Celebrity

ခက္ခက္ခဲခဲႀကိဳးစားခဲ့ရတဲ့ အိပ္မက္တစ္ခုကို စြန္႕လႊတ္လိုက္တဲ့ခ်စ္သူရဲ႕ ေနာက္ကြယ္ကအေၾကာင္းအရင္းေတြကို ေျပာျပလိုက္တဲ့ ရီရီပြင့္ျဖဴ

Written by Ms Cele

ခက္ခက္ခဲခဲႀကိဳးစားခဲ့ရတဲ့ အိပ္မက္တစ္ခုကို စြန္႕လႊတ္လိုက္တဲ့ခ်စ္သူရဲ႕ ေနာက္ကြယ္ကအေၾကာင္းအရင္းေတြကို ေျပာျပလိုက္တဲ့ ရီရီပြင့္ျဖဴ

ဇာတ္ကားေတြ အမ်ားအျပား ရိုက္ကူးကာ ပရိသတ္ေတြရဲ့ အသိအ မွတ္ျပဳ ခ်စ္ခင္အားေပးမႈေတြကို ရရွိထားတဲ့ ေမာင္တစ္ျဖစ္လွည့္ သ႐ုပ္ေဆာင္စိန္ၿဖိဳးလွိုင္ ကေတာ့ အခ်ိန္အေတာ္ၾကာ ႀကိဳးစားခဲ့ရတဲ့ သူ႔ရဲ့ အိပ္မက္ေတြကို လက္ရွိအေျခအေနေတြေၾကာင့္ လက္လႊတ္ခဲ့ပါတယ္..။Social Punishment လုပ္ခံရသလို Boycott လည္း လုပ္ခံရေပမယ့္ ျပည္သူေတြနဲ႔အတူ ရပ္တည္ေနတဲ့ စိန္ၿဖိဳးလွိုင္ရဲ့ ေနာက္ကြယ္က အျဖစ္အပ်က္ေတြကို ခ်စ္သူရီရီပြင့္ျဖဴက စိတ္မေကာင္းစြာ ေျပာျပလာပါတယ္..။

စိန္ၿဖိဳးလွိုင္ ကေတာ့ မာစတာဘြဲ႕ယူဖို႔ ခက္ခက္ခဲခဲႀကိဳးစား ခဲ့ေပမယ့္ လည္း လက္ရွိအေျခအေနေတြမွာ ေက်ာင္းဆက္ မတက္ေတာ့ဘဲ သူ႔ရဲ့အိပ္မက္ေတြကို လက္လႊတ္အဆုံးရႈံးခံလိုက္တာပဲ ျဖစ္ပါတယ္..။ရီရီပြင့္ျဖဴကေတာ့ ဘယ္လိုေဝဖန္မႈေတြပဲ ရွိရွိ သူ႔ရဲ့ ခံယူခ်က္နဲ႔ ယုံၾကည္မႈေတြ ျပတ္ျပတ္သားသားနဲ႔ ရဲရဲဝင့္ဝင့္ခ်ျပကာ ျပည္သူေတြနဲ႔ ရပ္တည္ေနတဲ့ ခ်စ္သူစိန္ၿဖိဳးလွိုင္အတြက္ ဂုဏ္ယူေလးစားရင္း စိတ္မေကာင္း ျဖစ္ေနတဲ့အေၾကာင္းေတြကို ေျပာျပလာတာ ျဖစ္ပါတယ္..။

“စိန္ၿဖိဳးက သူရဲ့ မဟာဘြဲ႕ယူဖို႔ အိမ္မက္ကို စြန႔္လႊတ္ လိုက္တယ္..​ေတာ္​ေတာ္ ​ေၾကကြဲရပါတယ္..😔😔😔 EMPA ဝင္ခြင့္က ဘယ္​ေလာက္ပါ ဖို႔ ခဲရင္းလဲ ​ေျဖဖူးသူေတြ သိပါတယ္.. ခု က်မ္း​ေတာင္ ​ေရးရခါနီး​ေနမွကိုးး 😑😑​ဒါ​ေပမယ့္လည္း လုပ္သင့္လုပ္ထိုက္တာ ကို​ေတာ့ လုပ္ရမွာပါပဲ…တခ်ိဳ႕ကလည္း ဒီလိုလူကို Social Punishment ဆိုၿပီးလုပ္တာလည္း ခံခဲ့ရသလို Boycott ဆိုၿပီးလည္း လုပ္ၾကပါ​ေသးတယ္…🙂 စိန္ၿဖိဳးက​ေတာ့​ေျပာပါတယ္ သူတို႔​ေၾကာင့္ ကိုယ့္ခံယူခ်က္က ​ေျပာင္းသြားစရာ အ​ေၾကာင္းမရွိပါဘူးတဲ့…😕” ဆိုၿပီး စိတ္မေကာင္းစြာ ေျပာျပထားတာပါ..။ခ်စ္သူရဲ့ ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ေတြကို ေလးစားသလို စိတ္မေကာင္းလည္း ျဖစ္ေနတဲ့ ရီရီပြင့္ျဖဴနဲ႔အတူ ပရိသတ္ေတြအားလုံးကလည္း စိန္ၿဖိဳးလွိုင္ကို အားေပးစကားေတြ ေျပာထားၾကတာ ေတြ႕ရပါတယ္..။

