Celebrity


Written by Ms Cele






“ကျွန်တော် အသည်းကွဲဖူးပြီ” သီချင်း MV မှာ အနုပညာကြေး မယူပဲ မေတ္တာနဲ့ အချိန်ပေး ရိုက်ကူးပေးတဲ့ ရွှေကစ်လေးကို ကျေးဇူးတင် စကားပြောလာတဲ့ အလင်းရောင်

နိုင်ငံကျော် မင်းသမီးချော ဝတ်မှုံရွှေရည် ကတော့ သရုပ်ဆောင်ဟန်ပန် အမူအယာကောင်းရုံ သာမက ကြင်နာတတ်ပြီး စိတ် သဘောထားလည်း ဖြောင့်မတ်ကောင်းမွန်သူလေး တစ်ယောက်ဖြစ်တာကြောင့် ကောင်းသတင်းနဲ့ ကျော်ကြားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည် ကတော့ ထိပ်တန်းမင်းသမီး တစ်လက်ဖြစ်သလို အကယ်ဒမီများရှင် တစ်ယောက်လည်း ဖြစ်ပေမယ့် သူမနဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို အနုပညာကြေးလျှော့ပေါ့ ယူပေးသလို တစ်ခါတစ်ရံမှာလည်း အချိန်သက်သက် ပေးပြီး မေတ္တာနဲ့ ရိုက်ကူးပေးလေ့ရှိသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာလည်း ဝတ်မှုံရွှေရည် က သူမနဲ့ခင်မင် ရင်းနှီးတဲ့ အနုပညာမောင်နှမ တစ်ယောက်ဖြစ်တဲ့ အလင်းရောင်ရဲ့ “ကျွန်တော် အသည်းကွဲဖူးပြီ” သီချင်း MV မှာ ပါဝင်သရုပ်ဆောင်ပေး ခဲ့တာပဲ ဖြစ်ပါတယ်။ အလင်းရောင် ကလည်း သူ့ရဲ့ သီချင်းလေးမှာ မေတ္တာနဲ့ ပါဝင်သရုပ်ဆောင် ပေးခဲ့တဲ့ ဝတ်မှုံရွှေရည်ကို “ကျေးဇူးကမ္ဘာပါပဲ မကစ် 🥰 အခုလို မေတ္တာနဲ့ အချိန်ပေးရိုက်ကူးပေးတဲ့ အတွက်ရော အားဖြည့်ပေးတဲ့ အတွက်ရော ပြောမပြတတ်အောင်ပဲ ကျေးဇူးတင်ပါတယ်🤩🥰 စိတ်ထားကောင်းတဲ့ ကစ်လဲ အကယ်ဒမီတွေအများကြီးအများကြီးရပါစေ 😍🥰😍🥰😍” ဆိုပြီး ကျေးဇူးတင် ဆုတောင်း စကားပြောလာပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ထိပ်တန်းမင်းသမီး ဆိုပေမယ့် ခင်မင်ရတဲ့ အလင်းရောင်ရဲ့ သီချင်း MV မှာ အခကြေးငွေ လုံးဝမယူပဲ မေတ္တာနဲ့ အချိန်သက်သက် ပေးပြီးကို ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။ အလင်းရောင် ဆုတောင်းပေးသလို ဝတ်မှုံရွှေရည် တစ်ယောက် အကယ်ဒမီတွေ အများကြီး ထပ်ရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက် ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment