Celebrity

ကြယ္လြန္သြားၿပီ ျဖစ္တဲ့ ခ်စ္ခင္ပြန္း အတြက္ ေန့စဥ္၊ လစဥ္ ရည္စူးျပီး ကုသုိလ္ေကာင္းမႈေတြ ျပဳလုပ္ေပးေနတဲ့ ၀ါ၀ါ၀င္းေရႊ

Written by Ms Cele

ကြယ္လြန္သြားၿပီ ျဖစ္တဲ့ ခ်စ္ခင္ပြန္း အတြက္ ေန့စဥ္၊ လစဥ္ ရည္စူးျပီး ကုသုိလ္ေကာင္းမႈေတြ ျပဳလုပ္ေပးေနတဲ့ ၀ါ၀ါ၀င္းေရႊ

အျဖဴအမည္း ဖလင္ေခတ္ ကတည္းက ႐ုပ္ရွင္ခ်စ္ပရိသတ္ေတြ အေပၚ လႊမ္းမိုးမႈရွိခဲ့တဲ့ မင္းသမီးႀကီး ဝါဝါဝင္းေ႐ႊ ကေတာ့ “ခ်စ္သမီး”၊ ” ေခ်ာင္းကိုပစ္၍ ျမစ္ကိုရွာ”၊ “မိန္းကေလးရွင္ရဲ့ဆႏၵ” အစရိွတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြနဲ့ အကယ္ဒမီထူးခၽြန္ဆုၾကီး သံုးဆုတိတိကုိ ရရိွပိုင္ဆိုင္ ခဲ့တာပဲ ျဖစ္ပါတယ္။ ဝါဝါဝင္းေရႊရဲ့ ခင္ပြန္း ဦးသန္းထြဋ္ကလည္း ရုပ္ရွင္ဇာတ္ကားၾကီးေတြမွာ ပါဝင္သရုပ္ေဆာင္ခဲ့တဲ့ မင္းသားတစ္လက္ပဲ ျဖစ္ပါတယ္။ ဦးသန္းထြဋ္ကေတာ့ ကြယ္လြန္သြားခဲ့ရွာျပီျဖစ္ျပီး ဒီကေန့ နိုဝင္ဘာလ (၂၃) ရက္ေန့ဆို ဦးသန္းထြဋ္ကြယ္လြန္ျခင္း တစ္နွစ္နဲ့ေလးလျပည့္ခဲ့ျပီျဖစ္ျပီး ဝါဝါဝင္းေရႊက သြားေလသူ ခင္ပြန္းသည္အတြက္ တစ္ရက္မွေမ့မရေသးေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။

ဝါဝါဝင္းေရႊက “သတိရ လြမ္​းဆြတ္​ တမ္​းတ ။​ေမ့မရနိုင္​တဲ့ ၂၃ ရက္​​ေန႔။ ဒယ္​ဒီခြဲခြာ သြားတာ တစ္နွစ္​ နဲ႔ ​ေလးလ ျပည္​့ခဲ့ ျပန္​ၿပီ​ေပါ့။ ​ေန႔စဥ္​ လစဥ္​ ဒယ္​ဒီအတြက္​ ရည္​စူးၿပီး ကုသိုလ္​​ေကာင္​းမႈ​ ေတြျပဳလုပ္​ဆဲပါ။ တ​ေဆာင္​မုန္​းလ ျမတ္​စြာဘရားရွင္​ နွင္​့သံဃာ​ေတာ္​ မ်ားကိုရည္​စူးၿပီး ကထိန္​ သကၤန္​း ၊ ပရိတ္​ခရာ ရွစ္​ပါး စံုလင္​စြာနဲ႔ လွဴဒါန္​းၿပီး ဒယ္​ဒီ နဲ႔တကြ ၃၁က်င္​လည္​ၾက ကုန္​​ေသာ လူ နတ္​ ျဗဟၼာ သတၲာ အ​ေပါင္​း တို႔အား အမ်ွ​ေပး​ေဝပါတယ္​။ ဝမ္​း​ေျမာက္​ ဝမ္​းသာ သာဓု ​ေခၚၿပီး ျမင္​့ျမတ္​တဲ့ ဘံုဘဝ မွာ စံျမန္​းနွိင္​ပါ​ေစ။က်န္​ရစ္​သူ က​ေတာ့ ဆက္​၍ ဆက္​ခါ လြမ္​း​ေနရအံုးမွာပါ။” ဆိုျပီး ခင္ပြန္းသည္အတြက္ အလွဴအတန္းေတြျပဳလုပ္ရင္း လြမ္းေနရတဲ့အေၾကာင္းေတြကို စိတ္မေကာင္း စြာ ေျပာလာပါတယ္။

