သြားေရာက္ကာ လႉဒါန္းေပးေနတာကိုလည္း ေလးစားစြာေတြ႕ျမင္ရပါတယ္။

အခုလည္း အလႉရွင္ေတြ နဲ႔ စုေပါင္းကာ က်ဴးရပ္ကြက္မွာ ေနထိုင္ၾကတဲ့ အိမ္ေထာင္စု (၁၂၀) စာအတြက္ အေျခခံစားေသာက္ကုန္ မ်ားကို ကိုယ္တိုင္သြားေရာက္ လႉဒါန္းေပးခဲ့ျပန္ပါတယ္။အလႉနဲ႔ ပတ္သက္ၿပီးလည္း ” က်ီစုသုႆာန္အနီးရွိ ၊ဒဂုံဆိပ္ကမ္း(၁၆၈)က်ဴးရပ္ကြက္တြင္ ေနထိုင္ၾကေသာ အိမ္ေထာင္စု(၁၂၀)အတြက္ ဆန္၊ဆီ၊ပဲ၊ေဗဒါေရႊၾကာ လက္ဖက္ႏွင့္အေၾကာ္စုံ၊ၾကက္သြန္နီ ၊ေခါက္ဆြဲထုတ္ ၊(Maggi)စြယ္စုံသုံးဟင္းခတ္မႈန႔္၊ေမႊးဆပ္ျပာခဲ၊ေရႊဝါဆပ္ျပာေတာင့္၊Maskမ်ားႏွင့္ မိုးတြင္းစီးဖိနပ္ မ်ားကို ေဝငွလႉဒါန္းခဲ့ၾကပါတယ္။ခက္ခဲေနေသာ ခုလိုအခ်ိန္တြင္ စိတ္အား ထက္သန္စြာျဖင့္ လႉဒါန္းေပးၾကပါေသာ အလႉရွင္မ်ားကိုလည္း အထူးပဲေက်းဇူးတင္ ရွိပါတယ္။”လို႔ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီး အတြက္ ျပန္လည္ေဖာ္ျပေပး လိုက္ပါတယ္။

Credit: Cele Zone
Photo – Kyaw Soe Win

ကျူးရပ်ကွက်မှာနေထိုင်ကြတဲ့ အိမ်ထောင်စုများအတွက် စားသောက်ကုန်များလှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

အနုပညာလောကမှာ ဆယ်စုနှစ်တွေ ကတည်းက ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေ ရရှိထားတဲ့ ဝါရင့်အနုပညာရှင် ကတော့ အကယ်ဒမီ ခန့်စည်သူပဲ ဖြစ်ပါတယ်နော်။ ဒီလိုကာလ မှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကာ တတ်နိုင်သလောက် အလှူလေးတွေနဲ့ ပါဝင်နေသူတစ်ယောက်ပါ။

ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်နေသူ တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေ ကတော့ ချစ်ခင်အားကျနေကြတာပါ။ခုဆိုရင်လည်း ခန့်စည်သူက နေ့စဉ်တိုင်းလိုလို လိုအပ်တဲ့နေရာတွေကို အခက်အခဲတွေကြားကနေ ကိုယ်တိုင်သွားရောက်ကာ လှူဒါန်းပေးနေတာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။

အခုလည်း အလှူရှင်တွေ နဲ့ စုပေါင်းကာ ကျူးရပ်ကွက်မှာ နေထိုင်ကြတဲ့ အိမ်ထောင်စု (၁၂၀) စာအတွက် အခြေခံစားသောက်ကုန် များကို ကိုယ်တိုင်သွားရောက် လှူဒါန်းပေးခဲ့ပြန်ပါတယ်။အလှူနဲ့ ပတ်သက်ပြီးလည်း ” ကျီစုသုဿာန်အနီးရှိ ၊ဒဂုံဆိပ်ကမ်း(၁၆၈)ကျူးရပ်ကွက်တွင် နေထိုင်ကြသော အိမ်ထောင်စု(၁၂၀)အတွက် ဆန်၊ဆီ၊ပဲ၊ဗေဒါရွှေကြာ လက်ဖက်နှင့်အကြော်စုံ၊ကြက်သွန်နီ ၊ခေါက်ဆွဲထုတ် ၊(Maggi)စွယ်စုံသုံးဟင်းခတ်မှုန့်၊မွှေးဆပ်ပြာခဲ၊ရွှေဝါဆပ်ပြာတောင့်၊Maskများနှင့် မိုးတွင်းစီးဖိနပ် များကို ဝေငှလှူဒါန်းခဲ့ကြပါတယ်။ခက်ခဲနေသော ခုလိုအချိန်တွင် စိတ်အား ထက်သန်စွာဖြင့် လှူဒါန်းပေးကြပါသော အလှူရှင်များကိုလည်း အထူးပဲကျေးဇူးတင် ရှိပါတယ်။”လို့ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

Credit: Cele Zone
Photo – Kyaw Soe Win

About the author

Ms Cele

Leave a Comment