Celebrity

ခက္ခဲခ်ိဳ႕တဲ့ေနတဲ့ မိဘေတြရဲ႕ စြန္႕ပစ္မႈကိုခံခဲ့ရတဲ့ ကေလးေလးရဲ႕ လက္ရွိက်န္းမာေရးအေျခအေနကို ဖြင့္ဟေျပာျပလာတဲ့ ခိုင္ႏွင္းေ၀

Written by Ms Cele

ခက္ခဲခ်ိဳ႕တဲ့ေနတဲ့ မိဘေတြရဲ႕ စြန္႕ပစ္မႈကိုခံခဲ့ရတဲ့ ကေလးေလးရဲ႕ လက္ရွိက်န္းမာေရးအေျခအေနကို ဖြင့္ဟေျပာျပလာတဲ့ ခိုင္ႏွင္းေ၀

ပရိသတ္ေတြရဲ့ အားေပး ခ်စ္ခင္ျခင္းကို အခိုင္အမာ ရရွိထားတဲ့ ခိုင္ႏွင္းေဝ ကေတာ့ အႏုပညာ အလုပ္ေတြကို ရပ္နားထားၿပီး ပရဟိတ အလုပ္ေတြကိုပဲ အာ႐ုံစိုက္ကာ ႀကိဳးစား လုပ္ေဆာင္ေနသူ တစ္ေယာက္ျဖစ္ပါတယ္။ ဒီလိုခက္ခဲတဲ့ ကာလေတြ မွာေတာင္ ခိုကိုးရာမဲ့ ကေလးေလးေတြကို ေခၚယူေစာင့္ေရွာက္ေပးကာ သူတို႔ေလးေတြရဲ့ ကိစၥအ၀၀မွန္သမၽွကို ခိုင္ႏွင္းေဝက တာဝန္ယူၿပီး ျပဳစုပ်ိဳးေထာင္ေပးေနတာကိုလည္း ေလးစာစြာ ေတြ႕ျမင္ရပါတယ္။

မၾကာခင္ရက္ပိုင္း ကလည္း မိဘကခ်ိဳ႕တဲ့လို႔ လာေရာက္ စြန႔္ပစ္သြားခဲ့တဲ့ (၅) ရက္သား ကေလးငယ္ေလးကို ေခၚယူ ေစာက္ရွာက္ကာ ေမြးစားခဲ့ပါတယ္ ။ ကေလးငယ္ေလးက အရမ္းလည္း ငယ္ေသးသလို အသားလည္း ဝါေနေၾကာင့္ နို႔စို႔ရန္ခက္ခဲေနၿပီး က်န္းမာေရး ေစာင့္ေရွာက္ေပးမႈေတြ ျပဳလုပ္ေနတယ္လို႔ သူရဲ့ ေဖ့ဘြတ္စာမ်က္ႏွာထက္မွာေဖာ္ျပခဲ့ပါတယ္။

ဒီေန႔မွာေတာ့ ကေလးေလး ရဲ့ က်န္းမာေရး အေျခအေနဟာ ေကာင္းမြန္ၿပီး ေဆး႐ုံ တက္ေရာက္ စရာလည္း မလိုပဲ စိတ္ခ်ရတဲ့ အေျခအေနျဖစ္တာေၾကာင့္ ဝမ္းသာပီတိ ျဖစ္ေနေၾကာင္းကို ခုလိုေရးသားေဖာ္ျပလာပါတယ္ ။ ” သားေလးက ကံေကာင္းပါတယ္ရွင္..ေဆး႐ုံ တင္စရာ မလိုပဲ စိတ္ခ်ရတဲ့ အေျခအေန ေလးပါ..က်မရဲ့ ကေလးေတြကို ေမတၱာျဖင့္ စမ္းသပ္ခ မယူပဲ အျမဲ ေစာင့္ေရွာက္ၾကည့္ရႈ႔ေပးပါေသာ ကေလး အထူးကု ပါရဂူ ေဒါက္တာ ေဒၚခင္ခင္ထား ဆရာဝန္မႀကီးကိုလဲ ေက်းဇူး အမ်ားႀကီး တင္ပါတယ္..ကေလးေတြကို လိုအပ္ေသာ ေဆးဘိုးဝါးခ မ်ား ၊ အဟာရ မ်ား လႉဒါန္းေပးပါေသာ ခုႏွစ္ရက္ သားသမီး အလႉရွင္မ်ား အားလုံး ကိုလဲ ေက်းဇူး အမ်ားႀကီး တင္ပါတယ္..ကေလးေတြကို ခ်စ္ေပးၾကတဲ့ သူမ်ား အားလုံးကိုလဲ ေက်းဇူး အမ်ားႀကီး တင္ပါတယ္ရွင္..” ေရးသားထားရာ ပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – Khine Hnin Wai

ခက်ခဲချို့တဲ့နေတဲ့ မိဘတွေရဲ့ စွန့်ပစ်မှုကိုခံခဲ့ရတဲ့ ကလေးလေးရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ဖွင့်ဟပြောပြလာတဲ့ ခိုင်နှင်းဝေ

ပရိသတ်တွေရဲ့ အားပေး ချစ်ခင်ခြင်းကို အခိုင်အမာ ရရှိထားတဲ့ ခိုင်နှင်းဝေ ကတော့ အနုပညာ အလုပ်တွေကို ရပ်နားထားပြီး ပရဟိတ အလုပ်တွေကိုပဲ အာရုံစိုက်ကာ ကြိုးစား လုပ်ဆောင်နေသူ တစ်ယောက်ဖြစ်ပါတယ်။ ဒီလိုခက်ခဲတဲ့ ကာလတွေ မှာတောင် ခိုကိုးရာမဲ့ ကလေးလေးတွေကို ခေါ်ယူစောင့်ရှောက်ပေးကာ သူတို့လေးတွေရဲ့ ကိစ္စအဝဝမှန်သမျှကို ခိုင်နှင်းဝေက တာဝန်ယူပြီး ပြုစုပျိုးထောင်ပေးနေတာကိုလည်း လေးစာစွာ တွေ့မြင်ရပါတယ်။

မကြာခင်ရက်ပိုင်း ကလည်း မိဘကချို့တဲ့လို့ လာရောက် စွန့်ပစ်သွားခဲ့တဲ့ (၅) ရက်သား ကလေးငယ်လေးကို ခေါ်ယူ စောက်ရှာက်ကာ မွေးစားခဲ့ပါတယ် ။ ကလေးငယ်လေးက အရမ်းလည်း ငယ်သေးသလို အသားလည်း ဝါနေကြောင့် နို့စို့ရန်ခက်ခဲနေပြီး ကျန်းမာရေး စောင့်ရှောက်ပေးမှုတွေ ပြုလုပ်နေတယ်လို့ သူရဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာဖော်ပြခဲ့ပါတယ်။

ဒီနေ့မှာတော့ ကလေးလေး ရဲ့ ကျန်းမာရေး အခြေအနေဟာ ကောင်းမွန်ပြီး ဆေးရုံ တက်ရောက် စရာလည်း မလိုပဲ စိတ်ချရတဲ့ အခြေအနေဖြစ်တာကြောင့် ဝမ်းသာပီတိ ဖြစ်နေကြောင်းကို ခုလိုရေးသားဖော်ပြလာပါတယ် ။ ” သားလေးက ကံကောင်းပါတယ်ရှင်..ဆေးရုံ တင်စရာ မလိုပဲ စိတ်ချရတဲ့ အခြေအနေ လေးပါ..ကျမရဲ့ ကလေးတွေကို မေတ္တာဖြင့် စမ်းသပ်ခ မယူပဲ အမြဲ စောင့်ရှောက်ကြည့်ရှု့ပေးပါသော ကလေး အထူးကု ပါရဂူ ဒေါက်တာ ဒေါ်ခင်ခင်ထား ဆရာဝန်မကြီးကိုလဲ ကျေးဇူး အများကြီး တင်ပါတယ်..ကလေးတွေကို လိုအပ်သော ဆေးဘိုးဝါးခ များ ၊ အဟာရ များ လှူဒါန်းပေးပါသော ခုနှစ်ရက် သားသမီး အလှူရှင်များ အားလုံး ကိုလဲ ကျေးဇူး အများကြီး တင်ပါတယ်..ကလေးတွေကို ချစ်ပေးကြတဲ့ သူများ အားလုံးကိုလဲ ကျေးဇူး အများကြီး တင်ပါတယ်ရှင်..” ရေးသားထားရာ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Khine Hnin Wai

About the author

Ms Cele

Leave a Comment