Celebrity

ခင္ပြန္းေဟာင္းနဲ႕ အိမ္ေထာင္ကြဲဖို႔အတြက္ အလြယ္တကူ ဆုံးျဖတ္ခဲ့ၾကတဲ့အေပၚ ေနာင္တရခဲ့ေၾကာင္း ရင္ဖြင့္လာတဲ့ ခင္စိုးပိုင္

Written by Ms Cele

ခင္ပြန္းေဟာင္းနဲ႕ အိမ္ေထာင္ကြဲဖို႔အတြက္ အလြယ္တကူ ဆုံးျဖတ္ခဲ့ၾကတဲ့အေပၚ ေနာင္တရခဲ့ေၾကာင္း ရင္ဖြင့္လာတဲ့ ခင္စိုးပိုင္

ပရိသတ္ႀကီးတို႔ေရ အကယ္ဒမီ ခင္စိုးပိုင္ဟာဆိုရင္ ဟိုအရင္တစ္ခ်ိန္ျမန္မာ႐ုပ္ရွင္ေရႊေခတ္လို႔ ေခၚေဝၚရေလာက္တဲ့ အခ်ိန္တည္းက႐ုပ္ရွင္ကားႀကီးေတြမွာဝါဝင္ သ႐ုပ္ေဆာင္ခဲ့ရတဲ့ ဝါရင့္အႏုပညာရွင္ႀကီးတစ္ဦးပဲျဖစ္ပါတယ္။သူမဟာ ေနာက္ပိုင္းမွာ ဗီဒီယိုဇာတ္ကားမ်ားလည္း ပါဝင္ရိုက္ကူးခဲ့သလိပရိသတ္ရဲ့တခဲနက္အားေပးမႈကိုလည္း အဆိုပါဗီဒီယိုကားမ်ားမွတစ္ဆင့္ ရယူနိုင္ခဲ့ပါေသးတယ္။

ေနာက္ပိုင္း မွာေတာ့ ခင္စိုးပိုင္တစ္ေယာက္ ကားအက္စီးဒင့္ျဖစ္ၿပီးမ်က္လုံးမွာ ထိခိုက္ဒဏ္ရာရရွိခဲ့တာေၾကာင့္ အႏုပညာေလာကကေန ေခတၱခဏမၽွ အနားယူခဲ့ရပါတယ္။ ဒီအင္တာဗ်ဴးေလးမွာေတာ့ ခင္စိုးပိုင္ဟာ သူမအေနနဲ႔အိမ္ေထာင္ကြဲ ခဲ့တာကို ေနာင္တရမိတယ္ဆိုတဲ့အေၾကာင္း ရင္ဖြင့္ေျပာျပခဲ့တာ ပဲျဖစ္ပါတယ္။သူမတို႔ဇနီးေမာင္ႏွံအေနနဲ႔ အိမ္ေထာင္ကြဲဖို႔အတြက္ အလြယ္တကူ ဆုံးျဖတ္ခဲ့ၾကတဲ့အေပၚ ခင္စိုးပိုင္က“ဒီလိုဆုံးျဖတ္ျဖစ္တာ ကေတာ့ ကံကုန္လို႔ ကြဲခဲ့ရတယ္လို႔ပဲ ေျပာရမွာေပါ့ေနာ္။အန္တီပိုင္ကေတာ့ ကံကိုယုံၾကည္တယ္။ကံမကုန္လို႔ကေတာ့ သူဘယ္ေလာက္ပဲဆိုးဆိုး၊ ကိုယ္ဘယ္ေလာက္ပဲဆိုးဆိုး ဒီအိမ္ထာင္ေရးက ျမဲေနဦးမွာပဲ။ကံကုန္ၿပီဆိုရင္ေတာ့ သူဘက္ကဘယ္ေလာက္ပဲ ေကာင္းေန၊ ေကာင္းေန ကိုယ္ကသူ႔ကိုအေကာင္းမျမင္ဘူး။

