Celebrity


Written by Ms Cele





crd

ကျွန်တော် လုံးဝ လုံးဝ“ဒလန်” မဟုတ်ပါဘူး ယုံကြည်ပေးပါလို့ တောင်းဆိုလာတဲ့ မြင့်မြတ်

ပရိတ်သတ်ကြီးရေ….ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ မင်းသားချောမြင့်မြတ် ဟာဆိုရင် ရုပ်ရှင်ဇာတ်ကားပေါင်း များစွာကို ပီပြင်ပိုင်နိုင်အောင် သဘာဝကျကျသရုပ်ဆောင်နိုင်တဲ့ အတွက်ကြောင့် ပရိတ်သတ်တွေရဲ့ ပါစပ်ဖျားမှာ မြင့်မြတ်ဆိုပြီး အခုချိန်ထိ ရှိနေတာပဲဖြစ်ပါတယ်နော်.။ သရုပ်ဆောင်ပိုင်းမှာ ပီပြင်ပိုင်နိုင်လွန်းတဲ့ မြင့်မြတ်က ဇာတ်ကားတစ်ကားချင်းစီတိုင်း ကိုလည်း ပရိတ်သတ်တွေရဲ့ ရင်ထဲထိရောက်အောင် သရုပ်ဆောင်နိုင်တဲ့အတွက် ဗိုလ်အောင်ဒင်ချစ်သော မိန်းမများကားမှာ စတင်ပြီး ဂျင်းကောင်ဆိုပြီး နာမည်တွင်နေတာပဲဖြစ်ပါတယ်…။

လတ်တလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေ နဲ့ပတ်သက်ပြီး အစပိုင်းမှာတော့ နွေဦးတော်လှန်ရေး တိုက်ပွဲကြီးမှာ ပြည်သူလူထု နဲ့အတူ တက်ကြွစွာ ပါဝင်ပြီး နောက်ပိုင်းမှာတော့ ငြိမ်ချက်သားကောင်းနေ တာပဲဖြစ်ပါတယ်နော်..။လွန်ခဲ့တဲ့ ရက်ပိုင်းက အွန်လိုင်းအသုံးပြုသူတွေကြား ရေပန်းစားခဲ့တဲ့ စစ်တပ်ကကျင်းပတဲ့ သင်္ကြန်ပွဲတော်မှာ အနုပညာရှင်တစ်ချို့ တက်ရောက်ခဲ့ပြီး အဲ့ဒီအထဲမှာ မြင့်မြတ်ကလည်းပါဝင်ခဲ့တာကြောင့် ပရိတ်သတ်တွေက စိတ်ဆိုးဒေါသထွက်ကြတာ ပဲဖြစ်ပါတယ်နော်..။ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုမယုံကြည်ကြတော့ပဲ ဒလန်လို့ထင်နေကြတဲ့ ပရိတ်သတ်တွေကို အခုလိုပဲရှင်းပြလာခဲ့တာပဲဖြစ်ပါတယ်.။

မြင့်မြတ်က”တစ်နိုင်ငံလုံးအရေး အခင်းဖြစ်နေချိန် ပြည်သူအားလုံး ဖိအားပေါင်းများစွာအောက်မှာ မြေစာပင်ဖြစ်နေကြတာပါ…. ကျွန်တော်လည်း ပြည်သူထဲက ပြည်သူတစ်ယောက်ပါ “မြေစာပင်” တစ်ပင်ပါပဲ… ကျွန်တော် လုံးဝ လုံးဝ “ဒလန်” မဟုတ်ပါဘူး…ယုံကြည်ပေးပါ 🙏🙏🙏” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ပရိတ်သတ်ကို ရှင်းပြလာခဲ့တာပဲဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင် ရှိပါတယ်နော်…။

crd

About the author

Ms Cele

Leave a Comment