ဝါဝါဝင္းေရႊ ကေတာ့ သြားေလသူ ခင္ပြန္းသည္ကို ရည္စူးျပီး ေန့ညမျပတ္ အလွဴအတန္း ေတြကို ျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။ ဦးသန္းထြဋ္ လည္း ေကာင္းရာဘံုဘဝ ကေန က်န္ရစ္သူမိသားစုရဲ့ ကုသိုလ္ေလး အတြက္ ဝမ္းေျမာက္စြာ သာဓုေခၚဆိုၾကမယ္ ထင္ပါ တယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာ ေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾက ပါေစလို႔ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

ကွယ်လွန်သွားပြီ ဖြစ်တဲ့ ချစ်ခင်ပွန်း အတွက် နေ့စဉ်၊ လစဉ် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးနေတဲ့ ၀ါ၀ါဝင်းရွှေ

အဖြူအမည်း ဖလင်ခေတ် ကတည်းက ရုပ်ရှင်ချစ်ပရိသတ်တွေ အပေါ် လွှမ်းမိုးမှုရှိခဲ့တဲ့ မင်းသမီးကြီး ဝါဝါဝင်းရွှေ ကတော့ “ချစ်သမီး”၊ ” ချောင်းကိုပစ်၍ မြစ်ကိုရှာ”၊ “မိန်းကလေးရှင်ရဲ့ဆန္ဒ” အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီထူးချွန်ဆုကြီး သုံးဆုတိတိကို ရရှိပိုင်ဆိုင် ခဲ့တာပဲ ဖြစ်ပါတယ်။ ဝါဝါဝင်းရွှေရဲ့ ခင်ပွန်း ဦးသန်းထွဋ်ကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ ဦးသန်းထွဋ်ကတော့ ကွယ်လွန်သွားခဲ့ရှာပြီဖြစ်ပြီး ဒီကနေ့ နိုဝင်ဘာလ (၂၃) ရက်နေ့ဆို ဦးသန်းထွဋ်ကွယ်လွန်ခြင်း တစ်နှစ်နဲ့လေးလပြည့်ခဲ့ပြီဖြစ်ပြီး ဝါဝါဝင်းရွှေက သွားလေသူ ခင်ပွန်းသည်အတွက် တစ်ရက်မှမေ့မရသေးကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

ဝါဝါဝင်းရွှေက “သတိရ လွမ်​းဆွတ်​ တမ်​းတ ။​မေ့မရနိုင်​တဲ့ ၂၃ ရက်​​နေ့။ ဒယ်​ဒီခွဲခွာ သွားတာ တစ်နှစ်​ နဲ့ ​လေးလ ပြည်​့ခဲ့ ပြန်​ပြီ​ပေါ့။ ​နေ့စဉ်​ လစဉ်​ ဒယ်​ဒီအတွက်​ ရည်​စူးပြီး ကုသိုလ်​​ကောင်​းမှု​ တွေပြုလုပ်​ဆဲပါ။ တ​ဆောင်​မုန်​းလ မြတ်​စွာဘရားရှင်​ နှင်​့သံဃာ​တော်​ များကိုရည်​စူးပြီး ကထိန်​ သင်္ကန်​း ၊ ပရိတ်​ခရာ ရှစ်​ပါး စုံလင်​စွာနဲ့ လှူဒါန်​းပြီး ဒယ်​ဒီ နဲ့တကွ ၃၁ကျင်​လည်​ကြ ကုန်​​သော လူ နတ်​ ဗြဟ္မာ သတ္တာ အ​ပေါင်​း တို့အား အမျှ​ပေး​ဝေပါတယ်​။ ဝမ်​း​မြောက်​ ဝမ်​းသာ သာဓု ​ခေါ်ပြီး မြင်​့မြတ်​တဲ့ ဘုံဘဝ မှာ စံမြန်​းနှိင်​ပါ​စေ။ကျန်​ရစ်​သူ က​တော့ ဆက်​၍ ဆက်​ခါ လွမ်​း​နေရအုံးမှာပါ။” ဆိုပြီး ခင်ပွန်းသည်အတွက် အလှူအတန်းတွေပြုလုပ်ရင်း လွမ်းနေရတဲ့အကြောင်းတွေကို စိတ်မကောင်း စွာ ပြောလာပါတယ်။

ဝါဝါဝင်းရွှေ ကတော့ သွားလေသူ ခင်ပွန်းသည်ကို ရည်စူးပြီး နေ့ညမပြတ် အလှူအတန်း တွေကို ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ဦးသန်းထွဋ် လည်း ကောင်းရာဘုံဘဝ ကနေ ကျန်ရစ်သူမိသားစုရဲ့ ကုသိုလ်လေး အတွက် ဝမ်းမြောက်စွာ သာဓုခေါ်ဆိုကြမယ် ထင်ပါ တယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment