Celebrity

ကြယ္လြန္သြားတာ (၂)ႏွစ္ျပည့္ၿပီျဖစ္တဲ့ ေက်းဇူးရွင္ဖခင္ႀကီးကို အၿမဲသတိရေနတယ္ဆိုတဲ့ လင္းဇာနည္ေဇာ္

Written by Ms Cele

ကြယ္လြန္သြားတာ (၂)ႏွစ္ျပည့္ၿပီျဖစ္တဲ့ ေက်းဇူးရွင္ဖခင္ႀကီးကို အၿမဲသတိရေနတယ္ဆိုတဲ့ လင္းဇာနည္ေဇာ္

နိုင္ငံေက်ာ္ အကယ္ဒမီ မင္းသမီး တစ္ေယာက္ျဖစ္တဲ့ လင္းဇာနည္ေဇာ္ ကေတာ့ အနုပညာ မ်ိဳးရိုးကေန ေပါက္ဖြားလာသူ တစ္ေယာက္ျဖစ္ျပီး သူမရဲ့ သမီးေလး ျမဴလင္းကိုကို ကလည္း အေမ့လိုပဲ အနုပညာကို ဝါသနာပါသူ တစ္ေယာက္ျဖစ္ပါတယ္။ လင္းဇာနည္ေဇာ္တုိ့ ေမာင္နွမေတြ က သူတို့ရဲ့ ဖခင္ၾကီး ဒါရိုက္တာ ဦးခင္ေဇာ္ နာမည္နဲ့ UKZ ရုပ္ရွင္ထုတ္လုပ္ေရးကိုလည္း ဦးစီးေနသလို အျခား စားေသာက္ကုန္လုပ္ငန္းေတြကိုလည္း တစ္နုိင္တစ္ပိုင္ လုပ္ကိုင္ေနၾကတာပဲ ျဖစ္ပါတယ္။ ဦးခင္ေဇာ္ကေတာ့ ျပီးခဲ့တဲ့ (၂၀၁၈) ခုနွစ္ကပဲ ကြယ္လြန္သြား ခဲ့တာျဖစ္ျပီး လင္းဇာနည္ေဇာ္ တို့ ေမာင္နွမေတြကေတာ့ ဖခင္ရဲ့ က်န္ရစ္ခဲ့တဲ့ အလုပ္ေတြကို ဆက္လက္ လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။

မေန့က ဒီဇင္ဘာလ (၃) ရက္ေန့ကေတာ့ ဦးခင္ေဇာ္ကြယ္လြန္ျခင္း (၂) နွစ္ျပည့္တဲ့ ေန့ေလးျဖစ္ျပီး လင္းဇာနည္ေဇာ္က ေက်းဇူးရွင္ေဖေဖကို မသိစိတ္နဲ့ သတိရေနေၾကာင္းကို ” ေဖေဖ… (၂) ႏွစ္တိတိျပည့္ျပီ.။ ဆပ္မကုန္တဲ့ ေက်းဇူးေတြနဲ႔အတူ သမီးတို႔ရင္ထဲ၊ အသိစိတ္ထဲမွာ ေဖေဖအၿမဲရွိတယ္။ မသိစိတ္နဲ႔ေတာ့ သတိအရမ္းရတယ္😭😭😭” ဆိုျပီး သတိရလြမ္းဆြတ္ေနေၾကာင္း ရင္ဖြင့္ေျပာဆို လာတာပဲ ျဖစ္ပါတယ္။

လင္းဇာနည္ေဇာ္ကေတာ့ သမီးေလး ျမဴလင္းကိုကိုကို လည္း ရင္အုပ္မကြာေစာင့္ေရွာက္ ေနရသလို မိသားစုတာဝန္ ေတြကိုလည္း နိုင္သေလာက္ ထမ္းေဆာင္ေနသူမို့ သြားေလသူ ဖခင္ၾကီးက စိတ္ခ်လက္ခ်ရိွမွာ ေသခ်ာပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

ကွယ်လွန်သွားတာ (၂)နှစ်ပြည့်ပြီဖြစ်တဲ့ ကျေးဇူးရှင်ဖခင်ကြီးကို အမြဲသတိရနေတယ်ဆိုတဲ့ လင်းဇာနည်ဇော်

နိုင်ငံကျော် အကယ်ဒမီ မင်းသမီး တစ်ယောက်ဖြစ်တဲ့ လင်းဇာနည်ဇော် ကတော့ အနုပညာ မျိုးရိုးကနေ ပေါက်ဖွားလာသူ တစ်ယောက်ဖြစ်ပြီး သူမရဲ့ သမီးလေး မြူလင်းကိုကို ကလည်း အမေ့လိုပဲ အနုပညာကို ဝါသနာပါသူ တစ်ယောက်ဖြစ်ပါတယ်။ လင်းဇာနည်ဇော်တို့ မောင်နှမတွေ က သူတို့ရဲ့ ဖခင်ကြီး ဒါရိုက်တာ ဦးခင်ဇော် နာမည်နဲ့ UKZ ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ဦးစီးနေသလို အခြား စားသောက်ကုန်လုပ်ငန်းတွေကိုလည်း တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။ ဦးခင်ဇော်ကတော့ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်ကပဲ ကွယ်လွန်သွား ခဲ့တာဖြစ်ပြီး လင်းဇာနည်ဇော် တို့ မောင်နှမတွေကတော့ ဖခင်ရဲ့ ကျန်ရစ်ခဲ့တဲ့ အလုပ်တွေကို ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

မနေ့က ဒီဇင်ဘာလ (၃) ရက်နေ့ကတော့ ဦးခင်ဇော်ကွယ်လွန်ခြင်း (၂) နှစ်ပြည့်တဲ့ နေ့လေးဖြစ်ပြီး လင်းဇာနည်ဇော်က ကျေးဇူးရှင်ဖေဖေကို မသိစိတ်နဲ့ သတိရနေကြောင်းကို ” ဖေဖေ… (၂) နှစ်တိတိပြည့်ပြီ.။ ဆပ်မကုန်တဲ့ ကျေးဇူးတွေနဲ့အတူ သမီးတို့ရင်ထဲ၊ အသိစိတ်ထဲမှာ ဖေဖေအမြဲရှိတယ်။ မသိစိတ်နဲ့တော့ သတိအရမ်းရတယ်😭😭😭” ဆိုပြီး သတိရလွမ်းဆွတ်နေကြောင်း ရင်ဖွင့်ပြောဆို လာတာပဲ ဖြစ်ပါတယ်။

လင်းဇာနည်ဇော်ကတော့ သမီးလေး မြူလင်းကိုကိုကို လည်း ရင်အုပ်မကွာစောင့်ရှောက် နေရသလို မိသားစုတာဝန် တွေကိုလည်း နိုင်သလောက် ထမ်းဆောင်နေသူမို့ သွားလေသူ ဖခင်ကြီးက စိတ်ချလက်ချရှိမှာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment