Celebrity

ခင္ပြန္းျဖစ္သူကြယ္လြန္သြားေပမယ့္ တစ္ေန႕မွေမ့လို႕မရဘဲ အိပ္မရတဲ့ရက္ေတြရွိေနၿပီး ေၾကကြဲေနေၾကာင္း ရင္ဖြင့္လာတဲ့ ေရႊရည္သိန္းတန္

Written by Ms Cele

ခင္ပြန္းျဖစ္သူကြယ္လြန္သြားေပမယ့္ တစ္ေန႕မွေမ့လို႕မရဘဲ အိပ္မရတဲ့ရက္ေတြရွိေနၿပီး ေၾကကြဲေနေၾကာင္း ရင္ဖြင့္လာတဲ့ ေရႊရည္သိန္းတန္

ကိုဗစ္ေရာဂါ ကူးစက္ျပန႔္ပြားမႈေတြေၾကာင့္ ေန႔စဥ္ လူရာနဲ႔ခ်ီ ေသဆုံးေနၾက ရတာကို ဝမ္းနည္းစြာျဖင့္ ျမင္ေတြ႕ေနရပါတယ္။ အႏုပညာရွင္ေလာက မွာလည္း တန္ဖိုးရွိလွတဲ့ ၾကယ္ပြင့္ေတြ တျဖည္းျဖည္း ဆုံးရႈံးေနၾကရၿပီ ျဖစ္ပါတယ္။ ဒီရက္ပိုင္း မွာလည္း စိတ္မေကာင္ းစရာသတင္းေတြကို မၾကာခဏ ျမင္ေတြ႕ေနရတာ စိတ္မခ်မ္းသာစရာပါပဲ။

မၾကာေသးခင္ ရက္ပိုင္းေလာက္ ကလည္း အဆိုေတာ္ ေရႊရည္သိန္းတန္ရဲ့ ခင္ပြန္းဟာ ကိုဗစ္ေရာဂါျဖင့္ ကြယ္လြန္ အနိစၥေရာက္ခဲ့ရတာ ျဖစ္ပါတယ္။ ဘယ္လိုမွ မထင္မွတ္ထားတဲ့ အေျခအေနကို ၾကဳံေတြ႕ခဲ့ရတဲ့အတြက္ေရႊရည္သိန္းတန္တစ္ေယာက္ ယူၾကဳံးမရ ဝမ္းနည္းေၾကကြဲေနရတာ ျဖစ္ပါတယ္။ ခင္ပြန္းျဖစ္သူ ခြဲခြာသြားတာ ရက္ပိုင္းပဲရွိေသးေပမယ့္ တစ္ေန႔မွ ေမ့မရဘဲ အျမဲလြမ္းဆြတ္သတိရေနေၾကာင္းကိုလည္း မၾကာေသးခင္ နာရီပိုင္းေလာက္က သူမရဲ့ လူမႈကြန္ယက္တြင္ အခုလို ရင္ဖြင့္ ေရးသား လာခဲ့တာ ျဖစ္ပါတယ္။

” အိပ္စရာလက္ေမာင္းေလးမရွိေတာ့လို ႔မအိပ္ဘဲ မိုးလင္းရတာ၂ညရွိၿပီ..ကယ္ပါဦးေမာင္ရယ္ ” ဆိုၿပီး ခင္ပြန္းနဲ႔အတူ ရိုက္ကူး ထားတဲ့ ပုံအေဟာင္းေလးနဲ႔ အတူ ေရးသားေဝမၽွထားတာ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ေရႊရည္သိန္းတန္ရဲ့ အႀကီးမားဆုံး ဆုံးရႈံးမႈအတြက္ ဝမ္းနည္းစိတ္မေကာင္း ျဖစ္ေနၾကရတာ ျဖစ္ပါတယ္။ အၿပီးတိုင္ႏႈတ္ဆက္ထြက္ခြာ သြားသူထက္ က်န္ရစ္ခဲ့သူက ပိုၿပီး ခံစားေနရမွာ အေသခ်ာပါပဲ။ ဒီလိုဝမ္းနည္းစရာေကာင္းတဲ့ အျဖစ္ဆိုးေတြ ဘယ္သူမွ မၾကဳံေတြ႕ ၾကပါေစနဲ႔လို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ ဆက္ေပးလိုက္ ရပါတယ္။

Source and Photo Crd-Shwe Yee Thein Than’s Facebook Account
crd; mm load

ခင်ပွန်းဖြစ်သူကွယ်လွန်သွားပေမယ့် တစ်နေ့မှမေ့လို့မရဘဲ အိပ်မရတဲ့ရက်တွေရှိနေပြီး ကြေကွဲနေကြောင်း ရင်ဖွင့်လာတဲ့ ရွှေရည်သိန်းတန်

ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုတွေကြောင့် နေ့စဉ် လူရာနဲ့ချီ သေဆုံးနေကြ ရတာကို ဝမ်းနည်းစွာဖြင့် မြင်တွေ့နေရပါတယ်။ အနုပညာရှင်လောက မှာလည်း တန်ဖိုးရှိလှတဲ့ ကြယ်ပွင့်တွေ တဖြည်းဖြည်း ဆုံးရှုံးနေကြရပြီ ဖြစ်ပါတယ်။ ဒီရက်ပိုင်း မှာလည်း စိတ်မကောင် းစရာသတင်းတွေကို မကြာခဏ မြင်တွေ့နေရတာ စိတ်မချမ်းသာစရာပါပဲ။

မကြာသေးခင် ရက်ပိုင်းလောက် ကလည်း အဆိုတော် ရွှေရည်သိန်းတန်ရဲ့ ခင်ပွန်းဟာ ကိုဗစ်ရောဂါဖြင့် ကွယ်လွန် အနိစ္စရောက်ခဲ့ရတာ ဖြစ်ပါတယ်။ ဘယ်လိုမှ မထင်မှတ်ထားတဲ့ အခြေအနေကို ကြုံတွေ့ခဲ့ရတဲ့အတွက်ရွှေရည်သိန်းတန်တစ်ယောက် ယူကြုံးမရ ဝမ်းနည်းကြေကွဲနေရတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ခွဲခွာသွားတာ ရက်ပိုင်းပဲရှိသေးပေမယ့် တစ်နေ့မှ မေ့မရဘဲ အမြဲလွမ်းဆွတ်သတိရနေကြောင်းကိုလည်း မကြာသေးခင် နာရီပိုင်းလောက်က သူမရဲ့ လူမှုကွန်ယက်တွင် အခုလို ရင်ဖွင့် ရေးသား လာခဲ့တာ ဖြစ်ပါတယ်။

” အိပ်စရာလက်မောင်းလေးမရှိတော့လို ့မအိပ်ဘဲ မိုးလင်းရတာ၂ညရှိပြီ..ကယ်ပါဦးမောင်ရယ် ” ဆိုပြီး ခင်ပွန်းနဲ့အတူ ရိုက်ကူး ထားတဲ့ ပုံအဟောင်းလေးနဲ့ အတူ ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ရွှေရည်သိန်းတန်ရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုအတွက် ဝမ်းနည်းစိတ်မကောင်း ဖြစ်နေကြရတာ ဖြစ်ပါတယ်။ အပြီးတိုင်နှုတ်ဆက်ထွက်ခွာ သွားသူထက် ကျန်ရစ်ခဲ့သူက ပိုပြီး ခံစားနေရမှာ အသေချာပါပဲ။ ဒီလိုဝမ်းနည်းစရာကောင်းတဲ့ အဖြစ်ဆိုးတွေ ဘယ်သူမှ မကြုံတွေ့ ကြပါစေနဲ့လို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင် ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Shwe Yee Thein Than’s Facebook Account
crd; mm load

About the author

Ms Cele

Leave a Comment