ကိုယ့္ဘက္က ဘယ္ေလာက္ပဲ ေကာင္းေနေကာင္းေန၊ သူကလည္းကိုယ့္ကို အေကာင္းျမင္မေပးနိုင္ဘူး။အဲ့ဒီလိုညႇိမရတဲ့အတြက္ေနာက္ဆုံးက်ေတာ့ လမ္းခြဲလိုက္ၾကရတယ္။အဲ့ေတာ့ အန္တီပိုင္အေနနဲ႔ ကံကိုပဲပုံအပ္ရမွာေပါ့။အန္တီပိုင္ကေတာ့ ဘာပဲျဖစ္ျဖစ္ အိမ္ေထာင္ကြဲခဲ့တာ ႏွစ္၂၀ေလာက္ရွိၿပီ။ကေလးေတြ ငယ္ငယ္တည္းကေပါ့။ ဒါေပမယ့္ အန္တီပိုင္ရဲ့ခင္ပြန္းေဟာင္းက အန္တီ့အေပၚမွာတကယ့္ကို လင္ဝတ္တရားနဲ႔အညီ ေနခဲ့ပါတယ္။ တကယ္လည္း ေတာ္ပါတယ္။လင္မယားခ်င္းကြဲေနတယ္ဆိုေပမယ့္ သားေတြအေပၚမွာေတာ့သူက အေဖဝတၱရားေတြ အကုန္ေႂကြႁပြန္ပါတယ္။

အဲ့ဒီအတြက္ေတာ့ အန္တီပိုင္က သူ႔ကိုအရမ္းေက်းဇူးတင္တယ္။အန္တီပိုင္အေနနဲ႔ အခုလို အသက္အရြယ္အိုမင္းလာၿပီး စီးပြားေရးေတြအဆင္မေျပခ်ိန္မွာသူ႔ဘက္ကေနၿပီးေတာ့ သားေတြကို ျပည့္စုံေအာင္ေထာက္ပံ့ေပးတယ္။အန္တီပိုင္အတြက္ေတာ့ ခင္ပြန္းေဟာင္းက ညီအစ္ကိုေမာင္ႏွမလိုပါပဲ။” လို႔ ေျဖရွင္းေျပာျပခဲ့ပါတယ္။အိမ္ေထာင္ကြဲခဲ့ခ်ိန္ဟာ အသက္အရြယ္အရ ငယ္ရြယ္ေသးတဲ့ အသက္(၃၀)အရြယ္ျဖစ္တဲ့အတြက္ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈအလုံအေလာက္မေပးနိုင္ခဲ့တာျဖစ္မယ္လို႔ အန္တီပိုင္က ယူဆပါတယ္။အဲ့တာေၾကာင့္ အခုေနာက္ပိုင္းမွာဆိုရင္လည္း ကိုယ့္အႏုပညာသမားအခ်င္းခ်င္းပဲျဖစ္ေစ၊ ပရိသတ္ကိုျဖစ္ေစအိမ္ေထာင္ေရးနဲ႔ပတ္သတ္လာရင္ တစ္ေယာက္ကိုတစ္ေယာက္ နားလည္ေပးဖို႔ အန္တီပိုင္ကအျမဲေတာင္းဆိုေပးေလ့ရွိတယ္လို႔သိရပါတယ္။

အန္တီပိုင္အေနနဲ႔ ခင္ပြန္းေဟာင္းျဖစ္သူကို သား၊သမီးေတြကိုအမ်ားႀကီးၾကည့္ေပးတဲ့ အတြက္ ေက်းဇူးတင္ေနၿပီးတခ်ိန္ကျဖစ္ပ်က္ခဲ့တာေတြ အားလုံးအတြက္ ေနာင္တရေနမိတယ္လို႔ အန္တီပိုင္ကဆိုပါတယ္။ဒါေၾကာင့္မိုလို႔လည္း အခုခ်ိန္မွာမ်ား ခင္ပြန္းေဟာင္းက နာမက်န္းျဖစ္လာခဲ့မယ္ဆိုရင္ေတာင္သူမကိုယ္တိုင္ သြားေရာက္ျပဳစုေပးဖို႔ ဝန္ေလးမွာမဟုတ္ဘူးလို႔ အန္တီပိုင္က ရင္ဖြင့္ေျပာျပခဲ့ပါတယ္။ပရိသတ္ႀကီးတို႔ေရ ဒီအင္တာဗ်ဴးေလးမွာေတာ့ အကယ္ဒမီခင္စိုးပိုင္က ခင္ပြန္းျဖစ္သူနဲ႔ အိမ္ေထာင္ကြဲခဲ့ရတဲ့အေၾကာင္းရင္းေလးေတြကို ျပန္လည္ေဝမၽွခဲ့ၿပီး တစ္ေယာက္တည္းေနရတဲ့အခ်ိန္ အထီးက်န္ဆန္မႈကို ခံစားမိတဲ့အခ်ိန္က်မွ အိမ္ေထာင္ကြဲခဲ့ရတာကို ေနာင္တရမိတယ္ဆိုတဲ့အေၾကာင္း ရင္ဖြင့္ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္။အန္တီပိုင္ရဲ့ေျဖၾကားခ်က္ေတြနဲ႔ပတ္သတ္လို႔ ပရိသတ္တို႔ရဲ့ထင္ျမင္ယူဆခ်က္ေလးေတြကိုလည္း ေဝမၽွေပးခဲ့ပါဦးေနာ္။

