News

ကြယ္လြန္သြားတဲ့ သူဆင္းရဲမိခင္မွ မိသားစုကို ေနာက္ဆံုးအေမြေပးခဲ့

Written by Ms Cele

ကြယ္လြန္သြားတဲ့ သူဆင္းရဲမိခင္မွ မိသားစုကို ေနာက္ဆံုးအေမြေပးခဲ့

ထိုင္းနိုင္ငံ ရာ့ခ်္ပူရီခရိုင္ ပါတ္ေထာ့ၿမိဳ႕နယ္ ဒြန္းဆိုင္ အုပ္စု ရပ္ကြက္ ၂ မွာ ေနထိုင္တဲ့ နန္းပရနီ (၃၉ႏွစ္) ရဲ့ မိခင္ဟာ လြန္ခဲ့ တဲ့ ၉ရက္က ကြယ္လြန္သြားခဲ့ သြားခဲ့ပါတယ္။ နန္းပရနီဟာ မိခင္ျဖစ္သူကို မီးသၿဂႋဳဟ္ခါနီး ေနာက္ဆုံး အေနျဖင့္ ေခါင္းတလား ဖြင့္ၾကည့္ရာမွေခါင္းတလားရဲ့ အဖုံး ပ်ဥ္ခ်ပ္ေပၚမွာ ေဘာပင္အနီနဲ႔ ေရးျခစ္ထားတဲ့ ၃၉၁ ဆိုတဲ့ ဂဏန္းကို ေတြ႕ရွိခဲ့ပါတယ္။

သူမဟာ ထီထိုးတာ ဝါသနာပါသူ တေယာက္ မဟုတ္ေပမဲ့လည္း သုဘရာဇာ ကတိုက္တြန္းလို႔ ထိုးျဖစ္သြားတယ္လို႔ဆိုပါတယ္။ သူမအေမရဲ့ အသုဘကို တိုက္တိုက္ဆိုင္ ထီလာေရာင္းတဲ့ သူတဦး ထံမွာ ၃၉၁ ဂဏန္းကို ေတာင္းဝယ္ခဲ့ၿပီး ထီေရာင္းသူက သူ႔မွာ ေလာေလာဆယ္ အဲဒီဂဏန္းမရွိဘူးလို႔ ေျပာဆိုၿပီး ည ၈ နာရီေလာက္မွာေတာ့ ၂၉၂၃၉၁ ဂဏန္းပါ ထီလက္မွတ္ ၅ ေစာင္ လာေပးခဲ့ပါတယ္။

နန္းပရနီဟာ ႏွစ္ ၂၀ခန႔္ အမွိုက္ပုံထဲက ေရာင္းလို႔ရတဲ့ ပစၥည္းေတြ ေမႊေႏွာက္ရွာေဖြ ေရာင္းစား လာတဲ့ သူဆင္းရဲမ တဦး ျဖစ္ၿပီး ထီသည္မွ ထီလက္မွတ္ လာေရာက္ေရာင္းခ်တဲ့ အခ်ိန္မွာ ၅ ေစာင္လုံးဝယ္ဖို႔ ဘတ္ ၆၀၀ မရွိတာနဲ႔ ညီမဝမ္းကြဲ ၂ ဦးနဲ႔ တေစာင္စီ၊အသုဘမွာေႂကြးဖို႔ ဟင္းလာခ်က္ေပးတဲ့ နန္းကန္က ၂ ေစာင္ခြဲၿပီး ဝယ္လိုက္ၾကတာ ျဖစ္ပါတယ္။

မေန႔က မိခင္ျဖစ္သူ အတြက္ ဘုန္းႀကီးေက်ာင္းမွာ အလႉလုပ္ၿပီးအျပန္ ထီေပါက္စဥ္ တိုက္ၾကည့္ရာ တေစာင္ကို ဘတ္ ၆ သန္းေပါက္ၿပီး ငါးေစာင္အတြက္ စုစုေပါင္း ဘတ္သန္း ၃၀ ေပါက္လို႔ အားလုံး ဝမ္းသာခဲ့ၾကတယ္လို႔ ေျပာပါတယ္။ ထီေပါက္တဲ့ေငြနဲ႔ အိမ္ျပင္ေဆာက္ၿပီး တခ်ိဳ႕ကို သားသမီး ပညာသင္ စရိတ္သိမ္းထားကာ တခ်ိဳ႕ကို အလႉလုပ္မယ္လို႔ နန္းပရနီက သူမရဲ့ စိတ္ကူး အိပ္မက္ေတြကိုေျပာျပသြားခဲ့ပါတယ္။

