Celebrity


Written by Ms Cele







Credit:Swelsone News

ကွယ်လွန် သွားခဲ့ပြီဖြစ်တဲ့ ဖခင်ဖြစ်သူကို ဝမ်းနည်းစွာ သတိရ လွမ်းဆွတ်ရင်း စာလေး တစ်စောင် ရေးသား ဖော်ပြလာခဲ့တဲ့ နိုင်လူ

ဇာတ်ပို့ဇာတ်ရံ လူကြမ်း သရုပ်ဆောင် နိုင်လူကတော့ ပရိသတ် တွေရဲ့ အချစ်တွေကို အပြည့်အရရှိခဲ့တဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ နိုင်လူ ဟာ သရုပ်ဆောင် ဦးကြူးမာရဲ့ သားတစ်ယောက် ဖြစ်ပြီး ဖခင်ရဲ့အနုပညာအမွေကို ရရှိထားကာ အခုဆိုရင် ဒါရိုက်တာ တစ်ယောက်အနေနဲ့ လုပ်ကိုင်နေတာ တွေ့ရပါတယ်။ နိုင်လူ ကတော့ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ဖခင်ဖြစ်သူ ဦးကြူးမာ ကွယ်လွန်ခဲ့ခြင်း (၈)နှစ်ပြည့်နေ့လေးဖြစ်တာကြောင့် သတိရ လွမ်းဆွတ်ရင်း အမှတ်တရပုံလေးတွေကို ဖော်ပြလာခဲ့ပါတယ်။

ဒီပုံလေးတွေ နဲ့လည်း နိုင်လူက “ရုပ်ရှင်သရုပ်ဆောင် ဦးကြူးမားသို့မဟုတ်နိုင်လူ၏ အဖေကွယ်လွန်ခဲ့သည့် ယနေ့(၈)နှစ်ပြည့်ရှိလာခဲ့ပြီ ရုပ်ရှင်ဇာတ်ကားများနှင့်ဗီဒီယိုဇာတ်ကားပေါင်းများစွာတို့တွင်ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့သည့်အတွက် ပရိပ်သတ်၏အားပေး ချစ်ခင်မှုကို ရရှိခဲ့သည့်သရုပ်ဆောင်ဦးကြူးမား(ခ)ဦးစိန်တင့်သည်

သရုပ်ဆောင်နိုင်လူ၏ အဖေဖြစ်သလို့ဧရာဝတီတိုင်း လပွတ္တာဇာတိဖွား အဖဦးမောင်တင့် အမိဒေါ်အေးစိန်တို့မှမွေးဖွားသည့်မွေးချင်း (၄) ယောက်အနက် တစ်ဦးတည်းသော သားဖြစ်သည် ငယ်စဉ်မှစ၍ ပရဟိတလုပ်ငန်းများ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သလို့မြန်မာနိုင်ငံကြက် ခြေနီအသင်းမှ ပေးအပ်ခဲ့သည့်အထူးစံပြကြက်ခြေနီတံဆိပ်ကိုရရှိခဲ့ပြီးရှေ့နေဘွဲ့ကိုလည်ရရှိခဲသည်။

၁၉၉ဝနောက်ပိုင်းတွင် ရုပ်ရှင်လောကသို့ဝင်ရောက်ခဲ့ပြီး ဗီဒီယိုဇာတ်ကားပေါင်း၅ဝဝခန့်တွင့် သရုပ်ဆောင်ပါဂင်ခဲ့ပြီး၂.၁၂.၂၀၁၂တွင် ကွယ်လွန်ခဲ့သည် အသက်(၆၄) နှစ်တွင် ကွယ်လွန်ခဲ့သည်….နှစ်ပေါင်း ဘယ်လောက်ကြာကြာ အဖေသွန်သင်ခဲ့သည့် ဆုံးမစကားများကိုနှလုံးသွင်းရင်း နေ့စဉ်သတိရလျှက် ပါအဖေ

အဖေနှင့်စကားပြောရင်း မိုးလင်းသွား ခဲ့သည့် ရက်တွေသတိရ လျှက်ပါ အဖေမိဘဆရာသမား ကျေးဇူးရှင် တို့၏ ကျေးဇူးတရား ကို သိတတ်ဖော်ပြခြင်း သည်လည်း မင်္ဂလာပါအဖေ နေ့စဉ်ပြုလုပ်သည့် ကောင်းမှုတိုင်းကို အဖေကိုအမျှပေး ဝေလျှက်ပါအဖေ ….ရောက်ရှိနေသည် ဘုံဘဝမှ အဖေသာဓု ခေါ်ဆိုနိုင်ပါစေ လက်နှင့်တောင်ရိုက်ဖို ့မရွယ်ဖူးခဲ့သည့် ကျေးဇူးရှင်အဖေ ..အဖေရဲ့သား နိုင်လူ ” ဆိုပြီး ဝမ်းနည်းစရာ ရေးသား ထားပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment