Celebrity


Written by Ms Cele





Credit:Celelucky

ကွယ်လွန်သွားတဲ့ ဦးမေတ္တာနဲ့ စတင်တွေ့ရှိခဲ့စဉ်က အမှတ်တရတွေကို ပြောပြလာတဲ့ အဆိုတော် အာဇာနည်

ပရိသတ်ကြီးရေ လူရွှင်တော် ဦးမေတ္တာ တစ်ယောက် ဒီနေ့ နေ့လည် (၁၂) နာရီတိတိတွင် ကိုဗစ်ရောဂါနဲ့ပဲ ဆုံးပါးကွယ်လွန် သွားခဲ့ပါပြီနော်။ အနုပညာရှင်တွေ တစ်ယောက်ပြီး တစ်ယောက် တဖြုတ်ဖြုတ်ကြွေနေတာကြောင့်ပရိသတ်တွေလည်း ပြောစရာစကား မရှိအောင်ကို ဆွံ့အနေခဲ့ရပါပြီနော်။

ဦးမေတ္တာနဲ့ ပတ်သက်တဲ့ အမှတ်တရတစ်ချို့ကို အနုပညာရှင်များက ရေးနေကြပြီး ဒီထဲမှာမှ ထူးထူးခြားခြား အဆိုတော် အာဇာနည်မှလည်း ရေးသားလာပါတယ်နော်။ ” ဦးမေတ္တာကြီးနဲ့ ဆိုပျော်ပြိုင်တော့ စတွေ့တာပေါ့ ခုမှတွေ့တဲ့ကလေးတွေကို သားသမီးအရင်းတွေလို ဆက်ဆံပြောဆို တတ်တော့ နွေးထွေးပျော်ရွှင်စွာ ပြိုင်ပွဲဝင်ကြရတာ မေ့မရ ပြီးတော့ ခုချိန်ထိ ချစ်ခင် ခင်မင်လာခဲ့ကြတာပေါ့။

တွေ့ဖြစ်တဲ့ခါတိုင်း အတိတ်က အကြောင်းတွေ ပြန်ပြော ဖြစ်ပြီး အမြဲ ဆုံးမစကားပြောလေ့ ရှိတဲ့ ဦးမေတ္တာကြီး ခုတော့ လတ်တလော စိတ်ပျက်စရာကောင်းတဲ့ အချေအနေကြီးကိုစွန်ခွာသွားခဲ့ပြီပေါ့ ဒီနေရာကနေ့ ရှစ်ခိုးကန့်တော့လိုက်ပါတယ် ဦးမေတ္တာကြီး ကောင်းရာသုဂတိလားပါစေ 🙏🙏🙏🙏🙏” လို့ ဝမ်းနည်းစွာဖြင့် ရေးသားထားပါတယ် ပရိသတ်ကြီးရေ….

Credit:Celelucky

About the author

Ms Cele

Leave a Comment