Crd

ကွယ်လွန်သွားတဲ့ သူဆင်းရဲမိခင်မှ မိသားစုကို နောက်ဆုံးအမွေပေးခဲ့

ထိုင်းနိုင်ငံ ရာ့ချ်ပူရီခရိုင် ပါတ်ထော့မြို့နယ် ဒွန်းဆိုင် အုပ်စု ရပ်ကွက် ၂ မှာ နေထိုင်တဲ့ နန်းပရနီ (၃၉နှစ်) ရဲ့ မိခင်ဟာ လွန်ခဲ့ တဲ့ ၉ရက်က ကွယ်လွန်သွားခဲ့ သွားခဲ့ပါတယ်။ နန်းပရနီဟာ မိခင်ဖြစ်သူကို မီးသင်္ဂြိုဟ်ခါနီး နောက်ဆုံး အနေဖြင့် ခေါင်းတလား ဖွင့်ကြည့်ရာမှခေါင်းတလားရဲ့ အဖုံး ပျဉ်ချပ်ပေါ်မှာ ဘောပင်အနီနဲ့ ရေးခြစ်ထားတဲ့ ၃၉၁ ဆိုတဲ့ ဂဏန်းကို တွေ့ရှိခဲ့ပါတယ်။

သူမဟာ ထီထိုးတာ ဝါသနာပါသူ တယောက် မဟုတ်ပေမဲ့လည်း သုဘရာဇာ ကတိုက်တွန်းလို့ ထိုးဖြစ်သွားတယ်လို့ဆိုပါတယ်။ သူမအမေရဲ့ အသုဘကို တိုက်တိုက်ဆိုင် ထီလာရောင်းတဲ့ သူတဦး ထံမှာ ၃၉၁ ဂဏန်းကို တောင်းဝယ်ခဲ့ပြီး ထီရောင်းသူက သူ့မှာ လောလောဆယ် အဲဒီဂဏန်းမရှိဘူးလို့ ပြောဆိုပြီး ည ၈ နာရီလောက်မှာတော့ ၂၉၂၃၉၁ ဂဏန်းပါ ထီလက်မှတ် ၅ စောင် လာပေးခဲ့ပါတယ်။

နန်းပရနီဟာ နှစ် ၂ဝခန့် အမှိုက်ပုံထဲက ရောင်းလို့ရတဲ့ ပစ္စည်းတွေ မွှေနှောက်ရှာဖွေ ရောင်းစား လာတဲ့ သူဆင်းရဲမ တဦး ဖြစ်ပြီး ထီသည်မှ ထီလက်မှတ် လာရောက်ရောင်းချတဲ့ အချိန်မှာ ၅ စောင်လုံးဝယ်ဖို့ ဘတ် ၆၀၀ မရှိတာနဲ့ ညီမဝမ်းကွဲ ၂ ဦးနဲ့ တစောင်စီ၊အသုဘမှာကြွေးဖို့ ဟင်းလာချက်ပေးတဲ့ နန်းကန်က ၂ စောင်ခွဲပြီး ဝယ်လိုက်ကြတာ ဖြစ်ပါတယ်။

မနေ့က မိခင်ဖြစ်သူ အတွက် ဘုန်းကြီးကျောင်းမှာ အလှူလုပ်ပြီးအပြန် ထီပေါက်စဉ် တိုက်ကြည့်ရာ တစောင်ကို ဘတ် ၆ သန်းပေါက်ပြီး ငါးစောင်အတွက် စုစုပေါင်း ဘတ်သန်း ၃၀ ပေါက်လို့ အားလုံး ဝမ်းသာခဲ့ကြတယ်လို့ ပြောပါတယ်။ ထီပေါက်တဲ့ငွေနဲ့ အိမ်ပြင်ဆောက်ပြီး တချို့ကို သားသမီး ပညာသင် စရိတ်သိမ်းထားကာ တချို့ကို အလှူလုပ်မယ်လို့ နန်းပရနီက သူမရဲ့ စိတ်ကူး အိပ်မက်တွေကိုပြောပြသွားခဲ့ပါတယ်။

Crd

About the author

Ms Cele

Leave a Comment