Credit:Han Nyein Oo

ခင်ပွန်းဟောင်းနဲ့ အိမ်ထောင်ကွဲဖို့အတွက် အလွယ်တကူ ဆုံးဖြတ်ခဲ့ကြတဲ့အပေါ် နောင်တရခဲ့ကြောင်း ရင်ဖွင့်လာတဲ့ ခင်စိုးပိုင်

ပရိသတ်ကြီးတို့ရေ အကယ်ဒမီ ခင်စိုးပိုင်ဟာဆိုရင် ဟိုအရင်တစ်ချိန်မြန်မာရုပ်ရှင်ရွှေခေတ်လို့ ခေါ်ဝေါ်ရလောက်တဲ့ အချိန်တည်းကရုပ်ရှင်ကားကြီးတွေမှာဝါဝင် သရုပ်ဆောင်ခဲ့ရတဲ့ ဝါရင့်အနုပညာရှင်ကြီးတစ်ဦးပဲဖြစ်ပါတယ်။သူမဟာ နောက်ပိုင်းမှာ ဗီဒီယိုဇာတ်ကားများလည်း ပါဝင်ရိုက်ကူးခဲ့သလိပရိသတ်ရဲ့တခဲနက်အားပေးမှုကိုလည်း အဆိုပါဗီဒီယိုကားများမှတစ်ဆင့် ရယူနိုင်ခဲ့ပါသေးတယ်။

နောက်ပိုင်း မှာတော့ ခင်စိုးပိုင်တစ်ယောက် ကားအက်စီးဒင့်ဖြစ်ပြီးမျက်လုံးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် အနုပညာလောကကနေ ခေတ္တခဏမျှ အနားယူခဲ့ရပါတယ်။ ဒီအင်တာဗျူးလေးမှာတော့ ခင်စိုးပိုင်ဟာ သူမအနေနဲ့အိမ်ထောင်ကွဲ ခဲ့တာကို နောင်တရမိတယ်ဆိုတဲ့အကြောင်း ရင်ဖွင့်ပြောပြခဲ့တာ ပဲဖြစ်ပါတယ်။သူမတို့ဇနီးမောင်နှံအနေနဲ့ အိမ်ထောင်ကွဲဖို့အတွက် အလွယ်တကူ ဆုံးဖြတ်ခဲ့ကြတဲ့အပေါ် ခင်စိုးပိုင်က“ဒီလိုဆုံးဖြတ်ဖြစ်တာ ကတော့ ကံကုန်လို့ ကွဲခဲ့ရတယ်လို့ပဲ ပြောရမှာပေါ့နော်။အန်တီပိုင်ကတော့ ကံကိုယုံကြည်တယ်။ကံမကုန်လို့ကတော့ သူဘယ်လောက်ပဲဆိုးဆိုး၊ ကိုယ်ဘယ်လောက်ပဲဆိုးဆိုး ဒီအိမ်ထာင်ရေးက မြဲနေဦးမှာပဲ။ကံကုန်ပြီဆိုရင်တော့ သူဘက်ကဘယ်လောက်ပဲ ကောင်းနေ၊ ကောင်းနေ ကိုယ်ကသူ့ကိုအကောင်းမမြင်ဘူး။

