Celebrity


Written by Ms Cele





crd

ကွယ်လွန် သွားပြီ ဖြစ် တဲ့ မီးမီးခဲ နောက်ဆုံး ချန်ထား ခဲ့တဲ့ အမှတ်တရ ဗီဒီယို ဖိုင်လေး ကို ဝေမျှ လိုက်တဲ့ ဂရေ ဟမ်

ပရိသတ်ကြီးရေ ဆွဲဆောင်မှု ရှိလွန်းတဲ့ အသံချိုချိုလေးနဲ့ သီချင်း ကောင်း လေးတွေ သီဆိုတတ်ပြီး ပရိသတ်တွေကို အကြိုက်တွေ့စေ တဲ့ အဆိုတော် မီးမီးခဲကတော့ အောက်တိုဘာလ(၁၆)ရက်နေ ့မှာပဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါ တယ်နော်။ အောက်တိုဘာလ (၁၆) ရက်နေ့က သြစတြေးလျစံတော်ချိန် ည(၉) နာရီ (၃၁) မိနစ် အချိန်မှာ သူမနေထိုင်ရာ သြစတြေးလျ နိုင်ငံ Sydney မြို့ မှာ ကင်ဆာရောဂါ နဲ့ ကွယ်လွန်သွားတဲ့ မီးမီးခဲအတွက် ပရိသတ်တွေနဲ့ အနုပညာရှင်တွေ များစွာလည်း ဝမ်းနည်း စိတ်မကောင်းဖြစ်လို့ နေပါတယ်နော်။

အားလုံးက ဝမ်းနည်း စိတ်မကောင်းဖြစ်နေကြ သလို အဆိုတော် ဂရေဟမ်ကလည်း မီးမီးခဲ နောက်ဆုံး ချန်ထားခဲ့တဲ့ အမှတ်တရ ဗီဒီယိုဖိုင်လေးကို ဝေမျှလိုက်ပါတယ်နော်..။ မီးမီးခဲ မကွယ်လွန်ခင် နောက်ဆုံးတွေ့ဆုံရင်း သီချင်းတွေ အတူဆိုခဲ့ကြတဲ့ အမှတ်တရလေး ကို ဝေမျှထား တာဖြစ်ပြီး စိတ်မကောင်းဖြစ်ရတဲ့အကြောင်းလေး ကိုလည်း ပြောပြထားတာ ဖြစ်ပါတယ်နော်..။

“မီးခဲ ရေ … ငါတို့ အမှတ်တရတွေ အများကြီးထဲက နင်နောက်ဆုံး ချန်ထား ခဲ့တဲ့ အမှတ်တရတစ်ခု .. Rest In Peace … ငါ့ညီမလေး မီးခဲ..” ဆိုပြီး ဗီဒီယိုဖိုင်လေး ကို ဝေမျှထားတာ ဖြစ်ပါတယ်နော်..။ ဂရေဟမ်နဲ့ မီးမီးခဲတို့ရဲ့ နောက်ဆုံး အမှတ်တရ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေ အတွက် ဝေမျှတင်ဆက်ပေး လိုက်တာမို့ အလွမ်း ပြေလေး ကြည့်ရင်း မီးမီးခဲတစ်ယောက် ကောင်းရာ သုဂတိလားစေဖို့ စိတ်မကောင်းစွာ ဆုတောင်း လိုက်ပါတယ်နော်..။

crd

About the author

Ms Cele

Leave a Comment