Source: Yi Yi Pwint Phyu’s Fb Acc
crd : MM Load

ခက်ခက်ခဲခဲကြိုးစားခဲ့ရတဲ့ အိပ်မက်တစ်ခုကို စွန့်လွှတ်လိုက်တဲ့ချစ်သူရဲ့ နောက်ကွယ်ကအကြောင်းအရင်းတွေကို ပြောပြလိုက်တဲ့ ရီရီပွင့်ဖြူ

ဇာတ်ကားတွေ အများအပြား ရိုက်ကူးကာ ပရိသတ်တွေရဲ့ အသိအ မှတ်ပြု ချစ်ခင်အားပေးမှုတွေကို ရရှိထားတဲ့ မောင်တစ်ဖြစ်လှည့် သရုပ်ဆောင်စိန်ဖြိုးလှိုင် ကတော့ အချိန်အတော်ကြာ ကြိုးစားခဲ့ရတဲ့ သူ့ရဲ့ အိပ်မက်တွေကို လက်ရှိအခြေအနေတွေကြောင့် လက်လွှတ်ခဲ့ပါတယ်..။Social Punishment လုပ်ခံရသလို Boycott လည်း လုပ်ခံရပေမယ့် ပြည်သူတွေနဲ့အတူ ရပ်တည်နေတဲ့ စိန်ဖြိုးလှိုင်ရဲ့ နောက်ကွယ်က အဖြစ်အပျက်တွေကို ချစ်သူရီရီပွင့်ဖြူက စိတ်မကောင်းစွာ ပြောပြလာပါတယ်..။

စိန်ဖြိုးလှိုင် ကတော့ မာစတာဘွဲ့ယူဖို့ ခက်ခက်ခဲခဲကြိုးစား ခဲ့ပေမယ့် လည်း လက်ရှိအခြေအနေတွေမှာ ကျောင်းဆက် မတက်တော့ဘဲ သူ့ရဲ့အိပ်မက်တွေကို လက်လွှတ်အဆုံးရှုံးခံလိုက်တာပဲ ဖြစ်ပါတယ်..။ရီရီပွင့်ဖြူကတော့ ဘယ်လိုဝေဖန်မှုတွေပဲ ရှိရှိ သူ့ရဲ့ ခံယူချက်နဲ့ ယုံကြည်မှုတွေ ပြတ်ပြတ်သားသားနဲ့ ရဲရဲဝင့်ဝင့်ချပြကာ ပြည်သူတွေနဲ့ ရပ်တည်နေတဲ့ ချစ်သူစိန်ဖြိုးလှိုင်အတွက် ဂုဏ်ယူလေးစားရင်း စိတ်မကောင်း ဖြစ်နေတဲ့အကြောင်းတွေကို ပြောပြလာတာ ဖြစ်ပါတယ်..။

“စိန်ဖြိုးက သူရဲ့ မဟာဘွဲ့ယူဖို့ အိမ်မက်ကို စွန့်လွှတ် လိုက်တယ်..​တော်​တော် ​ကြေကွဲရပါတယ်..😔😔😔 EMPA ဝင်ခွင့်က ဘယ်​လောက်ပါ ဖို့ ခဲရင်းလဲ ​ဖြေဖူးသူတွေ သိပါတယ်.. ခု ကျမ်း​တောင် ​ရေးရခါနီး​နေမှကိုးး 😑😑​ဒါ​ပေမယ့်လည်း လုပ်သင့်လုပ်ထိုက်တာ ကို​တော့ လုပ်ရမှာပါပဲ…တချို့ကလည်း ဒီလိုလူကို Social Punishment ဆိုပြီးလုပ်တာလည်း ခံခဲ့ရသလို Boycott ဆိုပြီးလည်း လုပ်ကြပါ​သေးတယ်…🙂 စိန်ဖြိုးက​တော့​ပြောပါတယ် သူတို့​ကြောင့် ကိုယ့်ခံယူချက်က ​ပြောင်းသွားစရာ အ​ကြောင်းမရှိပါဘူးတဲ့…😕” ဆိုပြီး စိတ်မကောင်းစွာ ပြောပြထားတာပါ..။ချစ်သူရဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို လေးစားသလို စိတ်မကောင်းလည်း ဖြစ်နေတဲ့ ရီရီပွင့်ဖြူနဲ့အတူ ပရိသတ်တွေအားလုံးကလည်း စိန်ဖြိုးလှိုင်ကို အားပေးစကားတွေ ပြောထားကြတာ တွေ့ရပါတယ်..။

Source: Yi Yi Pwint Phyu’s Fb Acc
crd : MM Load

About the author

Ms Cele

Leave a Comment