ကိုယ့်ဘက်က ဘယ်လောက်ပဲ ကောင်းနေကောင်းနေ၊ သူကလည်းကိုယ့်ကို အကောင်းမြင်မပေးနိုင်ဘူး။အဲ့ဒီလိုညှိမရတဲ့အတွက်နောက်ဆုံးကျတော့ လမ်းခွဲလိုက်ကြရတယ်။အဲ့တော့ အန်တီပိုင်အနေနဲ့ ကံကိုပဲပုံအပ်ရမှာပေါ့။အန်တီပိုင်ကတော့ ဘာပဲဖြစ်ဖြစ် အိမ်ထောင်ကွဲခဲ့တာ နှစ်၂ဝလောက်ရှိပြီ။ကလေးတွေ ငယ်ငယ်တည်းကပေါ့။ ဒါပေမယ့် အန်တီပိုင်ရဲ့ခင်ပွန်းဟောင်းက အန်တီ့အပေါ်မှာတကယ့်ကို လင်ဝတ်တရားနဲ့အညီ နေခဲ့ပါတယ်။ တကယ်လည်း တော်ပါတယ်။လင်မယားချင်းကွဲနေတယ်ဆိုပေမယ့် သားတွေအပေါ်မှာတော့သူက အဖေဝတ္တရားတွေ အကုန်ကြွေပြွန်ပါတယ်။

အဲ့ဒီအတွက်တော့ အန်တီပိုင်က သူ့ကိုအရမ်းကျေးဇူးတင်တယ်။အန်တီပိုင်အနေနဲ့ အခုလို အသက်အရွယ်အိုမင်းလာပြီး စီးပွားရေးတွေအဆင်မပြေချိန်မှာသူ့ဘက်ကနေပြီးတော့ သားတွေကို ပြည့်စုံအောင်ထောက်ပံ့ပေးတယ်။အန်တီပိုင်အတွက်တော့ ခင်ပွန်းဟောင်းက ညီအစ်ကိုမောင်နှမလိုပါပဲ။” လို့ ဖြေရှင်းပြောပြခဲ့ပါတယ်။အိမ်ထောင်ကွဲခဲ့ချိန်ဟာ အသက်အရွယ်အရ ငယ်ရွယ်သေးတဲ့ အသက်(၃၀)အရွယ်ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအလုံအလောက်မပေးနိုင်ခဲ့တာဖြစ်မယ်လို့ အန်တီပိုင်က ယူဆပါတယ်။အဲ့တာကြောင့် အခုနောက်ပိုင်းမှာဆိုရင်လည်း ကိုယ့်အနုပညာသမားအချင်းချင်းပဲဖြစ်စေ၊ ပရိသတ်ကိုဖြစ်စေအိမ်ထောင်ရေးနဲ့ပတ်သတ်လာရင် တစ်ယောက်ကိုတစ်ယောက် နားလည်ပေးဖို့ အန်တီပိုင်ကအမြဲတောင်းဆိုပေးလေ့ရှိတယ်လို့သိရပါတယ်။

အန်တီပိုင်အနေနဲ့ ခင်ပွန်းဟောင်းဖြစ်သူကို သား၊သမီးတွေကိုအများကြီးကြည့်ပေးတဲ့ အတွက် ကျေးဇူးတင်နေပြီးတချိန်ကဖြစ်ပျက်ခဲ့တာတွေ အားလုံးအတွက် နောင်တရနေမိတယ်လို့ အန်တီပိုင်ကဆိုပါတယ်။ဒါကြောင့်မိုလို့လည်း အခုချိန်မှာများ ခင်ပွန်းဟောင်းက နာမကျန်းဖြစ်လာခဲ့မယ်ဆိုရင်တောင်သူမကိုယ်တိုင် သွားရောက်ပြုစုပေးဖို့ ဝန်လေးမှာမဟုတ်ဘူးလို့ အန်တီပိုင်က ရင်ဖွင့်ပြောပြခဲ့ပါတယ်။ပရိသတ်ကြီးတို့ရေ ဒီအင်တာဗျူးလေးမှာတော့ အကယ်ဒမီခင်စိုးပိုင်က ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်ကွဲခဲ့ရတဲ့အကြောင်းရင်းလေးတွေကို ပြန်လည်ဝေမျှခဲ့ပြီး တစ်ယောက်တည်းနေရတဲ့အချိန် အထီးကျန်ဆန်မှုကို ခံစားမိတဲ့အချိန်ကျမှ အိမ်ထောင်ကွဲခဲ့ရတာကို နောင်တရမိတယ်ဆိုတဲ့အကြောင်း ရင်ဖွင့်ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။အန်တီပိုင်ရဲ့ဖြေကြားချက်တွေနဲ့ပတ်သတ်လို့ ပရိသတ်တို့ရဲ့ထင်မြင်ယူဆချက်လေးတွေကိုလည်း ဝေမျှပေးခဲ့ပါဦးနော်။

Credit:Han Nyein Oo

About the author

Ms Cele

Leave a Comment